Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“အခု လထဲမှာ (​ဘောလခဲမြို့မှာ) စစ်ကောင်စီ ယန္တရားပျက်စီးသွားပြီလို့ပြောလို့ရတယ်”

မေလ ဆန်းပိုင်းစ၍ ကရင်နီ(ကယား)ပြည်နယ်သို့ တစ်ကျော့ပြန်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီ ၏ မြေပြင်အခြေအနေနှင့် ကရင်နီတပ်ပေါင်းစု ၏ ခုခံကာကွယ်နေသည့် တိုက်ပွဲ မှတ်တမ်းများကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF ၏ တာဝန်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်ထားသည်။

(KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF၊ မိုးဗြဲPDF)
(KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF၊ မိုးဗြဲPDF)

▪︎KNDF တာဝန်ရှိသူနဲ့​မေးမြန်းခန်း

မေး- အခုလ ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ(မေ ၂၄ ရက်က KNDF က ထုတ်ပြန်ထားပြီး) နဲ့ အခု လက်ရှိ မြေပြင် အခြေအနေ ဘာဆက်ဖြစ်နေလဲ။

ဖြေ – ဒီးမော့ဆို အရှေ့ခြမ်းမှာ တိုက်ပွဲ ဆက်ဖြစ်နေသေးတယ်။မြေပြင် စစ်ရေးအရ အဲဒီလောက်ပဲပြောနိုင်သေးတယ်။

(KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF၊ မိုးဗြဲPDF)
(KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF၊ မိုးဗြဲPDF)

မေး- ဖယ်ခုံ-ပင်လောင်းဘက်မှာရော။ နောက်ပြီးအခု ရက်ပိုင်း လွိုင်ကော်-မိုးဗြဲ လမ်းမကြီးပေါ်မှာ တိုက်ပွဲ ပြင်းထန်ခဲ့တာရှိတယ်လို့ ကြားတယ်။

ဖြေ- စစ်မျက်နှာပြင် ကျယ်လာတယ်။အထူးသဖြင့် ဖယ်ခုံ -ပင်လောင်း ဘက်၊ဒီးမော့ဆို အရှေ့ခြမ်းအပြင် မိုးဗြဲ မြို့ထဲရယ် ၊မိုးဗြဲ-လွိုင်ကော်လမ်းမကြီးမှာပဲ ဖြစ်တယ်။စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုကို တောက်လျှောက်လုပ်နေတယ်။ဒီကနေ့(မေ ၃၀ ရက်) အထိလုပ်နေတယ်။အဓိက စစ်ရေးပြင်းထန်နေတဲ့ ဖယ်ခုံ-မိုးဗြဲ ဘက်ကို လေကြောင်းက နေတိုက် ခိုက်တာ တောက်လျှောက်လုပ်နေတယ်။ကျန်တဲ့ နေရာတွေမှာလည်း လက်နက်ကြီးနဲ့ အဆမတန် ပစ်ခတ်တာတွေ လုပ်နေတယ်။လက်ရှိအနေအထားကတော့ ဒီအခြေအနေ ပဲ။

Public Service Announcement

Public Service Announcement

မေး- လေကြောင်းသုံးမှု များလာတဲ့ စစ်ကောင်စီရဲ့ အခြေအနေ ကို ဘယ်လို သုံးသပ်ပေးလို့ရမလဲ။

ဖြေ – မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေတယ်။အသေအဆုံးများတယ်။ဒါကြောင့်ပဲ သူတို့ဘက်ကနေ လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာတယ်။မြေပြင် တိုက်ပွဲအထိနာပြီ ဆိုရင် လေကြောင်းပစ်ကူ ကို သူတို့ဘက်က မရမက ခေါ်ခဲ့တာချည်းပဲ။အရေအတွက်ကို အလုံးစုံ အတည်မပြုနိုင်သေးပေမယ့် မြေပြင် အရ စစ်ကောင်စီအနေနဲ့ အထိနာနေတယ် ဆိုတာ သေချာပြောနိုင်တယ်။ကျွန်တော်တို့ဘက်ကနေလဲ ရဲဘော်တချို့ကျဆုံးတာ ရှိပါတယ်။အားလုံးနီးပါး​မြေပြင်တိုက်ပွဲတွေမှာပါပဲ။

မေး- နောက်တစ်ခုက စစ်ကောင်စီဘက်နေ အင်အား ဖြည့်တင်နေတာတွေ အခုရက်ပိုင်း ထပ်ကြားနေရတဲ့ အပေါ် ဘယ်လိုထင်လဲ ။

ဖြေ- စစ်ကောင်စီဘက်က မြေပြင်အင်အားတောက်​လျှောက်ကို ဖြည့်နေရတယ်။အရင်က ဆို တပ်မ အဆင့်လောက်နဲ့ ထိုးတာပေါ့ နယ်မြေခံ ၅၅ အပါအဝင် စစ်ဆင်ရေး နောက်တိုး တပ်မ ၆၆ ရှိတယ်။အခုက ရှမ်းပြည်အခြေစိုက်တပ်တွေကို တောက်လျှောက်သုံးလာတယ်။(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်) စကခ လက်အောက်ခံ တပ်ရင်းတွေရှိမယ်။ နောက်အခု ဆို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) လက်အောက်ခံ တပ်ရင်းတွေပါ ဝင်လာနေတယ်။ပို့နေတယ်။ရှမ်းပြည်ဘက်က နေ အဓိကအင်အားဖြည့်နေတာ။တောက် လျှောက်ကို အင်အားဖြည့်နေတာ။ ဟိုဘက်တပ်ဒီဘက်ရွှေ့ ဒီဘက်တပ်ဟိုဘက်ပေါင်းနဲ့ရသလိုမြေပြင်မှာထိုးစစ်ဆင်နေတာပေါ့။

(KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF၊ မိုးဗြဲPDF)
(KNDF နှင့် မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-KNDF၊ မိုးဗြဲPDF)

မေး- ခုနက ဆရာ​ပြောတဲ့ ကရင်နီဒေသ စစ်မျက်နှာပြင် ကျယ်လာတဲ့ အပေါ် ပိုပြီး တိတိကျကျ ပြေားပေးလို့ရနိုင်တာ ရှိမလား။

ဖြေ- စစ်မျက်နှာကျယ်လာ တဲ့အနေအထားအရ မိုးဗြဲ -လွိုင်ကော် လမ်းမကြီးမှာ တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်သွားတာရှိတယ်။နောက် အထူးသဖြင့် ဘောလခဲ မြို့ အခြေအနေပေါ့။အဲဒီ ဘောလခဲမှာတိုက်ပွဲ ခပ်စိတ်စိတ်ဖြစ်တယ်။ဘောလခဲ ဆိုတဲ့ မြို့က ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ကောင်စီရဲ ယန္တရားလည်ပတ်နေတဲ့ မြို့လို့ ပြောလို့ရတယ်။ဒါပေမယ့် အခု လထဲမှာ စစ်ကောင်စီ ယန္တရားပျက်စီးသွားပြီလို့ပြောလို့ရတယ်။မြို့နေလူထု အကုန်နီးပါး ပြောင်းသွားပြီ။အခုကျန်တာ စစ်ကောင်စီတပ် နဲ့ သူရဲ့ ဆက်စပ်တဲ့အချို့ပဲရှိတော့တယ်။နောက်ဆုံး ဌာနဆိုင်ရာဝန်ထမ်းတွေပါ ပြေးကုန်ပြီ။အဲဒါကြောင့်စစ်မျက်နှာစာ ကျယ်လာ တယ်လို့ ယေဘုယျ သတင်းစကားပါးလိုတယ်။အခုထိလည်း ဘောလခဲ တစ်ဝိုက်မှာ တိုက်ပွဲတွေရှိနေတယ်။စစ်ကောင်စီဘက်ကလည်း အဲဒီဘက်ကို အင်အားဖြည့်တာ တွေရှိနေတယ်။

မေး -အခု နောက်ပိုင်းအထူးသဖြင့် မိုးဗြဲဘက်မှာ စစ်ကောင်စီရဲ့ လကနက်ကြီး ၊လေ ကြောင်းပစ်ခတ်မှုကနေ အရပ်သားသေဆုံးမှု နှစ်ရက်အတွင်း ၁၀ ​ယောက်နီးပါးရှိလာတယ်။အဲဒါနဲ့ ပတ်သတ်လို့ရော ဘယ်လိုမှတ်ချက်ပြုချင်လဲ။

ဖြေ-စစ်ကောင်စီဘက်က တိုက်ပွဲတွေဘက်မှာမှ မဟုတ်ဘဲ တိုက်ပွဲတွေနဲ့ မဆိုင်တဲ့ လက်နက်မဲ့ အရပ် သားတွေ စစ်ရှောင်နေရာတွေ၊ဘာသာရေး အဆောက်အဦးတွေ ကို ရန်သူသဖွယ်ပစ်မှတ်ထားတိုက်ခိုက်တာ အထူးသဖြင့် လေကြောင်းကနေ တိုက်ခိုက်တာ ခပ်စိတ်စိတ်လုပ်လာတယ်။အဲဒီလို အခြေအနေမှာက အချိန်းမရွေးထိခိုက်သေဆုံးနိုင်တယ်ဆိုတဲ့ အနေအထားက ကရင်နီပြည်နယ်ထဲမှာရှိတဲ့ အရပ်သားပြည်သူတွေအတွက် စိုးရိမ်မှုအမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်။

မေး – ကရင်နီ ဒေသစစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ပြည်သူ​တွေကိုဘယ်လိုသတင်းစကားပါးလိုတာရှိလဲ။

ဖြေ- လေကြောင်းနဲ့ ပတ်သက်ပြီးတော့ လူထု အနေနဲ့ အသိသတိ စစ်ရေးအချက်အလက် အရ စစ်ကောင်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်ကနေ ကာကွယ် နိုင်ဖို့ နည်းလမ်းတွေကို အတက်နိုင်ဆုံး လေ့လာလိုက်နာဖို့ အမြန်ဆုံးဆောင်ရွက်ကြပါလို့ ပြောချင်တယ်။တိုက်တွန်းချင်တယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။

သတင်း

ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

သတင်း

တပ်ရင်းအလိုက်ဘက်ပြောင်းလာရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ရင်းအချို့မှ တာဝန်ရှိသူများနှင့် ဘက်ပြောင်းရေးနှင့်စပ်လျဥ်း၍ ကနဦး ညှိနှိုင်းသဘောတူညီမှုများ ရရှိထားပြီးဟု အသိပေးသည်။

ဆောင်းပါး

ကရင်နီပြည်နယ်နှင့်အတူ ရှမ်းမြောက်၊ စစ်ကိုင်း အပါ အဝင် ပြည်နယ်အသီးသီးက ခိုင်မာသည့် ညီ ညွတ်မှုများဖြင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်နေကြောင်းကို နိုင်ငံတကာကို အသိပေးကြရမည်ဟုလည်း KNDF ဥက္ကဌက အကြံပြုသည်။