Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဒီလုပ်ရပ်ကလူမျိုးသုဥ်းသတ်ဖြတ်မှုခင်ဗျ။ ဘယ်လိုပုံစံမျိုး မှတ်ချက်ပေးရမယ်တောင်မသိတော့ဘူး”

စစ်ကိုင်းမြို့နယ်တာတိုင်ရွာအနီးပြည်သူ (၁၇)ဦးအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်အပေါ် NUG အစိုးရ၊ လူသားချင်းစာနာထောက်ထားရေးဌာနမှ စစ်ကိုင်းခရိုင်တာဝန်ခံ စစ်ကိုင်းဘိုးဘိုး အား People’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG
တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG

▪︎တာတိုင်ရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုနဲ့ပတ်သပ်၍ NUG လူသားချင်းစာနာထောက်ထားရေးဌာနမှ စစ်ကိုင်းခရိုင်တာဝန်ခံ နဲ့​မေးမြန်းခန်း

​မေး – ပထမဆုံးအနေနဲ့ တာတိုင်ရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ်အကျဥ်းလေး သိပါရစေခင်ဗျာ။

​ဖြေ- မတ်လ ၁ ရက်နေ့ မနက်စော စော ၃ နာရီလောက်ကနေ ထီးဆောင်း ဘက်ကနေ သူတို့ညဦးပိုင်းကထိုးလာတဲ့ ခွေးတွေက လမ်းမှာ ရွှေလှေ၊ ညောင်အင်း၊ ဦးပိုင်ညွန့်၊ ရထောင် ဆိုတဲ့ရွာလေးရွာကိုမဝင်ဘဲနဲ့ တောလမ်းအတိုင်းကွင်းပြီးတော့ ဖြတ်ဝင်လာတာပေါ့။ တာတိုင်ရွာကို တန်းဝင်လာတာ။ တာတိုင်ကို ၃ နာရီလောက် ရောက်ပြီးတော့မှ သေနတ်တွေဘာတွေ မဖောက်ဘဲနဲ့ ဝင်စီးတာပေါ့။ အဲဒီမှာ ရွာမှာအိပ်နေတဲ့သူတွေဘာတွေ အကုန်ဖမ်းတာပေါ့။ အားလုံး ရွာသူရွာသား (၈၀)ကျော်လောက် ရှိမယ်။ အဲဒါက ရွာထဲအိပ်တဲ့သူပေါ့။ မိတဲ့သူတွေ မိခံလိုက်ရတာပေါ့။ ပြေးလို့ လွတ်တဲ့သူတွေလည်း လွတ်တယ်ပေါ့။ အကုန်လုံးကို ဘုန်းကြီး ကျောင်းထဲမှာ ဖမ်းထားတယ်။ ဖမ်းထားပြီးတော့မှ (မတ် ၂) မနက် ၈ နာရီလောက်မှာ ဒီဘက်က ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တော့တာ။ သူတို့(စစ်ကောင်စီတပ်)က ရွာကိုအကုန်စီးပြီးတော့မှ ခံတုပ်ကျင်းတွေဘာတွေ လုပ်တော့တာပေါ့။ ပြီးတော့ ရွာထဲအကုန် ဝင်မွှေပြီးတော့ အဲဒီရွာ(တာတိုင်)ကို ခံစစ်ပုံစံလုပ်လိုက်တာပေါ့။ အဲဒီမှာ ပထမဆုံး ကိုမိုက်ကယ်(ကိုကျော်ဇော)ပေါ့။ သူက ကျေးရွာ ပ.က.ဖ ခေါင်းဆောင်။ အစတုန်းက သူက လွတ်တယ်။ လွတ်တာကို ရွာကိုပြန်ကပ်ပြီး ခွေးအခြေအနေ ပြန်ထောက်တဲ့အခါမှာ အဖမ်းခံရပြီး သူ့ကို သတ်လိုက်တာပေါ့။ စစ်ဆေးမေးမြန်းတာတွေ စိတ်ကြိုက်လုပ်ပြီးမှ ကိုမိုက်ကယ်ကို သတ်လိုက်တာ။ အဲဒီ ၁ ရက်နေ့က တစ်နေ့လုံးပေါ့။ တိုက်ပွဲတွေ ဖြစ်တာက။ သူတို့က RPG တွေ၊ ၆၀ မမတွေ၊ ပြီးတော့ စက်ကလေးနှစ်လက်လည်းပါတော့ ရွာကိုကပ်လို့မရဘူး။ ရွာနားကပ်တာနဲ့ အကုန်သိပ်တာ။ ပြောမယ်ဆို မတ် ၁ ရက်နေ့ တစ်နေ့လုံး တစ်ညလုံး တိုက်ပွဲဖြစ်တယ်။

