Connect with us

Hi, what are you looking for?

ဆောင်းပါး

တရုတ်မင်းသားဘယ်လို လူကုန်ကူးခံရတာလဲ

တရုတ်မင်းသား ဝမ်ကျင် ​ခေါ် ကျင်ကျင်တစ်​ယောက် တစ်ရက်ကို သရုပ်​ဆောင်ခ ဘတ် ၁၂,၀၀၀ ​ပေးပြီး အလုပ်အပ်မယ်ဆိုတဲ့ We Chat ​ပေါ်က စည်းရုံးမှုကို အမှန်ထင်ခဲ့တာက ပြသာနာအစဖြစ်ပါတယ် ။

တရုတ်မင်းသား ဝမ်ကျင် ​ခေါ် ကျင်ကျင်တစ်​ယောက် တစ်ရက်ကို သရုပ်​ဆောင်ခ ဘတ် ၁၂,၀၀၀ ​ပေးပြီး အလုပ်အပ်မယ်ဆိုတဲ့ We Chat ​ပေါ်က စည်းရုံးမှုကို အမှန်ထင်ခဲ့တာက ပြသာနာအစဖြစ်ပါတယ် ။

တရုတ်နိုင်ငံမှာ လူသုံးအများဆုံး လူမှု ကွန်ယက်တခုဖြစ်တဲ့ WeChat က​နေ ဒီဇင်ဘာ ၂၄ ရက်​နေ့မှာ လူတ​ယောက်နဲ့ဝမ်း စကားစ​ပြောဖြစ်ပါတယ် ။ ထိုင်းနိုင်ငံက GMM Grammy ​ဖျော်​ဖြေ​ရေးကုမ္ပဏီက ဝန်ထမ်းတစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ လူလိမ်က သရုပ်​​ဆောင်ဖို့အလုပ်ကမ်းလှမ်းမှု အ​ပေါ် ဝမ်တ​ယောက်ယုံကြည်သွားပါတယ် ။ ထိုင်းနိုင်ငံမှာ ဒီအမည်နဲ့ ရုပ်ရှင်ထုတ်လုပ်​ရေးအပါအဝင် ​ဖျော်​ရေးလုပ်ငန်းအစုံလုပ်တဲ့ ကုမ္ပဏီက တကယ်ရှိတာပါ ။

တရုတ်မင်းသား ကို အွန်လိုင်း​ပေါ်က လူကုန်ကူးသူ​တွေက ​ခေါ်​ဆောင်သွားတယ်ဆိုတာကို သတင်း​တွေကျယ်ကျယ်ပြန့်ပြန့်​ဖော်ပြတဲ့ အခါမှာထိုင်းရုပ်ရှင်ထုတ်လုပ်​ရေး GMM Grammy ကလည်း ဒီဖြစ်စဥ်မှာ သူတို့ပါဝင်ပတ်သက်ခဲ့တာမရှိဘူးလို့ ​ကြေညာပါတယ် ။ ထိုင်းရဲတပ်ဖွဲ့က လည်း အခုလိမ်လည်မှု တစ်ခုလုံးမှာ တရုတ်နိုင်ငံသားချင်းလိမ်လည် လှည့်ဖျားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသား​တွေ ပါဝင် ပက်သက်တာမရှိဘူးလို့ဆိုထားပါတယ် ။

အသက် ၃၁ နှစ်အရွယ် ဝမ်ကျင်ဟာ သရုပ်​ဆောင်ကမ်းလှမ်းတာကို ယုံကြည်သွားတဲ့အတွက် ဇန်နဝါရီ ၃ က်​နေ့မှာထိုင်းနိုင်ငံ ဘန်​ကောက်မြို့ကို​လေ​ကြောင်းက​နေသွားခဲ့ပါတယ် ။ ဘန်​ကောက်မြို့ ၊ သုဝဏ္ဏဘူမိလေဆိပ်ကို ​ရောက်တဲ့အခါ အလုပ်ကိစ္စအတွက်ဆိုပြီး မဲ​ဆောက်မြို့ကို ​ဆက်လက်ခေါ်​ဆောင်ခံရပါတယ် ။မဲဆောက် မှာ ထိုင်းလူမျိုးယာဉ်မောင်းတစ်​ယောက်ကလာ​ခေါ်ပြီး မြန်မာနယ်စပ်ဘက်ခြမ်းကိုပို့​ပေးခဲ့တာလို့ သိရပါတယ် ။ ဖြစ်စဥ် အမှန်​ပေါ်​ပေါက်ချိန်မှာ ထိုင်းယာဥ်​မောင်းက​ အမှုမှာသူဟာပါဝင်ပတ်သက်မှုမရှိခဲ့ပဲ၊သူကလည်း အက်ပလီကေးရှင်းမှ ငှားရမ်းထားတဲ့ ယာဉ်မောင်းတစ်ဦးသာဖြစ်တယ်လို့ဖွင့်ပါတယ် ။

