Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ချင်းပြည်နယ် ကိုးမြို့နယ်စလုံး ကတော့ သူတို့ဒေသအလိုက် စစ်ရှောင်နေကြတာပါပဲ”

— CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်သူများကို စစ်​ကောင်စီတပ်ကအကြမ်းဖက်ဖြိုခွဲ ​ဖမ်းဆီး၊ ​သေနတ်ဖြင့်ပစ်သတ်ဖြတ်သဖြင့် ချင်းပြည်နယ်တွင် မင်းတပ်မြို့နယ်မှစ ၍ ပြည်နယ်တစ်ဝန်းရှိ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် ဒေသအသီးသီးရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့သည်။ လုပ်တိုက်ပွဲများနှင့် စစ်​ကောင်စီတပ်က ၎င်းတို့အထိ့နာလျှင် ​ဒေသခံများ၏​နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊လူသားဒိုင်းအဖြစ်အသုံးပြုရန်ဖမ်းဆီးခြင်း ၊မထင်လျှင်မထင်သလို ပြည်သူများကိုဖမ်းဆီးသတ်ဖြတ် ခြင်း၊လုယက်ခြင်းစ​သောစစ်ရာဇဝတ်မှုများကျူးလွန်သဖြင့် ပြည်နယ်တစ်ဝန်းရှိဒေသခံများ​သောင်း၊သိန်းချီ၍ ​နေအိမ်များစွန့်ခွာထွက်​ပြေးခဲ့ကြရသည်။ စစ်ဘေးဒုက္ခသည်များ​နေစဥ်ဘဝတွင်ရင်ဆိုင်​နေရ​​သော အ​ခြေအ​နေများကိုချင်းအမျိုးသားတပ်ဦး၊ချင်းအမျိုးသားတပ်မတော်(CNFCNA)ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီအား ဆက်သွယ်မေးမြန်းထားသည်ကိုဖော်ပြလိုက်ပါသည်။

​မေး-ချင်းပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေတွေ၊ နယ်စပ်ကို ရောက်သွားတဲ့ စစ်ရှောင်တွေရဲ့ အခြေအနေကို ပြောပြပေးပါလား

​ဖြေ-အခုလက်ရှိ ချင်းပြည်နယ်မှာ စစ်အာဏာရှင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ယနေ့အထိ တစ်ရက်နဲ့ တစ်ရက် စစ်ရှောင်တွေတိုးလာတာ တွေ့ရတာပေါ့။ စစ်ရှောင်ဆိုတဲ့နေရာမှာ ပြည်တွင်းထဲမှာ စစ်ရှောင်တာနဲ့ နယ်စပ်၊ ပြည်ပ၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို စစ်ရှောင်တာရယ်ဆိုပြီး နှစ်ပိုင်းရှိတာပေါ့။ ပြည်တွင်းထဲမှာ စစ်ရှောင်တာရယ် ပြည်ပမှာ စစ်ရှောင်တာရယ် အားလုံးတွက်လိုက်ရင် ​ခြောက်သောင်းကျော်ကျော်ရှိမယ်။ တစ်ဖက်နိုင်ငံမှာ ၃၅၀၀၀နဲ့ ​လေးသောင်း ကြား ရှိနေပါပြီ။ ကျန်တဲ့ဟာက ပြည်တွင်းထဲမှာ IDP ပုံစံနဲ့ နေတာ၊ ပြီးတော့ မြို့ပေါ်က တစ်ဆင့် ကျေးလက်ဒေသထွက်ပြေးတိမ်းရှောင်တာဆိုပြီးတော့ ရှိပါတယ်။

