Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဥ် WFP ရဲ့ ဆန်ပေးဝေမှုကို စစ်ကောင်စီက ထိန်းချုပ်ထားသလို စစ်ကောင်စီမိသားစုဝင်တွေက ဆန်တန်းစီပြီး စျေးကွက်ထဲ ပြန်ရောင်းနေတယ်”

မနေ့က ဆိုလည်း တိုက်ပွဲ ဖြစ်တယ်။နေ့စဥ်လိုလို တိုက်ပွဲ ကရှိနေတော့ စစ်ဘေးရှောင်လူဦးရေ ကလျော့ ဖို့ဆိုတာမဖြစ်နိုင်ဘူး။နောက်ဆုံး အချုပ်အရ ဆိုရင် စစ်ဘေးရှောင် နှစ်သိန်းခွဲလောက်အထိ ဖြစ်လာနေတယ်။ဒါက ပြည်နယ်ရဲ့ ထက်ဝက်လူဦးရေ ထက် များနေတာပေါ့။

(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )
(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )

▪︎ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားနဲ့မေးမြန်းခန်း

ကရင်နီပြည်နယ်မှာ စစ်​ဘေး​ရှောင်​ပြည်သူတွေ အဓိကရင်ဆိုင်​နေရတဲ့ပြသာနာတွေ ၊ စစ်​ကောင်စီတပ်က ပြည်သူ​တွေ ဖြတ်​လေဖြတ်နဲ့ ရိက္ခာဖြတ်​တောက်ထားမှု ၊ကုလသမဂ္ဂ​အေဂျင်စီ​တွေကအကူအညီ​ပေး​နေတယ် ဆို​​ပေမယ့် စစ်​ဘေး​ရှောင်ပြည်သူ​တွေဆီ ​ရောက်မ​ရောက် ဆိုတဲ့​မြေပြင်အ​ခြေအ​နေ စတာ​တွေကို စစ်​ဘေး​​ရှောင်ပြည်သူ​တွေကို အကူအညီ​ပေး​နေတဲ့ ကရင်နီ လူ့အခွင့်အ​ရေးအဖွဲ့ ဒါရိုက်တာ ဦးဗညားနဲ့ People’s Spring ရဲ့​မေးမြန်းခန်းကို တင်ဆက်လိုက်ပါတယ်။

မေး – စစ်အုပ်စုအာဏာသိမ်းတာ ၂ နှစ်​ကျော်လာ​တော့ ကရင်နီ(ကယား)ပြည်နယ်မှာစစ်ဘေးရှောင်ပြည်သူတွေ ထပ်တိုးလာနေလားဒါမှမဟုတ် လျော့လာတာမျိုးရှိလား။

ဖြေ- မနေ့က ဆိုလည်း တိုက်ပွဲ ဖြစ်တယ်။နေ့စဥ်လိုလို တိုက်ပွဲ ကရှိနေတော့ စစ်ဘေးရှောင်လူဦးရေ ကလျော့ ဖို့ဆိုတာမဖြစ်နိုင်ဘူး။နောက်ဆုံး အချုပ်အရ ဆိုရင် စစ်ဘေးရှောင် နှစ်သိန်းခွဲလောက်အထိ ဖြစ်လာနေတယ်။ဒါက ပြည်နယ်ရဲ့ ထက်ဝက်လူဦးရေ ထက် များနေတာပေါ့။

မေး- စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနပ်ရိက္ခာအခက်အခဲက ဘယ်လောက်ထိ မြင့်တက်နေလဲ။

