ဟာနာဆန်/People’s Spring
အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ “ပေါ်တာဆွဲတယ်” ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။
ပြီးခဲ့တဲ့ မေလ ၈ ရက် ည ၉ နာရီခွဲခန့်က ဒဂုံမြို့သစ်မြောက်ပိုင်း၊ အနော်ရထာလမ်း၊ ၅၀ ရပ်ကွက်မှာ ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အိမ်ထဲမှာ မိသားစုနဲ့အတူ ထမင်းစားနေတဲ့ အ
သက် ၃၁ နှစ်အရွယ် လူငယ် ကိုကျော်ကျော်အောင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှစိန် အပါအဝင် အဖွဲ့ဝင်တွေက အင်အားသုံး ဝင်ရောက်လာပြီး လက်ထိပ်ခတ် ဖမ်းဆီးသွားခဲ့တာပါ။

Public Service Announcement
”စစ်မှုထမ်းထဲကို ထည့်မလို့ ခေါ်တာ။ နင်တို့ မေးစရာအကြောင်းမရှိဘူး” ဆိုပြီး အာဏာပြခဲ့တဲ့အ
ပြင် လိုက်လံတောင်းပန်တဲ့ မိခင်ဖြစ်သူကိုပါ ရိုက်နှက်ဖို့အထိ ခြိမ်းခြောက်ခဲ့တယ်လို့ မိခင်ဖြစ်သူက ဆရာတော်တစ်ပါးထံ ရင်ဖွင့်လျှောက်ထားစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အလားတူပဲ မတ်လ ၁၆ ရက်နေ့က တာမွေမြို့နယ်မှာ ဆိုက္ကားနင်းပြီး ဝမ်းစာရှာနေတဲ့ အသက် ၄၇ နှစ်အရွယ် ဦးမြင့်ဆိုင်ဆိုသူဟာ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးပြီး ၂ လခွဲအကြာ မေလ ၁၀ ရက်နေ့ကျမှ သူဟာ ရမည်းသင်းမြို့၊ အမှတ် (၃) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း (ခွဲ-၁) မှာ ရောက်ရှိနေကြောင်း မိသားစုထံ ပြန်လည်ဆက်သွယ်လာခဲ့ပါတယ်။ အဲဒီနောက် မေလ ၃၁ ရက်မှာ ဇနီးဖြစ်သူ ဒေါ်ခင်စိုးရီက သင်တန်းကျောင်းအထိ လိုက်လံတွေ့ဆုံခဲ့ပါတယ်။
တွေ့တဲ့အခါအသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်ဆိုင်ကို စစ်တပ်နဲ့ ပွဲစားတွေပူးပေါင်းပြီး မူလမှတ်ပုံတင် (၈/မထန(နိုင်)၀၈၄၄၃၁) အစား မှတ်ပုံတင်အသစ် (၈/ရနခ(နိုင်)၁၀၆၈၈၅) နဲ့ လဲလှယ်ကာ၊ အသက်ကိုလည်း ၃၅ နှစ်လို့ လိမ်လည် ပြောင်းလဲပြီး စစ်တပ်ထဲ လူစားထိုး ရောင်းစားထားတာကို တွေ့ရှိခဲ့ရတာပါ။လက်ရှိမှာတော့သားသမီးသုံးယောက်ရဲ့ ပညာရေးနဲ့ ကျန်းမာရေးမကောင်းတဲ့ ဇနီးသည်တို့အတွက် နှုတ်ထွက်ခွင့်ပြုဖို့ အသနားခံစာ တင်
ပြထားရပါတယ်။
ရန်ကုန်မြို့ပေါ်က လူပြန်ပေးဆွဲမှုတွေဟာ အ