​မေး- လက်တ​​လော စစ်ရှောင်တွေအတွက် အဓိက လိုအပ်ချက်တွေက ဘာတွေဖြစ်ပါသလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-လက်ရှိအခြေအနေမှာ စားဝတ်နေရေးကတော့ ဒေသခံချင်းပြည်သူတွေရဲ့အလှူ၊ အိမ်နီးချင်းနိုင်ငံရဲ့ အကူအညီနဲ့သွားနေတယ်။ ဒါပေမဲ့ ရေရှည်မှာ အဲဒီလို သွားနိုင်ဖို့က ခက်ခဲလာနိုင်တယ်။ အခုက ဆောင်းပေါက်ပြီဆိုတော့ အဝတ်အစား၊ အနွေးအထည် စောင်တွေ စသဖြင့်လိုအပ်တာတွေရှိလာနိုင်ပါတယ်။ နောက် အထူးသဖြင့် ဆောင်းဦးကာလဆိုတော့ ရာသီအလိုက်ဖြစ်ပွားတဲ့ ရောဂါတွေ နောက် စစ်ဘေးရှောင်တွေ ပြည်တွင်းမှာ နေတုန်းက ပါလာတဲ့ သူတို့ရဲ့ နာတာရှည်ရောဂါတွေကြောင့် သေဆုံးမှုတွေအနည်းနဲ့အများတော့ ရှိလာပြီပေါ့ အခက်အခဲက အဲဒီလို အခက်အခဲတွေ ကြုံနေရပါတယ်။

​မေး-အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရှောင်ရတာက ဘယ်မြို့နယ်တွေလဲ။

​ဖြေ- စစ်ရှောင်တဲ့အနေအထားက ချင်းပြည်နယ် ကိုးမြို့နယ်စလုံး ကတော့ သူတို့ဒေသအလိုက် စစ်ရှောင်နေကြတာပါပဲ။ အဓိကတော့ ပြည်ပ အိမ်နီးချင်းနိုင်ငံကို ထွက်ခွာလာတာက ဟားခါး၊ ထန်တလန်၊ ဖလမ်းကနေပြီးတော့ ပလက်၀ရယ်၊ မတူပီတို့ရယ်က အဓိက ဖြစ်တာပေါ့။ အခြားဒေသတွေကတော့ နယ်စပ်နဲ့ဝေးလို့ ဥပမာ ကန်ပက်လက် ၊ မင်းတပ်တို့ဆိုရင် ပြည်တွင်းထဲမှာ IDP အနေအထားနဲ့ တိမ်းရှောင်နေတာ ပိုများတာပေါ့။ ပြောချင်တာက ချင်းပြည်နယ် ကိုးမြို့နယ်စလုံးအပြင် စစ်ကိုင်းတိုင်းထဲက ချင်းတွေ ကလေး-ကဘော်ဒေသကလည်းရှိပါတယ်၊ ဂန့်ဂေါဘက်ကလည်း ရှိပါတယ်။

မေး-မြို့နယ်အလိုက် စစ်ရှောင်နေရတဲ့ စာရင်းတွေရော သိရပါသလား ဥပမာ ထန်တလန်ဆို အကြမ်းဖျင်း ဘယ်လောက်ရှိလဲ။

​ဖြေ-အဲဒီလို အသေးစိတ်တော့မသိဘူး ဗျ။ အများဆုံးက ထန်တလန်မြို့နယ်က အများဆုံး။ မြို့ပေါ်က လူတွေ တစ်ယောက်မှ မရှိတော့ဘူး။ ထန်တလန်မြို့ပေါ်က လူဦးရေ တစ်သောင်းနေထိုင်တဲ့ မြို့လေးဖြစ်တယ်။ ပြီးတော့ ကျေးလက်ဒေသ နယ်စပ်ဘက်ကို ထွက်ပြေးလာတာ ထန်တလန်က အများဆုံးဖြစ်မယ်လို့ ထင်တယ်။

​မေး-စစ်တပ်ကအာဏာမသိမ်းခင် ချင်းပြည်နယ်မှာ ပလက်၀ကလွဲပြီး ကျန်တဲ့ဒေသမှာ စစ်ရှောင်မရှိဘူးထင်တယ် အဲဒီလို ပြောလို့ရလား။

​ဖြေ-အာဏာမသိမ်းခင်တော့ မရှိသလောက်ပဲ။ ပလက်၀ကတော့ AAနဲ့ စစ်ကောင်စီနဲ့ ဖြစ်တဲ့တိုက်ပွဲကြောင့် စစ်ရှောင်တွေတော့ အနည်းအကျဉ်းတော့ ရှိနေတာပေါ့။ ကျန်တဲ့ ရှစ်မြို့နယ်က စစ်ရှောင်တွေမရှိပါဘူး။