Public Service Announcement

Public Service Announcement

ဖြေ- အထူးသဖြင့် စစ်ရှောင်ပြည်သူအများစုက တောတောင်တွေထဲမှာပဲ များတယ်။ဒီးမော့ဆို အရှေ့ဘက်ခြမ်းအတွင်းပိုင်းတို့၊ဒီးမော့ဆို အနောက်ဘက်ခြမ်း အတွင်းပိုင်းတို့၊ဖရူဆိုအရှေ့ခြမ်းအနောက်ခြမ်း၊မြေဧကလည်း အကန့်အသတ်ရှိတယ်။နောက်ပြီး စိုက်ပျိုးနိုင်တဲ့အနေအထားလည်း အကန့်အသတ်ရှိတယ်။ ဒေသ ကလည်း အရင်ကတည်းက ဆန်ရေစပါးပေါများတဲ့ဒေသမဟုတ်တော့ ရှိတဲ့ဟာကို မျှဝေ စား သောက်ခဲ့တာ အခု ၂ နှစ်ကျော်အထိ တောင့်ခံလာတာပေါ့။အခု တော်တော်လေး အားနည်းလာတယ်။နောက် တစ်ချက်က ဘယ် လောက်ထိ စိတ်ပျက်စရာ ကောင်းလဲဆိုတော့ WFP က တောင် အကန့်အသတ်နဲ့ တ ကယ်လိုအပ်တဲ့သူကိုပဲ ပေးတော့မယ်ဆိုတဲ့ ပြောလာတဲ့အနေအထားရှိလာတယ်။သူတို့ကရော အရင်ကရော အခုရော ပြည်သူလူထုက အုပ်ချုပ်တဲ့ဒေသတွေ ဖြစ်တဲ့ စစ်ဘေးရှောင်ဒေသတွေကို လက်လှမ်းမီခဲ့တာမျိုး မဟုတ်ဘူး။WFP ရဲ့ အထောက်အပံ့က လွိုင်ကော်မြို့ပေါ်လောက်ပဲ လက်လှမ်း မီတာ။တကယ့် စစ်ရှောင်တွေရှိတဲ့ ဒေသကို အထောက်အပံ့ရောက်ခဲ့တာ မရှိဘူး။အခုထပ်ပြီး လျှော့ချမယ်ဆိုတော့ ကျွန်တော်တို့ တော်တော် မျက်လုံး လှုပ်ရတယ်။

(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )
(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )

မေး- WFP အပြင် စစ်ရှောင်အရေး ကူညီမှု ပေးနိုင်တဲ့ တခြား အဖွဲ့အစည်း ဒါမှမဟုတ် ပြည်ပ ရောက်မြန်မာ ပြည်သူတွေရဲ့ ပံ့ပိုးမှုအခြေ အနေ ကရော ဘယ်လို ရှိ​နေလဲ။

ဖြေ- နိုင်ငံတကာအဖွဲ့အစည်းကလည်း လှူနိုင်တဲ့ဟာ အကန့်အသတ်တွေရှိလာတယ်။နည်းလာတယ်။နောက်တချိန်တည်းမှာပဲ နှစ်နှစ်ကျော်ကျော်အထိတောင့်ခံနိုင်တဲ့ အဓိက အကြောင်းအရင်းက နိုင်ငံတကာ အကူ အညီထက်စာရင် အဝေးရောက် ကရင်နီ မိသားစုဝင်တွေ အဝေးရောက်မြန်မာပြည်သူတွေ သဒ္ဓါကြီးကြီး အား ကောင်းမောင်းသန်တဲ့ ကြိုးစားရှာဖွေရတဲ့ ငွေ ကြေးနဲ့ ပံ့ပိုးလို့သာ ကျွန်တော်တို့ဆက်သွားနိုင်ခဲ့တာ။အခု နောက်ပိုင်းက အားလုံးသိတဲ့အတိုင်းတဖြည်း ဖြည်း ကြပ်တည်းလာကြတယ်။အမြဲတမ်းလိုလို လိုအပ်ချက်တွေ ဖြည့်နေရတော့ အဝေးရောက်မြန်မာ နိုင်ငံသူ နိုင်ငံသားတွေလည်း ကြပ်တည်းလာတယ်။ထည့်ဝင်မှုပမာဏလည်း ကျလာတယ်။

မေး- ကရင်နီဘက်မှာ ကုန်စျေးနှုန်းက အဆမတန်မြင့်နေတယ်လို့လည်း သိရတယ်။ကုန်​ဈေးနှုန်းကြီးတာကပြည်သူတွေ အထူးသဖြင့် စစ်ရှောင်ပြည်သူ​တွေအ​ပေါ် သက်ရောက် မှုက ဘယ်လောက် ရှိလဲ။