Public Service Announcement

Public Service Announcement

ဝမ်ကျင် ကိုသွားကြိုခိုင်းတဲ့ လိမ်လည်သူ နဲ့ ယာဥ်​မောင်း​ပြောထားတဲ့စာ​တွေ ၊သွားကြိုရမယ့်သူရဲ့ ဓါတ်ပုံကို ပို့​ပေးတာ​တွေ​ကြောင့် ထိုင်းရဲတပ်ဖွဲ့ကခြေရာခံတဲ့အခါ လွယ်ကူခဲပါတယ်။ လိမ်လည်သူရဲ့တည်နေရာဟာ မြန်မာနိုင်ငံ မြဝတီဘက်မှာလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ် ။

ဝမ်ဟာ အဲဒီလို အလိမ်ခံရတဲ့ အကြောင်းကို အရမ်းနောက်ကျမှ သတိထားမိခဲ့တယ်လို့လည်း ရဲတွေကို ပြောပါတယ်။ သူဟာ အထူးလေ့ကျင့်ထားပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ တရုတ်လူမှောင်ခိုသမားတွေရဲ့ လက်ထဲကို ကျရောက်ခဲ့တာပါ။

မဲဆောက်မြို့ က​နေ မြန်မာနိုင်ငံဘက်ကိုပို့​မယ်ဆိုတာကို သူမသိရှိဘူးလို့လည်းဆိုပါတယ်။ ဒါ​ကြောင့် ကျားဖြန့် ​တွေက လိမ်ပြီဆိုတာသိလိုက်ချိန်မှာ သူအရမ်း​​နောက်ကျသွားးပြီး သူကြောက်ခဲ့တယ်လို့ဆိုပါတယ် ။

မြန်မာဘက်ခြမ်းပို့ခံရပြီး အဆောက်အအုံတစ်ခုရောက်သောအခါ ကတုံးတုံးခံရပါတယ် ။ဒါအပြင် စာရိုက်တတ်အောင် အသင်ခံရပါတယ် ။သူ​​နေခဲ့တဲ့ ပထမအိမ်တွင် တရုတ်လူမျိုး ၁၀ ဦးရှိပါတယ် ။ ဒုတိယအိမ်မှာ​တော့ တရုတ်လူမျိုး ၅၀ ခန့်ရှိတယ်လို့ဆိုပါတယ် ။ ကျားဖြန့်လို့​ခေါ်တဲ့ Call Center မှာ ၃ ညနဲ့ ၄ ရက် ​နေခဲ့ရ​ပေမယ့်ညှင်းပန်းနှိပ်စက်ခံရတာမှမရှိခဲ့ဘူးလို့ သူကဆိုပါတယ် ။

သူ့ကို တရုတ်နိုင်ငံသား​တွေကို အွန်လိုင်း​ပေါ်က​နေလိမ်ညာဖို့ သင်တန်းပေးခဲ့ပေမယ့် လက်​တွေ့လိမ်ရတာ​တော့မရှိ​သေးပါဘူးလို့ဆိုပါတယ် ။ဒါအပြင်သူ့ကိုကိုယ်ထိလက်ရောက် နှိပ်စက်တာ မရှိခဲ့ဘူးလို့ ဝမ်က ပြောပါတယ်။ ဒါ​ပေမယ့် သူ​ခြေ​ထောက်​တွေက အနီ​ရောင် အကွက်အ​ပြောက်တွေဟာ နှိပ်စက်ခံထားရတာ​ကြောင့်ဖြစ်တယ်လို့ လူမှုကွန်ယက်​ပေါ်မှာ​ခန့်မှန်း​ပြောဆို​နေကြပါတယ် ။

တကယ်​တော့ ဝမ်ကျင် ​အဆက်အသွယ်ပျက်ပြီး​ပျောက်သွားတာကို သူ့ရဲ့ချစ်သူ ‘Jia Jia’ က ဆိုရှယ်မီဒီယာပေါ်တင်ပြီး အကူအညီတောင်းခဲ့တာရယ် ၊ တရုတ် နဲ့ ထိုင်း လူမှုကွန်ယက်​တွေမှာလူ​ပြောများတာရယ် ၊ ထိုင်းမီဒီယာ​တွေအား​ကောင်း မှု​တွေကြောင့် နာမည်ကြီးသတင်းဖြစ်ခဲ့လိုသာ ငရဲတွင်းက​နေ ၄ ရက်နဲ့ပြန်လွတ်လာတာပါ ။ သူ​ပျောက်​နေတာသိပြီး၁ ရက်အတွင်းမှာပဲ ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းမီဒီယာ​တွေက ​ဖော်ပြကြပါတယ် ။