ချိန်အခါမရွေး ဖြစ်ပွားနေတာဖြစ်ပြီး မေလ ၁၂ ရက် ညသန်းခေါင်ကျော်မှာလည်း ကြည့်မြင်တိုင်မြို့နယ်၊ နေအိမ်ရှေ့က ကားအနီးမှာ အိပ်ပျော်နေတဲ့ လူငယ်တစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ လာတဲ့ အရပ်ဝတ်လူနှစ်ဦးက CCTV မှတ်တမ်းတွေအရ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
မြို့ခံတစ်ဦးရဲ့ အဆိုအရ “ကြည့်မြင်တိုင် ကမ်းနားလမ်းနဲ့ ပန်းခြံတွေမှာ ရဲနဲ့ပေါင်းပြီး လူဖမ်းစား၊ ပြန်ပေးဆွဲနေတဲ့ အဖွဲ့တွေရှိတယ်။ ကျွန်တော့်ညီတုန်းက ၃ သိန်းခွဲနဲ့ လိုက်ရွေးခဲ့ရတယ်” လို့ သိရပါတယ်။
ဒါ့အပြင် မေလ ၂၄ ရက် ည ၁ နာရီခန့်ကလည်း ရွှေပြည်သာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်က ဂိုဒေါင်တစ်ခုရှေ့မှာ အိပ်ပျော်နေတဲ့ ကောင်လေးတစ်ဦးကို အိမ်စီးကားတစ်စီးနဲ့ လူနှစ်ဦး လာရောက် ဖမ်းဆီးသွားခဲ့ပြန်ပါတယ်။
”လူကို လူကလာဆွဲပြီး တပ်ထဲမှာ စစ်မှုထမ်းရမယ့်သူတွေနဲ့ လဲလှယ်ဖို့ ပြန်ရောင်းစားနေတာ။လူပွဲစားတွေ၊ လူကုန်သည်တွေကရန်ကုန်မှာ အသည်းအ
သန်ကို လှုပ်ရှားနေကြတာ”လို့မိသားစုဝင် ပျောက်
ဆုံးနေတဲ့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
အဓိက ပစ်မှတ်ထားခံရသူတွေကတော့ ညဘက် အချိန်ပိုဆင်းပြီး ပြန်လာတတ်တဲ့ စက်မှုဇုန်လုပ်
သား လူငယ်တွေ ဖြစ်ပါတယ်။ ဒဂုံမြို့သစ်ဘက်က စစ်တပ်ထောက်ခံသူ အမျိုးသားတစ်ဦးဟာ မေလ တတိယပတ် ည ၈ နာရီလောက်မှာ ဆိုင်ကယ်မောင်းလာရင်း ပေါ်တာဆွဲမယ့်အဖွဲ့နဲ့ ထိပ်
တိုက်တိုးခဲ့ပါသေးတယ်။ သူကတော့ စစ်ကြောင်းမှူးတွေနဲ့ သိကျွမ်းတဲ့ အသိုင်းအဝိုင်းမို့ အော်ဟစ်ပြောဆိုပြီး လွတ်မြောက်ခဲ့ပါတယ်။
“စက်မှုဇုန်က ကလေးတွေ ညဘက် အလုပ်ဆင်းပြီးအိမ်ပြန်မရောက်လာလို့စုံစမ်းပေးဖို့ အကြောင်း
ကြားလာတာတင် ၅ ယောက်လောက် ရှိပြီ။ ရွာသာကြီးစက်မှုဇုန်လမ်းနဲ့ အင်းဝလမ်းတွေမှာ အဓိက လှုပ်ရှားနေတာ” လို့ သူက ဖွင့်ဟခဲ့ပါတယ်။
ဒါ့အပြင် မြို့တွင်းဧရိယာတွေမှာတောင် အလုပ်ကပြန်လာချိန် ပေါ်တာဆွဲခံရတာရှိပါတယ်။ တောင်ဥက္ကလာပမြို့နယ်မှာ အလုပ်ကပြန်လာရင်းပေါ်တာဆွဲခံရတာရှိသလို ၊ပိုဆိုးတာကတော့ တိုက်ပေါ်ကနေ အိမ်အောက်ဆင်း ဆေးလိပ်သောက်တုန်းပေါ်တာဆွဲခံရတာမျိုးပါ တောင်ဥက္ကလာပမြို့နယ်မှာဖြစ်ခဲ့ပါတယ် ။ပေါ်တာဆွဲပြီး ရက်ပိုင်းအကြာမှာပဲ ရခိုင်ပြည်နယ်ကိုပို့လိုက်လို့ မိသားစုဝင်တွေဘာမှလုပ်မရတော့ပဲရင်ကွဲပက်လက်ဖြစ်ခဲ့ရပါတယ်။