​မေး-စစ်​ပေးဒုက္ခသည်​​တွေအဓိကကြုံ​တွေ့ရတဲ့ နစ်နာမှုတွေ ဘာတွေဖြစ်ပါသလဲ။

​ဖြေ-အဓိက ထိခိုက်နစ်နာမှုဆိုတာ လမ်းတစ်ဝက်မှာ ထွက်ပြေးတိမ်းရှောင်တဲ့အခါ ကိုယ်ဝန်ဆောင် မိန်းမတွေ နောက်ပြီးတော့ ဟိုကနေ အခံပါတဲ့ ရောဂါတွေကြောင့် စိတ်ဖိစီးနဲ့အတူ သေဆုံးမှုတွေ
စသဖြင့် ပြီးတော့ကျန်းမာရေးကိစ္စ အဲဒါတွေထိခိုက်နစ်နာမှုတွေပေါ့။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြတာပေါ့။အဓိကတော့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုက အဓိက ဖြစ်ပါတယ်။ ပြီးတော့ တတိယနိုင်ငံ ကူးတဲ့အထိ စဉ်းစားလာနိုင်တဲ့ အနေအထားတွေ သူတို့မှာ ရှိလာပြီ။ အဲဒါက ကျွန်တော်တို့ ချင်းပြည်သူတွေအတွက် ရေရှည် ကိုယ့်ဒေသတွင်းမှာ သူတို့ရဲ့ အမိဌာနေထဲမှာ ချင်းပြည်သူတွေ လျော့နည်းလာနိုင်တဲ့အနေအထားတွေ တွေ့နေရပြီ။ တချို့ဆို အိန္ဒိယ နိုင်ငံနယ်စပ်ထိ သွားပြီးတော့ တတိယနိုင်ငံအထိရမလားဆိုပြီး စိတ်ကူးတဲ့အနေအထားက ချင်းအမျိုးသားတွေအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေပါတယ်။ ပြည်တွင်းမှာ မနေရဲဘူ သူတို့က စစ်ကောင်စီအောက်မှာ မနေရဲဘူး စိတ်ဖိစီးလို့ စိတ်ဓာတ်ကျဆင်းမှုတွေကြောင့် အဲဒါတွေက အင်မတန်မှ ထိခိုက်တယ်။ တစ်ဖက်နိုင်ငံ ရောက်ရင် ဒေသခံတွေဆောက်ပေးတဲ့ အိမ်တွေရာတွေ မှာနေတာဆိုတော့ သူ့အိမ် ကိုယ့်အိမ်မှာ နေတဲ့ အနေအထားနဲ့လုံး၀ ကွာခြားသွားတယ်။ အဲဒါ စိတ်ဖိစီးမှုတွေရှိနေပြီပေါ့။

Public Service Announcement

​မေးအာဏသာသိမ်းပြီးနောက်ပိုင်း အရပ်သားထိခိုက်သေဆုံးမှုတွေရော ဘယ်လောက်ရှိပါသလဲဗျ။

​ဖြေ-အရပ်သားထိခိုက်သေဆုံးမှုက စစ်ဘေးရှောင်ထဲကဆိုရင် ၁၀ဦးထက်မနည်းတော့ရှိပါတယ်။ စစ်ကောင်စီက သတ်ဖြတ်တဲ့ ဟာကို တစ်ပိုင်းထားလိုက် ။ စစ်ဘေးရှောင်နေတဲ့အတွင်းမှာ မွေးကင်းစ ကလေးငယ်သေတာတို့ အဘိုးအဖွားတွေသေတာတို့ နောက်တစ်ခုက ကိုဗစ်နဲ့ သေတာတို့ဆိုရင် ၁၀ယောက်ထက်မနည်းတော့ရှိပြီ။

မေး-အခြားဘာတွေဖြည့်စွက်ပြောလိုပါသလဲ။

​ဖြေ-အဲဒီလို စစ်ဘေးရှောင်အနေအထားက ရေရှည်က အကူအညီတွေ လူမှုရေးဆိုင်ရာအကူအညီတွေ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ အဲဒါတွေတော့ အဲဒါတွေတော့ အများကြီး လိုအပ်စပြုနေပြီ။ အဲဒီအတွက် နိုင်ငံတကာအနေနဲ့ရော အလှူရှင်များက အနီးကပ် ကြည့်ရှုစောင့်ရှောက်ပေးဖို့ အဲဒါ ထပ်ပြီးတော့ ပြောချင်ပါတယ်။ တောင်းလည်းတောင်းဆိုလိုတယ် မေတ္တာရပ်ခံတယ်ပေါ့။

​ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။