ဖြေ- အရင်တုန်းက ကျွန် တော်တို့ သုံးသောင်းခွဲနဲ့ဝယ်ရတဲ့ ဆန်တစ်အိတ်က ငါး သောင်း အနည်းဆုံးပေးမှရတဲ့ ဘဝ ကိုရောက်သွား တယ်။တချို့နေရာတွေမှာဆိုရင် ရှစ်သောင်းလောက်ထိ ပေးရတယ်။ဘေးကြပ်နံကြပ် ပေါင်စုံကို ရင် ဆိုင်နေရတယ်လို့ ပြောလိုတယ်။

(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )
(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )

မေး- ကရင်နီ(ကယား)ပြည်နယ် ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီဘက်က ထိန်းချုပ်နေတယ်လို့ ကြားနေရတယ်။အဲတာကရော မှန်လားဗျ။

ဖြေ – စစ်ကောင်စီရဲ့ စနစ်တကျ ပိတ်ဆို့မှုကို လည်း ခံနေရတယ်။ကရင်နီပြည်နယ်ထဲကို ဆန်၊စပါးတွေ သွင်းနိုင်တဲ့လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတာ။နောက်အနည်းအကျဥ်းရောက်လာတဲ့ ဆန်ဆိုရင်လည်း ဒီးမော့ဆိုတို့ လွိုင်ကော် အရှေ့ဘက်ခြမ်း ၊အနောက်ဘက်ခြမ်း၊ဖရူဆို ဘက်ခြမ်းတို့ဆို လုံးဝ ကို တင်သွင်းခွင့်မရဘူး။

Public Service Announcement
Public Service Announcement

မေး- WFP ရဲ့ စစ်ရှောင်တွေကို ထောက်ပံ့ တဲ့ဆန်တွေက ပြင်ပစျေးကွက်ထဲ ရောက်နေတဲ့အ​ပေါ်မှာမှတ်ချက်ပြုပေးပါဦး။

ဖြေ- WFP ရဲ့ ဆန်ပေးဝေမှုကလည်း စစ်ကောင်စီရဲ့ ခွင့်ပြချက်နဲ့ပဲ ပေးဝေရတာ။ထိန်းချုပ်ထားတာပေါ့။လွိုင်ကော်မြို့ပေါ်က ရပ်ကွက် တွေလောက်ပဲ။ဝေနိုင်ဖို့နဲ့ ရနိုင်ဖို့က လည်း ရပ်ကွက် မှူး တွေရဲ့ထောက်ခံစာနဲ့ အိမ်ထောင်စုစာရင်းပေး ရတယ်။အဲဒီတော့ ဘာပြဿ နာဖြစ်လည်း ဆိုတော့ သူတို့သတ်မှတ်ချက်နဲ့ကိုက်တဲ့သူတိုင်းကို ဝေ လိုက်တယ်။တချို့ဆို စစ်ဘေးရှောင် မဟုတ်ဘူး။ရပ်ကွက်ထဲ ပုံမှန်စားသောက်နေတဲ့သူ။နောက်ပြီး ဘာသွားတွေ့ရလည်းဆိုတော့ ရပ်ကွက်ထဲတခါမှ မမြင်ဘူးသူ တွေက မနက်အစောကတည်းက ဆန်တန်းစီတယ်။ ဒေသခံလည်းမဟုတ်သလိုရပ်ကွက်နေလူထုကလည်း အဲဒီလူတွေကို မမြင်ဘူးဖူး။အဲဒီတော့ ဒီလူတွေက စစ် ကောင်စီ ရဲ့မိသားစုဝင်တွေ နဲ့ သူတို့ အဆက်အနွယ်တွေပဲဆိုတာပြောနိုင်တယ်။လွိုင်ကော်မှာဆို စစ်ကောင်စီတပ်ရဲ့ မိသားစု က အများကြီးပဲ။အဲဒီတော့ သူတို့မိသားစု ဝင်တွေ အတွက် ရပ်ကွပ် အုပ်မှူးတွေနဲ့ ညှိပြီး ထုတ်ပေး တာ တွေပေါ့။သူတို့စစ်တပ်က လူတွေက ဆန်ကို စျေးကွက် ထဲ ပြန်ရောင်းတယ်။နောက်မလိုအပ်တဲ့သူတွေက ပြန်ရောင်းနေကြတာပေါ့။အဓိက ပြဿနာက WFP ရဲ့ လုပ် ဆောင်မှုတွေက တိကျမှုမရှိဘူးဆိုတာ ပြောလို့ရတယ်။စစ်ကောင်စီရဲ့ လုပ်ဆောင်မှု အတိုင်းသူတို့ နောက်လိုက်နေရတယ်။တကယ့် စစ်ဘေးရှောင် ဒေသတွေ ဆီ သူတို့အကူအညီမရောက်ပါဘူး။