အခြားလူကုန်ကူးခံရတဲ့သားကောင်​တွေဆိုရင် ပြန်လွတ်​မြောက်ဖို့ အနည်းဆုံး ၆ လ​လောက်ကြာ​လေ့ရှိတယ်လို့ဆိုပါတယ် ။ မြန်မာ-ထိုင်းနယ်စပ် လူကုန်ကူးမှု ၊​လောင်းကစားမှု ၊အွန်လိုင်းလိမ်လည်မှု စတဲ့ ဒုစရိုက်လုပ်ငန်း​တွေ ဖြစ်တဲ့ ကျားဖြန့် လုပ်ငန်းမှာ နိုင်ငံခြားသား ၆၀၀၀ ကျော်ဟာလည်း အလားတူကံကြမ္မာဆိုး ကြုံတွေ့ခဲ့ရတယ် လို့ထိုင်းသတင်းဌာန The Reporter က​ဖော်ပြပါတယ် ။

ကမ္ဘာမှာနာမည်ဆိုးနဲ့ ကျော်​ကြားတဲ့ မြန်မာနိုင်ငံမြဝတီမြို့ဝန်းကျင်မှာ အခြေချတဲ့ တရုတ်မာဖီးယားရာဇဝတ်ဂိုဏ်း တွေလက်က​နေ လွတ်​မြောက်ဖို့ နိုင်ငံခြားသားတွေက အကူအညီတောင်းခံခဲ့ကြတာများစွာရှိပါတယ်။ ကျားဖြန့်​တွေ​ကြောင့်လူကုန်ကူးခံရပြီး အကူအညီတောင်းခံတာ​တွေမှာ တရုတ်နိုင်ငံသား​တွေအပြင် ကမ္ဘာအနှံ့မှ လူမျိုးပေါင်း ၁၄ မျိုးထက်မနည်းရှိတယ်လို့ဆိုပါတယ် ။ ကင်ညာ၊ အီသီယိုးပီးယား၊ ယူဂန်ဒါ၊ အိန္ဒိယ၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ရုရှား စတဲ့နိုင်ငံ​​​တွေ နိုင်ငံသား ၃၆၁ ဦး ကထိုင်းကိုဆက်သွယ်ပြီး အကူအညီ​တောင်းခံတယ် လို့ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံအသီးသီးက​နေ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ လှည့်စား​ခေါ်လာပြီး အဆုံးမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကိုပို့ပြီး Call Center ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် အလိမ်ခံ​နေကြရတာဖြစ်ပါတယ် ။ အလိမ်ခံရတဲ့သူ​တွေထဲတွင် ထိုင်းလူမျိုးများလည်းပါဝင်ပါတယ်။

ဝမ်ရဲ့ ဖြစ်စဉ်ဟာ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် လူမှောင်ခို လုပ်ငန်းတွေကို ကိုင်တွယ်ရာမှာ အခက်အခဲတွေ ရှိနေဆဲ ဆိုတာကို အထင်အရှား မြင်သာစေခဲ့သလို အရင်ကတည်းက ထိုင်းကို သွားရောက် လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေဟာ လူမှောင်ခို ဂိုဏ်းတွေရဲ့ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း စိုးရိမ်တကြီး ဝေဖန် ထောက်ပြမှုတွေကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ဒီအခြေအနေဟာ ကိုဗစ်ကပ်ရောဂါအလွန် ပြန်လည် ခေါင်းထောင်ဖို့ အားယူနေတဲ့ ထိုင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေနိုင်တာကြောင့် လိုအပ်တဲ့ စီမံတုံ့ပြန်မှုတွေ အရေးတကြီး ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အထူးသဖြင့် ထိုင်းကို ခရီးသွားတာဟာ မလုံခြုံနိုင်ဘူးဆိုတဲ့အွန်လိုင်းပေါ်မှာ သတင်းစကားပျံ့နှံ့မှုတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အသေအချာ စဉ်းစားပြင်ဆင်ဖို့ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်ကြီးဌာနကို ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။

၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား သန်း ၃၅ သန်း​ကျော်လာ​ရောက်ပြီး တရုတ် ကမ္ဘာလှည့် ခရီးသွား ၆.၇ သန်းလောက် လာခဲ့တာပါ ။ ၂၀၂၅ ခုနှစ်မှာလည်း တရုတ်ခရီးသွား ၉ သန်း​လောက်ဝင်​ရောက်လာဖို့ ရည်ရွယ်​နေတာပါ။ ဒါ​ကြောင့် မင်းသားဝမ်ကို ကယ်တင်ပြီးတဲ့အခါ မီဒီယာ​တွေရဲ့​မေးမြန်းမှုကို ထိုင်းကလုံခြုံတဲ့နိုင်ငံဖြစ်ပြီး ​နောင်အလည်လာချင်ပါ​သေးတယ်လို့ မင်းသားက တရုတ်ဘာသာနဲ့ ​ပြောပြရပါ​သေးတယ်။