Public Service Announcement

Public Service Announcement

​မေး- တိုက်ပွဲဖြစ်တာမှာ ဒီဘက်က တော်လှန်ရေးအဖွဲ့ ဘယ်အဖွဲ့တွေ ပါလဲဗျ။

​ဖြေ-ကျနော်တို့ဒီဘက်က စစ်ကိုင်းခရိုင် PDF တပ်ရင်း (၂)၊ တပ်ရင်း (၈)၊ နောက် ကျောက်ဆည်အဖွဲ့၊ Local PDF တွေ၊ ပ.က.ဖ တွေ အကုန်ပါပါတယ်။

​မေး – မတ် ၂ ရက်ကြတော့ ဘာဆက်ဖြစ်လဲ။ တိုက်ပွဲတွေ ဆက်ဖြစ်တုန်းပဲလား။

​ဖြေ- ၂ ရက်နေ့မနက် ၈ နာရီလောက်ကြတော့ ဒီကောင်တွေက ဓားစာခံ (၁၅)ဦးကိုဖမ်းပြီး ညောင်အင်းဘက် တပ်ဆုတ်သွားတယ်။ ညောင်အင်းဆိုတာက မူးမြစ်ရဲ့အနောက်ဘက်ပေါ့။ မြင်းမူမြို့နယ်ထဲ ပါသွားပြီ။ တာတိုင်ရဲ့ အနောက်ဘက်မှာရှိတယ်။ အဲဒီမှာ ဒီကောင်တွေတပ်ဆုတ်သွားတော့ ဒီဘက်ကလည်း လက် နက်ကြီးတွေနဲ့ လိုက်ထုပေါ့။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နေ့လယ်လောက်ကြတော့ ညောင်အင်းနဲ့ တာတိုင်ကြားထဲက သရက်ခြံကြီးထဲမှာ အလောင်းငါးလောင်း စတွေ့တယ်။ အမျိုးသားတွေချည်းပေါ့ အလောင်းတွေက။ ဒီဘက်က ညောင်အင်းဘက်လိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်တာမှာ ရှာတွေ့တာ။ ၂ ရက်နေ့ပဲ ညနေဘက်ရောက်တော့ ညောင်အင်းရွာခြေနားမရောက်ခင်မှာ အ မျိုးသမီးအလောင်းသုံးလောင်းနဲ့ အမျိုးသားအလောင်း ခြောက်လောင်းထပ်တွေ့တယ်။

အဲတော့ ပထမရက်က တစ်လောင်း ကိုမိုက်ကယ်ပေါ့။ နောက်ရက် နေ့လယ်ပိုင်း ငါးလောင်း၊ ညနေပိုင်း အမျိုး သမီးသုံးလောင်း၊ အမျိုးသားခြောက်လောင်းဆိုတော့ ပေါင်း (၁၅)ယောက် ရှိပြီပေါ့။ အဲဒီမှာ ပျောက်နေတဲ့ နှစ်ယောက်ကြတော့ ရှာရင်းရှာရင်းနဲ့ ၃ ရက်နေ့မနက်ကြမှ တာတိုင်ရွာရဲ့ တောင်ဘက် လယ်ကွင်းထဲမှာ သတ်ခံထားရတာ တွေ့ရတယ်။