(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )
(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )

မေး-စစ်​ကောင်စီက စစ်ဘေးရှောင် နေရာတွေကိုပါ ဦးတည်ပြီး လက်နက်ကြီး အပါအဝင် လေကြောင်း တိုက်ခိုက်မှုတွေ ပိုမြင့်လာနေတာက ရည် ရွယ်ချက် နဲ့တိုက်ခိုက်နေတာလား။

ဖြေ-စစ်ဘေးရှောင်တွေရှိတဲ့ နေရာတွေကို ည တိုင်း၊နေ့တိုင်းပဲ လက်နက် ကြီးနဲ့အများဆုံးပစ်ခတ်နေတယ်။ နောက်ပြီး မကြာသေးခင်ကလွိုင်ကော်အရှေ့ဖက်ခြမ်းနဲ့ ဖယ်ခုံမြို့က စစ်ရှောင်နေရာတွေကို လေယာဥ်နဲ့ပါဗုံးကြဲလာတယ်။အဲဒီတော့ စစ်ကောင်စီရဲ့ ပစ်မှတ်က စစ်ရေးအရ လူထုတွေကို တောတွင်းဘက်ကို ပိုပြီး တွန်းပို့နေတယ်။စနစ်တကျ ရွာမှာ နေနိုင်ရင်တောင် ရွာအပြင် ဘက် တောထဲကို တွန်းပို့လိုက်တာက ရွာသူရွာ သား တွေရဲ့ ပုံမှန်စားသောက်ရှာဖွေမှုတွေစီးပွားရေး တွေ ပျက်သုဥ်းတယ်။စိတ်ပိုင်းဆိုင်ရာအရ ကြောက်ရွံ့မှု ဖြစ်ပေါ်စေတယ်။တော်လှန်ရေးအပေါ် အားနည်းသွားအောင်လုပ်နေတဲ့ စစ်ရေးလို့ သတ်မှတ်နိုင်တယ်။ဖြတ်လေးဖြတ် ထက်ပိုပြီး ရက်စက်နေတယ်။လူထု ငတ်ပြတ် အောင်လုပ်မယ်။ချို့တဲ့အောင်လုပ်မယ်။လူထုက မခံနိုင်တော့တဲ့အချိန်သူတို့ စီမံမှုအောက်လာဖို့ ဆွဲဆောင် အကြပ်ကိုင်နေတာ။ဒီထက်ပိုပြီး နောက်တဆင့် ထက်တက်လာမယ်ဆိုတာလည်း မြင်ရတယ်။

မေး- စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေထဲမှာ က လေးသူငယ်နဲ့ သက်ကြီးရွယ်အို များရဲ့ ပညာရေး၊ကျန်းမာရေး နဲ့ အာဟာရ လိုအပ်မှု နဲ့ စိုးရိမ်ရတဲ့ အ ခြေအနေတွေရှိနေလား။

