Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယင်းမာပင်တွင် စစ်​ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ​ကျေးရွာ​လေးရွာထက်မနည်း အ​ရေး​ပေါ် စစ်​ဘေး​ရှောင်​နေရ

“မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ​၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်ကောင်စီတပ်က ယင်းမာပင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကျေးရွာလေးရွာထက်မနည်း အရေးပေါ် စစ်ဘေးရှောင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယမန်နေ့ည ၁၀နာရီကစ၍ ယနေ့(ဇွန် ၂၁ ရက်)နံနက် ၆ နာရီဝန်းကျင်ထိ စစ်ကောင်စီတပ်က ယင်းမာပင်မြို့ပေါ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

“မြို့ပေါ် ကျေးရွာက အမျိုးသားတစ်ဦး လက်နက်ကြီးမှန်သွားတယ်ဗျ။ပြီးတော့ ဒီမနက်သုံးနာရီလောက်မှာ ထပ်ပစ်လို့ မြို့ပေါ် ​၊ပြောင်းပြာ ၊နုံးကြီး၊ ရွာထောင်ရွာက လူတွေ အကုန်ရွှေ့နေရတယ်”ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

လက်ရှိစစ်ဘေးရှောင်နေရသော ကျေးရွာများသည် ယင်းမာပင်မြို့နှင့် နီးစပ်ပြီး မြို့၏ အနောက်မြောက်ဘက်တွင်ရှိကြောင်းလည်း ဗိုလ်သူရိန်(ယင်းမာပင်)က ဆိုသည်။

Public Service Announcement

Public Service Announcement

(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများဖြစ်သည်။ ဓာတ်ပုံ – CJ)

“တိုက်ပွဲလည်းမရှိဘူး အကြောင်းမဲ့သက်သက် ပစ်ခတ်နေတာ။လက်ရှိတော့ ယင်းမာပင်ထဲ မှာ စခက အင်အားတိုးထားတယ်။စုစုပေါင်း စစ်ကားအစီး ၇၀လောက်ဝင်နေတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။