အဲတော့ စုစုပေါင်း အသတ်ခံရတဲ့သူက (၁၇)ယောက်ပေါ့။ (၁၇)ယောက်မှာ ရွှေလှေရွာသားတစ်ယောက်၊ တာတိုင်ရွာသား (၁၅)ယောက်နဲ့ နောက်တစ်ယောက်ကတော့ တာတိုင်ကလည်းမဟုတ်ဘူး။ ရွှေလှေရွာသားလည်း မဟုတ်ဘူး။ သူက စစ်ကြောင်းနဲ့အတူ ဖမ်းခံခေါ်လာတဲ့ သပ်သပ်ပြည်သူတစ်ယောက်ပေါ့။

တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG
တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG

​မေး – ရုပ်အလောင်းတွေ ပြန်ရှာတွေ့တဲ့အချိန်မှာ စစ်တပ်က ဘယ်လိုပုံစံမျိုး သတ်ဖြတ်သွားတာ တွေ့ရပါလဲဗျ။

​​ဖြေ-ကျေးရွာ ပ.က.ဖ ခေါင်းဆောင် ကိုမိုက်ကယ်(ခ)ကျော်ဇောကိုတော့ ခေါင်းလည်းဖြတ်တယ်။ ခြေလည်းဖြတ်တယ်။ လက်နှစ်ဘက်လည်း ဖြတ်တယ်။ နောက်ပြီးတော့ ဗိုက်လည်း ဖွင့်ထားတယ်။ ကျန်တဲ့သူတွေကတော့ ခေါင်းတွေတေ့ပစ်ထားတာ ပွင့်ထွက်နေပြီ။ ဦးနှောက်တွေပါ ထွက်နေပြီပေါ့။ ခေါင်းဖြတ်အသတ်ခံရတာတော့ ကိုမိုက်ကယ်တစ်ယောက်ထဲပဲ။ ကျန်တဲ့သူတွေက ခေါင်းပစ်သတ်ခံလိုက်ရတာ။

အဲဒီအထဲက အမျိုးသမီးသုံးယောက်ရဲ့ အလောင်းတွေလိုက်ကောက်ချိန်မှာတော့ သုံးယောက်လုံးက အဝတ် အစားတွေ ဖရိုဖရဲနဲ့ အကြမ်းဖက်ခံထားရပြီပေါ့။ ပြောမယ်ဆို သူတို့ရဲ့ ရင်သားတွေဆိုရင် ယောင်ကိုင်းပြီး ညိုမဲနေတာ မြင်မကောင်းဘူး။ ပိုဆိုးတာက အမျိုးသမီးအဂ်ါတွေက တော်

တော်လေးအခြေအနေဆိုးတယ်။ ကန်တော့ပါရဲ့ အဲဒီအဂ်ါတွေထဲကို ကြက်သွန်ဥတွေပါ ထိုးထည့်သွားသေးတာ။

အဓိကက ခေါင်းနဲ့ ရင်ဘတ်တွေကို ပစ်ခတ်ထားရတယ်။ သေနတ်ဒင်တွေနဲ့ပါ ထုထားပုံရတယ်။ ခေါင်းတွေကြေပြီး ပွင့်ထွက်နေတာ၊ ဦးနှောက်တွေထွက်နေတာ။ အကုန် လုံးက ရက်ရက်စက်စက်ကို အသတ်ခံထားရတာ။

တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG
တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG

​မေး – ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်နေချိန်နဲ့ ရုပ်အလောင်းတွေ ရှာဖွေနေချိန်မှာ စစ်တပ်က ဘယ်နားရောက်နေပြီလဲဗျ။ ပစ်ခတ်မှုတွေ ရှိနေသေးလား။

