Connect with us

Hi, what are you looking for?

သတင်း

အောင်ဇေယျစစ်ကြောင်း ရက်နှစ်ပတ်ကြာသည်အထိ ‌ဒေါနတောင်‌ခြေမှ ရှေ့မတိုးနိုင်

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။

ကော့ကရိတ်မှ မြဝတီသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများ
ကော့ကရိတ်မှ မြဝတီသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများ

-People’s Spring

မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ရက်နှစ်ပတ်ကြာသည်အထိ ‌ကော့ကရိတ်မြို့အကျော် ဒေါနတောင်‌ခြေ၌ပင် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေကြောင်း တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာရှိ PDF စစ်ကြောင်းမှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် ဧပြီ ၇ရက်ခန့်တွင် မော်လမြိုင်မြို့မှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဧပြီ ၁၁ရက်တွင် ကော့ကရိတ်မြို့သို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လမ်းပိုင်းတလျှောက်တွင်လည်း တော်လှန်ရေးပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ကြသည်။

ဧပြီ ၁၁ရက်ညပိုင်းတွင် ကော့ကရိတ်မြို့သို့ စစ်ကြောင်းဝင်ရောက်လာပြီး ဧပြီ ၁၂ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပြန်သည်။ အောင်ဇေယျစစ်ကြောင်းသည် ကော့နွဲ့ကျေးရွာအနီး၌ ရပ်တန့်နေခဲ့ရပြီးနောက် တတန်းကူးကျေးရွာအနီးအရောက်တွင် ရှေ့ဆက်မတိုးနိုင်တော့ဘဲ ရပ်တန့်နေသည်မှာ ရက်နှစ်ပတ်ခန့်ကြာနေပြီ ဖြစ်သည်။

Public Service Announcement

Public Service Announcement

အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်
အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်

“(၃၂)ဗျူဟာကလည်း ပိတ်ထားတယ်။ ကျနော်တို့ (၃၁)ဗျူဟာကလည်း ကာထားတယ်။ အတက်နိုင်ဆုံး ကြိုးစားပြီး သူတို့အင်အားနည်းအောင် လုပ်နေပါတယ်”ဟု တောင်ပိုင်းတိုင်း အမှတ်(၃၁) ဗျူဟာရှိ PDF စစ်ကြောင်းမှူးတစ်ဦးက People’s Springသို့ ပြောသည်။

မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းစစ်ကောင်စီတပ်များအား ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) မှ ဦးဆောင်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာဧပြီ ၂၁ ရက်တိုက်ပွဲတွင် သံချပ်ကာယာဉ် တစ်စီး၊ စစ်သုံးကား နှစ်စီး အပါအဝင် စက်လက်တစ်လက်နှင့် လက်နက်ခဲယမ်း များ သိမ်းဆီးရမိပြီး ဗိုလ်ကြီးတစ်ဦးနှင့် ဗိုလ်တစ်ဦး အပါအဝင် ခြောက်ဦးသေဆုံးခဲ့ကြောင်းလည်း KNUက အသိ​ပေးထားသည်။

ကော့ကရိတ်မှ မြဝတီမြို့သို့ စစ်ကူအဖြင့် ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်များအား ကြားဖြတ်တိုက်ခိုက် ချေမှုန်းရာ ဧပြီ ၂၁ရက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဥ် တစ်စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဥ် နှစ်စီး၊ ပွိုင့်ဖွိုက် တစ်လက်အပါအဝင် လက်နက်ငယ် (၁၁)လက်နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရခဲ့သည်ဟု အသိပေးသည်။

ကော့ကရိတ်မှ မြဝတီသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများ
ကော့ကရိတ်မှ မြဝတီသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများ

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားသည်။

“အခြားတစ်ဖက်မှာတော့ မြ၀တီမြို့ကို နိုင်ငံအဆင့် အောင်ဇေယျ စစ်ဆင်ရေးနဲ့ မရ ၊အရ ပြန်သိမ်းမယ်လို့ ကြုံးဝါးပြီး ဒရောသောပါး ထိုးစစ်ဆင်လာတဲ့ နယ်ချဲ့ စစ်မိစ္ဆာ စစ်ခွေးနဲ့ အပေါင်းအပါ အားလုံးကိုတော့ တွေ့ရာ သင်္ချိုင်းဓားမဆိုင်းဘဲကျွန်​တော်တို့ KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေအားလုံးက​နေ ဒီ စစ်ကူတပ်တွေကို ပြတ်ပြတ်သားသား ရိုက်ချိုး ဖြတ်တောက်ပြီး တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်”ဟု ပဒို​စော​တောနီးက ​ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်၍ လူအင်အား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ထိုးစစ်ဆင် ချီတက်လျှက်ရှိနေပြီး လက်နက်ကြီး ပစ်ကူဖြင့် သော်လည်းကောင်း၊ လေယာဥ်ပစ်ကူဖြင့် သော်လည်းကောင်း နေ့ညမပြတ် လိုက်လံဗုံးကြဲ ပစ်ခတ်လျှက်ရှိနေသည်ဟု အသိပေးထားသည်။

ထို့အပြင် ကေအဲယူန်ယူ – တပ်မဟာ (၆) ဒူးပလာယာခရိုင်အတွင်း ကျန်ရှိနေသေးသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများအား အပြီးသတ် တိုက်ခိုက်ချေမှုန်း သိမ်းပိုက်နိုင်ရန် နေရာအနံ့ နေ့စဥ်နှင့်အမျှ နှစ်ဖက် တိတွေ့ရင်ဆိုင်တိုက်ပွဲများရှိနေသလိုအာဏာသိမ်းစစ်ကောင်စီတပ်မှ အများအပြား ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ရပြီး မြောက်များစွာသော လက်နက်ခဲယမ်းများနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများစွာတို့အားလည်း ၎င်းတို့ထံမှ သိမ်းဆည်းရမိခဲ့သည်ဟု KNUက ထုတ်ပြန်ထားသည်။

စစ်ရေးအရ ရှုံးနှိမ့်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များသည် နေ့စဉ်နှင့်အမျှ လက်နက်ကြီးများနှင့် လေယာဉ်တို့ကိုအားကိုကာ ပြည်သူလူထုများနေထိုင်သည့် ကျေးရွာများသို့ ရမ်းသမ်း၍သော်လည်ကောင်း ရည်ရွယ်ချက်ရှိရှိ သော်လည်ကောင်း လိုက်လံဗုံးကြဲပစ်ခတ်လျှက်ရှိသည်။

ယမန်နေ့ညကလည်း မြဝတီမြို့အပြင်ဘက်ရှိ စွယ်တော်ကုန်းတောင်ခြေတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့အနီးရှိ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)တောင်ခြေ၌ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါ စွယ်တော်ကုန်း(အမြောက်တပ်ကုန်း)သည် မြဝတီမြို့အမှတ်(၂)တံတားရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းက တိုက်ခိုက်စဥ် လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့သော တပ်ဖြစ်သည်။

မြဝတီမြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်းအနေဖြင့် စွယ်တော်ကုန်းတပ်စခန်းတစ်ခုသာ ကျန်ရှိတော့ကြောင်းလည်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

(ကော့ကရိတ်မှ မြဝတီသို့ ထိုးစစ်ဆင်လာသော အာဏာသိမ်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ ဆက်စပ်ပစ္စည်းများ။ အောင်ဇေယျစစ်ကြောင်း မြဝတီမြို့သို့ လာရန် ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် နေရာမြေပုံအား တွေ့ရစဥ်။ ဓာတ်ပုံ – KNU)

ဆက်စပ်သတင်းများ

သတင်း

မြဝတီမြို့ပေါ်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ မလိုအပ်ဘဲလက်နက်ကိုင်ဆောင်တာမလုပ်ဖို့ တားမြစ်ချက် အပါအဝင် စည်းကမ်းချက် ရှစ်ချက်ကို အာဏာသိမ်းစစ်တပ် က ထုတ်ပြန် တင်းကျပ်လိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် မြို့အတွင်းရှိနေတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲ လက်နက်ကိုင်ဆောင်ခြင်း မပြုဖို့ စစ်တပ်က ကန့်သတ်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြ၀တီမြို့တောင်ဘက်က ရသေ့ဂူရွာနဲ့ ဖလူးလေးကျေးရွာကြားမှာ မနေ့ (ဒီဇင်ဘာ ၁၉) ကရင်နှစ်သစ်ကူးနေ့က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတဲ့အတွက် KNU ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ် လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူလိုက်ပြီးနောက် BGF တပ်ဖွဲ့ဝင်တွေကို မြဝတီမြို့ တံတားအောက်ကနေ ဖယ်ရှားလိုက်တယ်လို့ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook