Connect with us

Hi, what are you looking for?

ဆောင်းပါး

၆၄ ရက်သား​လေး ဂျက်​ချေကို နှစ်ကြိမ်တိုင်ဗုံးကြဲသတ်တဲ့ စစ်ခေါင်းဆောင်

အာဏာလု​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာ စစ်အုပ်စုရဲ့ ဂုဏ်ပြုခံရင်းကနေ ၆၄ ရက်သား ကလေးငယ် ဂျက်‌ချေကို ဆေးရုံထဲအထိ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။

​မွေးကင်းစ ဂျက်​ချေ​လေးကို​တွေ့ရစဥ်/ စစ်အုပ်စုက ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်မှာ​မြောက်ဦး​ဆေးရုံးဗုံးကြဲခဲ့စဥ် နဲ့ ၂၀၂၆ ​ဖေ​ဖော်ဝါရီ ၁၂ ရက်မှာ ​မြောက်ဦးမြို့ အမရဟိုတယ် ကိုဗုံးကြဲပြီး​နောက်အပျက်အစီး​တွေကို​တွေ့ရစဥ် /ဂျက်​ချေ​လေးမိသားစု ​ကွယ်လွန်ခဲ့တာကို AA က စာနဲ့မှတ်တမ်းတင်ထားစဥ်။ဓါတ်ပုံ-ဝေဟင်​အောင်

ကဖေး/People’s Spring

အာဏာလု​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုနေ့ ခေါင်းစဉ်နဲ့ နေပြည်တော်မှာ စစ်အုပ်စုရဲ့ ဂုဏ်ပြုခံရင်းကနေ ၆၄ ရက်သား ကလေးငယ် ဂျက်‌ချေကို ဆေးရုံထဲအထိ လိုက်လံသတ်ဖြတ်ခဲ့ပါတယ်။

​ဒေါက်တာအတုဘွဲ့ တပ်ထားတဲ့ လူသတ်ခေါင်းဆောင်မင်း​အောင်လှိုင်​ကြောင့် ဂျက်ချေတစ်​ယောက် ကမ္ဘာ့လူ့အခွင့်အ​ရေး​နေ့မှာ မွေးဖွားခြင်းနဲ့ စတင်ခဲ့ပြီး ပြည်ထောင်စုနေ့မှာ သေခြင်းတရားနဲ့ အဆုံးသတ်ခဲ့ရပါပြီ။

ဂျက်ချေ လူလောကကို ဝင်လာခဲ့တဲ့ လွန်ခဲ့တဲ့ ၆၄ရက်မြောက်‌နေ့ကို လည်ပြန်လှည့်ကြည့်ကြရအောင်ပါ။

Public Service Announcement

Public Service Announcement

အဲ့ဒီနေ့က ၂၀၂၅ ဒီဇင်ဘာလ ၁၀ရက်၊ကမ္ဘာ့လူ့အခွင့်အ​ရေး​နေ့ဖြစ်ပါတယ်။ အဲ့ဒီနေ့ရဲ့ ညနက်ပိုင်းမှာရခိုင်ပြည်နယ် မြောက်ဦးမြို့ဆေးရုံထဲ မွေးကင်းစ ကလေးငယ်ရဲ့ အသံ စူစူးလေး ထွက်ပေါ်နေပါတယ်။ ဂျက်ချေတစ်ယောက် လူ့လောကထဲ ဝင်လာခဲ့တာပါ။ ချစ်စဖွယ်သားငယ်လေးမို့ ဆေးရုံဝန်ထမ်းတွေ၊တခြားလူနာတွေ၊ လူနာစောင့်တွေကပါ ဝိုင်းချစ်ကြပြီး ဂျက်ချေလေးကို အပြုံးကိုယ်စီနဲ့ ကြိုဆိုခဲ့ကြတာပါ။ည၉နာရီ၁၃မိနစ် မတိုင်ခင်အထိကတော့ အခြေအနေအားလုံး အဆင်ပြေပြေရှိနေတာပါ။ ဂျက်ချေလေးလည်း မိခင်နို့ကို အငမ်းမရစ်ို့လို့၊ သူ့အဖေနဲ့အမေလည်း ပျော်လို့။

ည၉နာရီ၁၃မိနစ်တိတိမှာတော့ ပေါက်ကွဲသံတွေနဲ့အတူ မြောက်ဦးဆေရုံးတစ်ခုလုံး ‌ကမ္ဘာပျက်သွားပါတယ်။ စစ်ကောင်စီတပ်က ဆေးရုံပေါ်ကို ဂျက်ဖိုက်တာနှစ်စင်းနဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။

ပေါက်ကွဲအားအလွန်ပြင်းထန်တာကြောင့် ဆေးရုံအဆောက်အအုံအားလုံးပျက်စီးသွားပါတယ်။ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေအပါအဝင်၃၅ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

မွေးကင်းစ ဂျက်ချေလေးကတော့ ကံအလွန်ကောင်းခဲ့ပြီး မိဖနှစ်ပါးရဲ့ အကာအကွယ်နဲ့ အထိအခိုက်မရှိခဲ့ပါဘူး။

ဂျက်ချေလေးရဲ့ အဖေနဲ့အမေက စစ်တွေမြို့၊ ဗျိုင်းဖြူရွာကနေစစ်လာရှောင်ပြီး မြောက်ဦးမြို့လယ်က အမရာဟိုတယ်မှာ အလုပ်လုပ်ရင်း ခိုလှုံနေကြတာပါ။ ဂျက်ချေကို မွေးဖို့ မြောက်ဦးဆေးရုံတက်နေစဉ် ဗုံးကြဲခံရတာပါ။ သားအမိ၊ သားအဖတွေ အဲ့ဒီညတွင်းချင်း ဟိုတယ်ကို ပြန်ပြေးလာခဲ့ကြပါတယ်။

မြန်မာလို ဂျက်ကလေးလို့ အဓိပ္ပါယ်ရတဲ့ဂျက်ချေ ဆိုတဲ့ အမည်ကလည်း လေကြောင်းကနေ ဗုံးကြဲတာကနေ ကံကောင်းထောက်မပြီးလွတ်မြောက်လာလို့ ပေးလိုက်တာပါ။အမည်အပြည့်အစုံက ​အောင်လင်းဟိန်းပါ ။ သူ့ဖခင်က အသက်၂၈ နှစ်အရွယ်​ ကိုအောင်လင်းစိုးပါ ။မိခင်က အသက် ၂၅ နှစ်အရွယ် မသန္တစိုးပါ။

ဒါ​ပေမယ့်ဂျက်ချေရဲ့ ကံကောင်းထောက်မမှုဟာ ၆၄ရက်သာ ခံခဲ့ပါတယ်။ ဖေဖော်ဝါရီလ၁၂ရက်နေ့ည ၉ နာရီ ၂၀မိနစ်မှာ ဂျက်ချေလေးတို့မိသားစု

ရှိနေတဲ့ မြောက်ဦးမြို့က အမရာဟိုတယ်ကို စစ်တပ်က ‌ပေါင်၅၀၀ ဗုံးကြဲချခဲ့ပါတယ်။ ဂျက်​ချေ​လေးတင်မကပဲ သားအမိ၊သားအဖ သုံးဦးစလုံး သေဆုံးသွားခဲ့ပါတယ်။

စစ်ကောင်စီက ဖေဖော်ဝါရီလ၁၂ ရက် ညမှာ မြောက်ဦးအပြင် ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်ကိုလည်း ပေါင် ၅၀၀ဗုံး နှစ်လုံးကြဲခဲ့ပါတယ်။ဂျက်ချေတို့ မိသားစုသုံးဦးအပါအဝင်အရပ်သား ၇ ဦး သေဆုံးပြီး ၁၆ဦးဒဏ်ရာရခဲ့တာပါ။

” ကမ္ဘာ့လူ့အခွင့်အ​ရေး​နေ့မှာ ​မွေးတဲ့ ဂျက်​ချေ။ ပြည်​ထောင်စု​နေ့မှာ ​သေပွဲဝင်ရတဲ့ ဂျက်​ချေ။ လူ့​လောကမှာ ၆၄ရက်​နေခဲ့ပြီး ကမ္ဘာကြီးပြားသလား၊ လုံးသလား မသိခင်၊ မင်း​အောင်လှိုင်ရဲ့ ​မေတ္တာစာ​ကြောင့် လူ့​လောကဆိုတာ ဘာမှန်းမသိခင် ပြန်သွားရတယ်။သူတင်မက သူ့ရဲ့ အ​ဖေ၊ အ​မေ​တွေပါ တပါတည်း တမလွန်ကိုခရီးအတူတူ ထွက်သွားကြတယ်”လို့ဂျက်ချေရဲ့မိဖတွေနဲ့ရင်းနီးတဲ့ စာရေးဆရာဝေဟင်အောင်ကအခုလိုရင်ဖွင့်ထားပါတယ်။

NLDအစိုးရလက်ထက်မှာရော စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာပါ ဖမ်းဆီးခံရပြီးထောင်နှစ်ရှည်ကျခံခဲ့ရတဲ့ စာရေးဆရာဝေဟင်အောင်က ဂျက်ချေကို သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ရက်စက်မှုနဲ့ စစ်ခေါင်းဆောင်ရဲ့ ယုတ်မာမှုကို အခုလို မှတ်ချက်ပေးပါတယ်။

“သူကအာဏာရူး။ သူ့အာဏာကိုထိပါးလာမယ်ဆိုရင် ကလေးလူကြီးတစ်ယောက်မှချန်မထားဘူး အကုန်လုံးကိုသူသတ်မှာပဲ။သူအနားမှာရှိတဲ့သူတွေလည်းအချိန်မရွေးအသတ်ခံရနိုင်တယ်။သူအမျက်ရှတဲ့နေ့မှာအချိန်မရွေးအသတ်ခံရနိုင်တယ်။သူကအာဏာရှင်၊ အာဏာရူး”

