Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ်၌ စစ်သားစုဆောင်းနေသည့် စစ်ကောင်စီအုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် ခေါင်းဆောင်ထံမှ လက်နက်များ တော်လှန်ရေးအဖွဲ့များ သိမ်းဆည်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

(ပြည်သူ့စစ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MSRF)
(ပြည်သူ့စစ်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - MSRF)

▪️လက်နက်ပြန်လုသည့် ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ပစ်ခတ် ရှင်းလင်းခဲ့ရဟု MSRF အသိပေး

ဟန်နွေ/People’s Spring

မွန်ပြည်နယ် ရေးမြို့နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအတွက် တပ်သားစုဆောင်းနေသည့် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ် ခေါင်းဆောင်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ထုတ်ပြန်သည်။

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

ကျုံညှဲကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင် ၅ဦးအား တော်လှန်ရေးမဟာမိတ်တပ်များမှ ခေါ်ယူစစ်ဆေးခဲ့ပြီး၊ သုံးဦးအားယင်းနေ့၌ပင် ပြန်လွှတ်ပေးခဲ့ကြောင်း၊ ကျန်နေသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ထိန်းသိမ်းထားရာ ဧပြီ ၂၄ရက် နံနက်တွင် သိမ်းဆည်းထားသောလက်နက်များကို လုယူကာပစ်ခတ်သဖြင့် တော်လှန်ရေးရဲဘော် တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ အဆိုပါ ပြည်သူ့စစ် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း MSRFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကျုံညှဲကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ထံမှ M4 Carbine ၂လက်၊ ကိုးလုံးပြောင်းချောသေနတ် ၂လက်၊ 380 ပစ္စတို ၂လက် ၊ ကိုးလုံးအတို ၁လက်၊ .23အတို ၁လက်၊ တူမီး ၁လက်နှင့် ကျည်များ ၊ လက်ပစ်ဗုံးနှင့် စစ် အသုံးအဆောင် များ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

ထို့ပြင် ကျုံညှဲကျေးရွာ ပြည်သူ့စစ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် စစ်သားစုဆောင်းမှု မှတ်တမ်းမှတ်ရာများကိုလည်း MSRFက ဖော်ပြကာ မှတ်တမ်းများကိုလည်း ဖတ်ပြခဲ့သည်။

” စစ်မှုထမ်းဥပဒေအတွက်ကူညီလုပ်ပေးနေတာ။ ဒီဟာက စစ်မှုထမ်း အရွယ်ရောက်ပြီးသားသူတွေ ဖောင်ဖြည့်ဖို့အတွက် အဲဒါတွေလုပ်ပေးနေတဲ့သူတွေဖြစ်ပါတယ်။ ကြည့်ကြည့်ပါ။အကုန်လုံးက မွန်တွေချည်းပဲ။ စကစရဲ့ စစ်မှုထမ်းဥပဒေထဲကို စစ်မှုထမ်းဖို့အတွက်ကို တခါတည်း သူတို့က ပြည်သူ့စစ်တွေကလုပ်ပေးနေတာ။ စကစရဲ့ ထောက်တိုင်တွေဖြစ်တယ်။ အားလုံး ၂၉၈ဦးထိရှိတယ်။ ဒီစာရင်းအရ။ အယောက် သုံးရာနီးနီးရှိတယ်”ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဖတ်ပြသည်။

ယခု ပြည်သူ့စစ်များအား လက်နက်ဖြုတ်သိမ်းခဲ့သည့် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးသိမ်းငှက်(ဒေါနစစ်ကြောင်း လုံခြုံရေးတပ်ခွဲ)၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇) တို့ပါဝင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းထားသည့်မည်သည့် လက်နက်ကိုင်ပုဂ္ဂိုလ် ၊ အဖွဲ့အစည်းများကိုမဆို ရန်သူအဖြင့်သတ်မှတ်ပြီး ရှင်းလင်းသွားမည် ဖြစ်ကြောင်း ယခင်ကတည်းက အသိပေးထုတ် ပြန်ထားပြီးဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။