ဖြေ- ပညာရေးအပိုင်းမှာဆို ဆရာ၊ဆရာမ မလုံ လောက်မှုနဲ့ အဆောက်အဦး မလုံခြုံတဲ့ အရာတွေကြောင့် တောတွင်းမှာ အပူအအေးဒဏ် အလူးအလဲ ခံနေရတယ်။နောက်ပြီး ရေ အခက်အခဲ​ကြောင့် တစ်ကိုယ်ရေသန့်ရှင်မှု ပြဿနာက လည်း ဖြေရှင်းနေရတယ်။နောက် စစ်ရှောင်စခန်းတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးနဲ့အတူ သေဆုံးတာမျိုးတွေရှိတယ်။ရှေ့တစ်ပတ် နှစ်ပတ်တည်းကပဲ ဖရူဆို အနောက်ဘက်ခြမ်းမှာ သေဆုံးသွားတာမျိုးရှိတယ်။ နောက်မနေ့က တနေ့ကပဲ ဖယ်ခုံဘက်မှာ မွေးကင်းစ အမွှာ သေဆုံးသွားတာရှိတယ်။နောက် အရင်လ(ဇန်နဝါရီ) ၂၅ ၊ ၂၆ ရက်နေ့လောက်ဝန်းကျင်မှာ မွေးကင်း တစ်ရက် သားအရွယ်ဆုံးပါးသွားတာမျိုး ဖြစ်နေတယ်။အဲဒီဟာ တွေရဲ့ ဇစ်မြစ်က မိခင် တွေရဲ့ အစာအဟာရ နည်းပါးလာတာ။ကိုယ်ဝန်လမစေ့ဘဲ မွေးတာတွေ ပိုများလာတယ်။နောက်ပြီး မွေးရင် ဆုံးသွားတာမျိုး ရှိနေတယ်။ဒီတိုင်း ဆက်သွားရင်တော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စိုးရိမ်စရာ အခြေအနေဆိုတာ အသိပေးလိုတယ်။ဆန်ကို မနည်းဝယ်ယူနေရတာတွေ နဲ့ အာဟာရ ဖြစ်စေမယ့် အသားငါး ဥ တွေကို အခုနောက်ပိုင်း ဘယ်လိုမှ မထုတ်ပေးနိုင်တော့ဘူး။အလွန်ဆုံးက ဆန်၊ဆီ၊ဆား ပဲပေးနိုင်တော့တယ်။သက်ကြီးရွယ်အိုပိုင်းဆိုလည်း ဆေးစွဲ ပြီး သောက်နေရတာတွေများတယ်။တနေ့ကဆို စစ်ဘေးရှောင်ရွာတစ်ခုကို အသေးစား ကျန်း မာရေးစောင့်ရှောက်မှုသွား လုပ်တယ်။ညနေ ၃ နာရီကနေ ည ၇ နာရီအထိ လူဦးရေ ၅၀ က ဆေးကုသမှုလာယူကြတော့ အများစုက သက်ကြီးရွယ်အိုကြီးပဲ။ဆိုလိုတာက စစ်ဘေးရှောင် သက်ကြီးရွယ်အိုတွေရဲ့ကျန်းမာ ရေးက ပိုပြီး ဆုတ်ယုတ်လာနေတယ်။

(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )
(ကရင်နီဒေသစစ်ဘေးရှောင်ပြည်သူများနှင့်၎င်းတို့နေထိုင်နေရ​​သော ယာယီတဲအိမ်များ ဗုံးခိုကျင်များကို​တွေ့ရစဥ်။ဓာတ်ပုံ Clean Yangon ၊ ZATTZ )

မေး- ဖြည့်စွက်အသိပေးလိုတာရှိရင် ပြောကြားပေးပါဗျ ။

ဖြေ -နိုင်ငံတကာ၊အထူးသဖြင့် UN အေဂျင်စီ တွေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုကို ​ဒေသနဲ့ ကိုက်ညီတဲ့ နည်းနာတွေကို ​ဒေသတွင်းမှာရှိနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ ပရဟိတ အဖွဲ့အစည်းတွေ နဲ့ ထိတွေ့ပြီးတော့ ပြောဆို ဖို့လိုအပ်ပါတယ်။သူတို့ နဲ့ နီးစပ်ရာစစ်ရှောင်စခန်းတစ်ခုနှစ်ခုကို ပဲ (Survey) လုပ်နေရုံနဲ့ မရပါဘူး။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။