စစ်ကောင်စီထောက်ခံသူတွေနဲ့ ပိုင်ရာဆိုင်ရာရှိသူတွေဟာ အဖမ်းခံရရင်တောင် ပြန်လွတ်လာတာမျိုး ရှိတတ်ပေမဲ့၊ နောက်ခံမရှိတဲ့ သာမန်ပြည်သူတွေကတော့ငွေနဲ့မရွေးနိုင်ရင်စစ်သင်တန်းကျောင်းတွေ ရောက်သွားကြရပါတယ်။
တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးဆိုရင် သူ့သူငယ်ချင်းအိမ် သွားလည်ရင်း ရပ်
ကွက်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး စစ်မှုထမ်းဖို့ ရောင်းစားခံလိုက်ရပါတယ်။ လက်ရှိမှာ ဖုန်းပြောခွင့်၊ လူတွေ့ခွင့်လုံးဝမရဘဲ ပျောက်
ဆုံးနေလို့ မိဘတွေမှာ မစားနိုင်မအိပ်နိုင် ဖြစ်နေကြရတယ်လို့ သိရပါတယ်။
ဒီထက် ပိုဆိုးတာကတော့ စစ်သင်တန်းဆင်းပြီး တိုက်ပွဲတွင်း အတင်းအဓမ္မ စေလွှတ်ခံရခြင်းပါပဲ။ လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “ညီမဦးလေးလည်း လူပွဲစားတွေ ညဘက် ဓားထောက်ဖမ်းသွားပြီး တပ်ထဲ လူစားထိုး ရောင်းစားခံရတာ။ ဘယ်လိုမှ လိုက်ထုတ်လို့မရဘဲ စစ်သင်တန်းပြီးသုံးလအကြာမှာ ရှေ့တန်းပို့ခံရပြီး မနေ့ကပဲ သေဆုံးသွားပါပြီ” လို့ ရေးသားထားပါတယ်။
အလားတူ လှိုင်သာယာမြို့နယ်က လူငယ်တစ်ဦးလည်းအဆွဲခံရပြီးလက်ရှိရခိုင်ပြည်နယ်၊ ကျောက်
ဖြူရှေ့တန်း စစ်မျက်နှာပြင်သို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်တပ်က ဒီနောက်ပိုင်းဆုံးရှုံးထားတဲ့နယ်မြေတွေကိုပြန်ရဖို့ စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကိုအဓိကထားပြီး စစ်မျက်နှာအစုံကိုအင်အားထောင်ချီ စစ်ကြောင်းထိုးစေပြီး တန်ပြန်ထိုးစစ်ဆင်လာပါတယ် ။တော်လှန်ရေးတပ်တွေက ပြန်လည်ခုခံတိုက်ခိုက်တာမှာ ဒီလပိုင်းအတွင်းသေဆုံး၊ဒဏ်ရာရသူတွေဟာအလွန်များနေပြီး အများစုက စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေဖြစ်နေပါတယ်။
ဒါကြောင့်တော်လှန်ရေးတပ်တွေ ပြည်သူတွေကို မိသားစုဝင်တွေစစ်မှုထမ်းအခေါ်မခံရအောင် ၊ပေါ်တာအဆွဲမခံရအောင်သတိထားပြီး ပါးပါးနပ်နပ်နေထိုင်ကြဖို့တိုက်တွန်းနေကြပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေဟာ မခံမရပ်နိုင်ဖြစ်