စစ်ခေါင်းဆောင်ဟာ ဂျက်ချေရှိတဲ့နေရာကို ကမ္ဘာလူ့အခွင့်အ​ရေး​နေ့ ည ၉နာရီ၁၃မိနစ်မှာတစ်ကြိမ်၊ပြည်​ထောင်စု​နေ့ ည ၉နာရီ ၂၀မိနစ်မှာတကြိမ် နှစ်ကြိမ်တိတိ အမဲလိုက်သလို လုပ်ကြံသတ်ဖြတ်ခဲ့တာပါ။ဒုတိယအကြိမ်မှာတော့ စစ်အုပ်စုရည်မှန်းချက်အောင်မြင်သွားပါတယ်။ လူမမယ်ဂျက်ချေလေးလည်း လူဘဝဆိုတာ ဘာမှန်းမသိရ​သေးခင် ​ပျောက်ကွယ်သွားရပါပြီစစ်အုပ်စုဟာအာဏာသိမ်းထားတဲ့ ၅နှစ်အတွင်း စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၆၅၈ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အခုနှစ် ဖေဖော်ဝါရီလဆန်းမှာထုတ်ပြန်ခဲ့ပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း သေဆုံးပြည်သူ ငါးထောင်ဦးခန့်ရှိတာမှာ ကလေးငယ် ၆၅၈ဦး ပါဝင်ခဲ့တာပါ။ ဒါဟာ လေကြောင်းတိုက်ခိုက်မှုတစ်မျိုးတည်းသာဖြစ်ပြီး ကျန်တဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ အခြားပစ်ခတ်မှုတွေကြောင့် သေဆုံးတဲ့ကလေးအရေအတွက် မပါသေးပါဘူး။

အာဏာလုခေါင်းဆောင်မင်းအောင်လှိုင်ကတော့သူ့​မြေး​လေး မကျန်းမာ​တော့ အိန္ဒိယက အထူးကုဆရာဝန်​တွေကို ​လေယာဥ်နဲ့ စီးလုံးပြတ် သွားပင့်ပြီး ကုသ​ပေး​ပေမယ့် နိုင်ငံတစ်ဝန်းက က​လေးငယ်​တွေကို​တော့ လူမျိုး ၊ဘာသာ ၊ကျားမ ၊​နေရာ​ဒေသ ၊အချိန်ကာလမ​ရွေး ဗုံးကြဲသတ်​နေပါတယ်။

ရခိုင် စစ်​ဘေး​ရှောင်​တွေကို ကူညီ​ပေး​နေတဲ့စာ​ရေးဆရာ ​ဝေဟင်​အောင်​ပြောသလို ​သူအာဏာလက်မလွှတ်ရဖို့ သူမပြုတ် ၊မချင်း ရှေ့မှာလည်းဗုံးကြဲပြီးထပ်မံသတ်​ဖြတ်နေဦးမှာပဲဖြစ်ပါတယ် ။

စာ​ရေးဆရာ​ဝေဟင်​အောင်က ဂျက်​ချေ​လေးရဲ့ သနားစရာ အဖြစ်ဆိုးအ​ကြောင်းနဲ့ ဓါတ်ပုံ​လေးတင်ထားတဲ့ ပိုစ်​အောက်မှာ ပြည်သူတဦးကနာနာကျည်းကျည်းနဲ့ မင်း​အောင်လှိုင်အတွက် မှတ်ချက်ခပ်တိုတို​လေး​​ရေးထားပါတယ်။

“မအလဝဋ်လည်ပါစေအမြန်ဆုံးလည်ပါစေ”လို့ဖြစ်ပါတယ် ။ ။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူ-ရမ်းဗြဲလမ်းဆုံ စနဲမြို့ဆီထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်းသုံး စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က ကြားဖြတ်တိုက်ခိုက်တာကြောင့် စစ်တပ်ဘက်က​သေဆုံးထိခိုက်မှုများပြီး နောက်ပြန်ဆုတ်နေရတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ဟာ အခကြေးငွေယူပြီး အများပြည်သူကို Starlink အင်တာနက်ဝန်ဆောင်မှုပေးတဲ့ အင်တာနက်အရောင်းဆိုင်တွေ ဖွင့်လှစ်ခွင့် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုပါ ခွင့်ပြုပေးတော့မှာဖြစ်ပြီး အစိုးရနဲ့ အကျိုးတူပြုလုပ်ရမယ်လို့ နည်းပညာဌာနတာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငွေအလွှဲ၊ အထုတ်တွေအတွက် အားကိုးစရာ ဘဏ်မရှိတော့တဲ့ ရခိုင်ပြည်နယ်မှာ ပုဂ္ဂလိက ငွေလွှဲ၊ ငွေထုတ်လုပ်နေသူတွေရဲ့ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရပြီးနောက် ငွေလွှဲ၊ငွေထုတ်ခ နှုန်းထားဈေးတက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။