​ဖြေ-ပထမရက် ၂ ရက်နေ့ ကျနော်တို့ အလောင်းတွေလိုက်ရှာနေချိန်မှာ ဒီကောင်တွေက ညောင်အင်းဘက်ကနေ လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းထုသေးတယ်။ ၃ ရက်နေ့ကြတော့ ဒီကောင်တွေ မရှိတော့ဘူး။ မြင်းမူဘက် ရောက်သွားပြီ။ ဒီကောင်တွေ ပြန်ဆုတ်သွားတဲ့အချိန် ကျနော်တို့ ရေတွက်ကြည့်တာတော့ အားလုံး အင်အား (၈၃)ယောက်ရှိတယ်။

​မေး-သေဆုံးပြည်သူတွေနဲ့ပတ်သက်ပြီး ဆေးမှတ်တမ်း ဒါမှမဟုတ် တစ်စုံတစ်ရာမှတ်တမ်းရယူသိမ်းဆည်းထားတာမျိုး ရှိခဲ့သေးလားဗျ။

​ဖြေ- မှတ်တမ်းမှတ်ရာ ယူတာတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က မြေပြင်အခြေအနေအရ ကျနော်တို့ ဆေးမှတ်တမ်းယူတဲ့အထိတော့ မလုပ်နိုင်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ အလောင်းတွေလိုက်ကောက်တဲ့အချိန်မှာတော့ တစ်ဖက်က(စစ်ကောင်စီတပ်)က ပစ်တာခတ်တာတွေ ရှိနေသေးတော့လေ။ ပြည်သူတစ်ဦးချင်းစီရဲ့ သေဆုံးရုပ်အလောင်းတွေကိုတော့ ရုပ်အလောင်းတစ်ခုတွေ့တယ် ဓာတ်ပုံရိုက်တယ်၊ ဗီဒီယိုရိုက်တယ်၊ ပြီးတော့ သူတို့တစ်ဦးချင်းစီရဲ့ မိသားစုဝင်တွေထံကနေ အမည်၊ အသက်ရွယ်နဲ့ ကိုယ်ရေးအ ချက်အလက်တွေ ရယူထားပါတယ်။ ရယူထားတဲ့ မှတ် တမ်းအားလုံးနဲ့ စာရင်းဇယားတွေအားလုံးကိုလည်း ဝန်ကြီးဌာနအဆင့်ဆင့်ထံ အစီရင်ခံပြီးပါပြီ။

တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG
တာတိုင်ရွာမှ အသတ်ခံရသူများ၏ ကျန်ရစ်သူ မိသားစုများကို NUG လူသားချင်းစာနာ​ထောက်ထား​ရေးဌာနက ​ထောက်ပံ့​ငွေ​ပေးအပ်စဥ်။ ဓါတ်ပုံ-NUG

​မေး- အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရတာဆိုတော့ အဲဒီသေဆုံးပြည်သူတွေရဲ့ ရုပ်အလောင်းတွေကို သဂြိုလ်ပေးနိုင်ခဲ့ပြီလားဗျ။

​ဖြေ-ကျနော်တို့နဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး ကောင်းမွန်စွာ သဂြိ်ုလ်ပေးနိုင်ခဲ့ပါပြီ။ နှစ်ရက်ခွဲပြီး နှစ်ကြိမ်သဂြိ်ုလ်ခဲ့ရတာပေါ့။ ဘာလို့လည်းဆိုတော့ ပထမရက် (မတ် ၂)တွေ့တာက (၁၅)လောင်းဆိုတော့ အဲဒီညပိုင်းမှာပဲ ထင်းတွေနဲ့စင်ကြီးလုပ်ပြီး စုပေါင်းသဂြိုလ်လိုက်တယ်။ အဲဒါက တာတိုင်ရွာမှာပေါ့။ နောက် ၃ ရက်နေ့မှာ နှစ်လောင်းထပ်တွေ့တော့ အဲဒီမှာတစ်ယောက်က ရွှေလှေရွာသားဖြစ်တော့ ရွှေလှေမှာပဲ သဂြိုလ်လိုက်တာပေါ့။ အမည်မသိအလောင်းကိုလည်း အဲဒီမှာပဲ ပေါင်းပြီး သဂြိုလ်ပေးလိုက်ရတယ်။ သူက အသက်အပိုင်းအခြားအနေနဲ့ (၅၀)ကျော် (၆၀)ဝန်းကျင်လောက်ရှိမယ် အမျိုးသားပေါ့။