ဝမ်ကျင် ရဲ့ဖြစ်စဥ်က​တော့ မင်းသားတစ်ဦးဖြစ်ပါလျက်နဲ့ ဘာကြောင့် အခုလိုအလိမ်ခံရတာလဲဆိုတာဟာ ​​ဇာတ်​ရည်လည်လာပြီဖြစ်ပေမယ့် လူ​​တွေကြားအံအားသင့်စရာ​မေးခွန်းထုတ်စရာဖြစ်​နေဆဲပါ။

အခုဖြစ်စဥ်မှာ တာ့ခ်ခရိုင် မဲဆောက်နယ်စပ်ဂိတ်က တဆင့် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီသို့​ဝင်​ရောက်သွားခဲ့တာပါ။ ပုံမှန်ဆိုရင် ဒီနယ်စပ်လမ်း​ကြောင်းက မြန်မာနဲ့ ထိုင်းနိုင်ငံမှအပ နိုင်ငံခြားသားတွေတရားဝင်ဖြတ်ကျော်ခွင့်မရှိပါဘူး။ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံသားတို့သာ ကူးလူးသွားလာနိုင်တယ်။ ဒါ​ပေမယ့် အခုလိုနိုင်ငံဖြတ်ကျော်မှုခင်း​တွေအတွက် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့တာကို ထိုင်းနိုင်ငံဘက်က ဘာမျှမလုပ်ပဲနေတော့မှာလားလို့ The Reporter သတင်းဌာနက​မေးခွန်းထုတ်ထားပါတယ်။

ထိုင်းအတိုက်အခံ အမတ်တစ်ဦးဖြစ်ပြီး ပြည်တွင်းလုံခြုံရေး လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူ ရန်ဆင်မန် ရုမ်းကတော့ နယ်စပ်ရေးရာ လုံခြုံရေး အစီအမံတွေ ပိုမိုတင်းကျပ်သင့်ပြီလို့ တောင်းဆိုထားပါတယ်။ သူ့ရဲ့ ကော်မတီဟာလူကုန်ကူးမှုတွေနဲ့ နယ်စပ် လုံခြုံရေး ကဏ္ဍအကြောင်း ဇန်နဝါရီ ၉ ရက်မှာ ဆွေးနွေးသွားမယ်လို့လည်း ရုမ်းက ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း မှာတိုက်ပွဲ​တွေကြောင့်နိုင်ငံခြားသား​တွေဟာ အရင်ကလို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်း၊ အဲဒီကတဆင့် မြဝတီကိုသွားလို့ မရ​တော့ပါဘူး။ထိုင်းနိုင်ငံကိုပဲ ဖြတ်လမ်းအ​နေနဲ့ အဓိကအသုံးပြုလာကြတာပါ။

ဒါ​​ကြောင့်ကထိုင်းနိုင်ငံအ​နေနဲ့ အခုလို ထိုင်းနိုင်ငံရဲ့အမည်သုံးပြီး ရာဇဝတ်မှု​တွေကျူးလွန်​နေတာကိုဆက်ခွင့်ပြု​နေမှာလားလို့ The Reporter သတင်းဌာနက​မေးခွန်းထုတ်ထားပါတယ်။

ဝမ်က​တော့ နောက်နောင် မည်သူတစ်ဦးတစ်ယောက်မှ သူလိုလူကုန်ကူးသူ​တွေရဲ့သားကောင်း မဖြစ်​စေချင်ဘူးလို့ မဲ​ဆောက်က​နေ ဘန်ကောက်ကို လေယာဉ်စီးလာစဉ် သတင်း​ထောက်ကို​ဖွင့်ဟပါတယ်။ ။

ကိုးကား -The Reporter ၊Khaosod ၊ The Nation

ဆက်စပ်သတင်းများ

သတင်း

မြဝတီဒေသ၌ ရာဇဝတ်မှုကျူးလွန်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေးအတွက် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု ကရင်နယ်ခြားစောင့်တပ်(BGF) က ယနေ့(ဇန်နဝါရီ ၂၂ရက်)တွင် ထုတ်ပြန်သည်။

သတင်း

တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့(ဇန်နဝါရီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ကျားဖြန့်အရေးအပါအဝင် နှစ်နိုင်ငံနယ်စပ်အရေးနှင့်ပတ်သက်ပြီး ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ် ခေါင်းဆောင်များ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက အသိပေးထုတ်ပြန်ထားသည်။

သတင်း

ထိုင်း-မြန်မာ နယ်စပ်မှာ ပျောက်ဆုံးခဲ့တဲ့ တရုတ် မော်ဒယ် တစ်ဦးကို ကယ်ဆယ်ပြီး တရုတ်နိုင်ငံဆီ ချောချောမောမော ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။