လာပြီး ပြီးခဲ့တဲ့မေလအတွင်းက တာမွေမြို့နယ်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ ရဲဆိုသူတစ်ဦးကို လူထုက ဝိုင်းဝန်းရိုက်နှက်တဲ့အထိ တုံ့ပြန်မှုတွေ ရှိလာနေပါတယ်။စစ်ကောင်စီကတော့ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေမှာ နေအိမ်ပေါ်အထိတက်ပြီး အ
တင်းအဓမ္မ ပေါ်တာဆွဲမှုတွေကို ပိုလုပ်ရင်း စစ်မှု
ထမ်း အပတ်စဉ် (၂၅)ကို စတင်နေပြီဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်
ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မ
တော်(PDF) စစ်ရုံးချုပ် ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က ဒီလပိုင်းအတွင်းနိုင်ငံတစ်ဝန်းတိုက်ပွဲတွေမှာစစ်တပ်ကသေဆုံးသူဒဏ်ရာရသူ အလွန်အင်မတန်များနေတယ်လို့ မြေပြင်စစ်ရေးသတင်းအချက်အလက်တွေကို ကိုးကားပြီး ပြောပါတယ်။
“အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သားတွေ အတင်းအဓမ္မစုဆောင်းခံရတဲ့ ပစတွေအတွက်ကတော့ ရွေးချယ်စရာရှိပါတယ်။အဲ့ဒီ ရွေးချယ်စရာကတော့ အခွင့်အရေးရရင် လွတ်အောင်သာ ပြေးကြပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတဲ့ စစ်ပွဲထဲမှာ ပစတွေအနေနဲ့ ကိုယ့်ကိုကိုယ် အလကား အသေမခံပါနဲ့ ။ကိုယ့်ရဲ့ ဘဝ အနာဂါတ်တွေကို ရင်းပြီးမှ စစ်ပွဲထဲမှာ လာပြီး အလကား အသေမခံပါနဲ့ “ လို့ PDF စစ်ရုံးချုပ် တာဝန်ရှိသူက ပြောပါတယ်။
တော်လှန်ရေးဘက်ကို ကူးပြောင်းလာရင် အသက်မသေစေဘဲ ကောင်းမွန်စွာ စောင့်ရှောက် ကျွေး
မွေးထားတယ်လို့ အသိပေးပါတယ်။
“ဒီတော့ …… အတင်းအဓမ္မ စုဆောင်းမခံရအောင်လည်း ရှောင်ပါ။ မတော်လို့ စုဆောင်းခံရရင်လည်း ရှည်ရှည်ဝေးဝေး စဉ်းစားမနေဘဲ လွတ်အောင်သာပြေးပါ ။ ကိုယ့်လွတ်လမ်းကို ရအောင် မရှာနိုင်ဘဲ စစ်မြေပြင်ကို ရောက်လာပြီဆိုရင်လည်း တော်လှန်
ရေးဘက်ကို ကူးပြောင်းပြီး လက်နက်ချပါ ။ တိုက်ရည်ခိုက်ရည် အပုံကြီးကွာနေတာကို ခံမတိုက်ပါနဲ့ ။ ခံတိုက်လို့ အသက်မရှင်နိုင်ပါဘူး ။ လက်နက်ချမှသာလျှင် အသက်အာမခံချက် အပြည့်အဝ ရမှာ ဖြစ်ပါတယ်”လို့ဒေါက်တာစိုးသူရဇော်က သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့်အသိပေးထားပါတယ်။ ။
(စစ်မှုထမ်းသင်တန်းတက်ဖို့ စစ်တပ်က ပုံစံမျိုးစုံနဲ့ စုဆောင်းထားသူတွေ ၊ပေါ်တာဆွဲထားသူတွေကို စုဆောင်းရေးနဲ့ သင်တန်းပို့ဆောင်နေ
စဥ် ။ရုပ်သံ-စစ်တပ်တစ်တော့များ)


















