တော်တော်များများက ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် အသတ်ခံထားရတော့ ရွာခံတွေရှိလို့သာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ မှတ်မိတာ။ မဟုတ်ရင် မှတ်မိဖို့တောင် မလွယ်ဘူး။

​မေး – စစ်တပ်ရဲ့ ရက်စက်စွာ အသတ်ခံလိုက်ရတဲ့ ပြည်သူတွေထဲမှာ မိသားစုဆွေမျိုးတော်စပ်သူတွေလည်း ပါနေတယ်လို့ ကြားသိရတော့ အဲဒီအခြေအနေလေး ရှင်းပြပေးပါဦး။

​ဖြေ-ဟုတ်တယ်ဗျ။ အားလုံးမိသားစု သုံးခုပေါ့။ အဲဒီမှာ အမျိုးသမီးသုံးဦးထဲက မသန်းနွယ်ရယ် မပန်းနွယ်ရယ်က ညီအစ်မ အရင်းတွေ။ ပြီးတော့ ကိုဖြိုးကျော်(၁၇ နှစ်)ဆိုရင် မပန်းနွယ်ရဲ့သား။ နောက် ကိုမိုက်ကယ်(ခ)ကျော်ဇော၊ ကိုအောင်အောင်၊ ကိုထွန်းဆိုတာက ညီအစ်ကိုသုံးယောက်ပေါ့ အရင်းတွေပဲ။ နောက် ကိုစိုးနိုင်နဲ့ ကိုကျော်စိုးကလည်း ညီအစ်ကို အရင်းတွေပဲ။ ကျန်တဲ့သူတွေကတော့ မိသားစု တစ်ခုချင်းစီပေါ့။

​မေး – လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းထွက်သွားပြီပေါ့။ အဲတော့ ဒေသခံပြည်သူတွေရဲ့ အခြေအနေ ဘယ်လိုရှိပါလဲဗျ။

​ဖြေ-ရွာသူရွာသာတွေရဲ့ အခြေအနေကတော့ ရွာထဲ မနေရဲကြတော့ဘူး။ တာတိုင်ရွာက ပိုဆိုးတာပေါ့။ တစ်ရွာထဲကတင် (၁၅)ဦးလောက်ကို ခုတ်ထက်၊ သတ်ဖြတ်သွားတာဆိုတော့ ရွာထဲပြန်မဝင်ရဲကြတော့ဘူး။ ရွာကလည်း သေးသေးလေးကိုး အကြီးကြီးမှ မဟုတ်တာ။ အိမ်ခြေ ၁၀၀ တောင်မပြည့်တတ်ဘူး။ လူဦးရေကလည်း ၂၀၀ ကျော် လောက်ပဲရှိတာလေ။ ပြီးတော့ ရွာက မီးရှို့ခံထားရသေးတယ်။ ပြီးခဲ့တဲ့ ဖေဖော် ဝါရီလအရှို့ခံထားရတာ။ အိမ်ခြေ ၃၈ လုံး မီးထဲပါသွားတယ်။ အဲဒီထဲမှာ အသတ်ခံရတဲ့ ပြည်သူတွေရဲ့ နေအိမ်တချို့လည်းပါတယ်။

အခုက တာတိုင်မှ မဟုတ်ပါဘူး။ သူနဲ့အနီးဝန်းကျင်ကျေးရွာတွေပါ ရွာထဲ မနေရဲတော့တာ။ တာတိုင်အပါ အဝင် ရွှေလှေအုပ်စုတစ်ခုလုံးပဲ။ ရွှေလှေအုပ်စုမှာ ရွှေလှေ၊ တာတိုင်၊ ဦးပိုင်ညွန့်၊ ဒါးဝယ်တဲ စတဲ့ကျေးရွာလေးရွာအပြင် အနီးနားကရွာတွေပါ အကုန်တောထဲမှာချည်းပဲ။ အကုန်လုံးဆိုရင် တောထဲ သွားနေကြရတာ လူဦးရေ ၅,၀၀၀ ကျော် ၆,၀၀၀ လောက်ရှိမယ်။

အသတ်ခံလိုက်ရသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေကိုတော့ NUG အစိုးရ၊ လူသားစာနယထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကနေ မိသားစုတစ်ခုကို ကျပ်တစ်သိန်းစီနဲ့ မြို့နယ် ပ.က.ဖ ကတစ်သိန်း ထောက်ပံ့ထားတယ်။ ပြီးတော့ အမျိုးသမီးသုံးဦးကိုတော့ NUG ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ဝန်ကြီး ဌာနကနေ တစ်သိန်းစီ ထပ်ပြီးထောက်ပံ့ပေးပါတယ်။

​မေး-အခုဖြစ်ခဲ့တဲ့ တာတိုင်ရွာ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး ရှိနိုင်လားဗျ။

​ဖြေ- ဟုတ်ကဲ့ သူတို့ဘက်ကလည်း ထိခိုက်သေဆုံး ရှိနိုင်ပါတယ်ဗျ။ ဒါပေမဲ့ ဘယ်နှစ်ဦး ထိခိုက်သေဆုံးတယ်ဆိုတာမျိုးတော့ တိတိကျကျ အ တည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။ မူးမြစ်ထဲကနေ စက်လှေပေါ်တင်ပြီး အလောင်းခြောက်လောင်း မျှောလိုက်တဲ့ ဖြစ်စဥ်အထိပဲ အတည်ပြုနိုင်ပါသေးတယ်။

​မေး-တာတိုင်ရွာဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်တွေရဲ့ အခုလုပ်ရပ်အပေါ် ဘယ်လိုမှတ်ချက်ပေးချင်ပါလဲဗျ။

​ဖြေ- ဒီလုပ်ရပ်ကလူမျိုးသုဥ်းသတ်ဖြတ်မှုခင်ဗျ။ ဘယ်လိုပုံစံမျိုး မှတ်ချက်ပေးရမယ်တောင်မသိတော့ဘူး။ တော်တော့ကို ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ပဲ ပြောချင်ပါတယ်။

(မှတ်ချက်-အသတ်ခံရ​သောပြည်သူ ၁၅ ဦးနှင့် ​ကျေးရွာပကဖ ​ခေါင်း​ဆောင် တစ်ဦးတိုကို NUG ၊လူသားချင်းစာနာ​ထောက်ထား​ရေးဝန်ကြီးဌာနက ကျပ်တစ်သိန်းစီ ၊ ​ကျေးရွာပကဖ မှ ကျပ်တစ်သိန်းစီ ကျန်ရစ်သူမိသားစုကို​ထောက်ပံ့​ပေးခဲ့သည်။ထိုအပြင် NUG ၏မျိုးသမီးနှင့်ကလေးဝန်ကြီးဌာနကအသတ်ခံရ​သောအမျိုးသမီး သုံးဦးအတွက်ကျပ် တစ်သိန်းစီ​ ကျန်ရစ်သူမိသားစုကို​ထောက်ပံ့ကူညီ​ပေးခဲ့သည်)