Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆို အရှေ့ခြမ်း ၁၀ ရက်ကြာ တိုက်ပွဲ စစ်တပ်မှ ဗိုလ်ကြီးအပါအဝင် ၄၀ နီးပါသေဆုံး၊၂ ဦးအရှင်ဖမ်းမိဟုKNDF​ပြော

စစ်ကောင်စီက ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင် ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာစဥ် စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများပါဝင်သည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုသိမ်းည်းရရှိ​သောလက်နက်ခဲယမ်းမျိုးစုံနှင့် စစ်တက်က​​လေ​ကြောင်းမှတိုက်ခိုက်​နေမှု။ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုသိမ်းည်းရရှိ​သောလက်နက်ခဲယမ်းမျိုးစုံနှင့် စစ်တက်က​​လေ​ကြောင်းမှတိုက်ခိုက်​နေမှု။ဓါတ်ပုံ-KNDF)

▪︎လက်နက်မျိုးစုံ ၁၆ လက်နှင့်ခဲယမ်းများကိုကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ

▪︎”အခုဆို စစ်ကောင်စီဘက်က ထိုးစစ် ဆင်ဖို့စလုပ်ခဲ့တဲ့ တနီးလာလဲ တောင်ကြောပေါ် ပြန်ဆုတ်နေပြီ။အခု အဲဒီနေရာအထိကျွန်တော်တို့ တိုက်နေတယ်” -KNDF တာဝန်ရှိသူ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို အရှေ့ခြမ်း ၁၀ ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ အပါအဝင် ၄၀ နီးပါးသေဆုံးကာစစ်သုံ့ ပန်းနှစ်ဦးနှင့် လက်နက် ခဲယမ်းများရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ယခုလ ၁၄ ရက်ကစ၍ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူ နှင့် တနီးလာလဲ ကျေးရွာအနီးရှိ တောင်ပေါ်တစ်ကြော သို့ အင်အားအလုံးအရင်းဖြင့်စစ် ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ပထမ ရက်ပိုင်းက ခုခံစစ် လုပ်တယ်။ နောက်ပိုင်း ပြန်လှန် ထိုးစစ် ဆင်လိုက်တာ အခုဆို စစ်ကောင်စီဘက်က ထိုးစစ် ဆင်ဖို့စလုပ်ခဲ့တဲ့ တနီးလာလဲ တောင်ကြောပေါ် ပြန်ဆုတ်နေပြီ။အခု အဲဒီနေရာအထိကျွန်တော်တို့ တိုက်နေတယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင် ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာစဥ် စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများပါဝင်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ထိုးစစ်ကို ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ (၂၃)ရက် အထိ ချေမှုန်းတိုက်ခိုက်ခဲ့သည်။

မေ (၁၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များအား ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်မှ ကရင်နီပူးပေါင်းတပ်များမှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အဆိုပါရက်ရှည်တိုက်ပွဲအတွင်း စစ်ကောင်စီမှ အထိနာကာ အထိအခိုက်များစွာဖြင့် တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ကြောပေါ်သို့ တဖြည်းဖြည်းဆုတ်ခွာခဲ့ပြီးယနေ့ထိ ကရင်နီပူးပေါင်းတပ်များ မှ လိုက်လံတိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း အသိပေးသည်။

(၁၀)ရက်နီးပါး ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ် သား(၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့သည်။

ထို့အပြင် ၄င်းတို့အား ဦးဆောင်နေသည့် တပ်ရင်းမှူး နှင့် ယာယီတပ်ရင်းမှူးတစ်ဦးတို့သည် တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်ပြေး၍ ဆုတ်ခွာလာကြသော တပ်ဖွဲ့ဝင်များအား လုံးဝဆုတ်ခွာခွင့်မပေးဘဲ ရှေ့သို့အတင်းအကြပ်တက်ခိုင်း၍ လူသားမဆန်သော အမိန့်အာဏာများအား အနောက်မှနေ၍အမိန့်ပေးစေခိုင်းပြီး မြေပြင်တိုက်ပွဲများအတွင်း ငယ်သားဗိုလ် နှင့် တပ်သားများအား အသေခံခိုင်းနေသည့် အခြေအနေများ ရှိနေသည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုသိမ်းည်းရရှိ​သောလက်နက်ခဲယမ်းမျိုးစုံနှင့် စစ်တက်က​​လေ​ကြောင်းမှတိုက်ခိုက်​နေမှု။ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုသိမ်းည်းရရှိ​သောလက်နက်ခဲယမ်းမျိုးစုံနှင့် စစ်တက်က​​လေ​ကြောင်းမှတိုက်ခိုက်​နေမှု။ဓါတ်ပုံ-KNDF)

“ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ ပြောစကားအရ အဲဒီလို ဖြစ်နေတာ။အဓိက ပြောလိုတာ စစ်ကောင်စီအနေနဲ့ သူ့တပ် သားတွေအပေါ် စေတနာမရှိသလို သူတို့အကျိုးစီးပွားအတွက်ပဲ ကြည့်နေတာ။ဒါကြောင့် အောက်ခြေက စစ် ကောင်စီ တပိသားတွေရော မိသားစု တွေအနေနဲ့ အမြန်ဆုံးစွန့်ခွာကြပါ”ဟု KNDF တာဝန်ရှိသူက တိုက်တွန်းသည်။

ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲများအတွင်း စစ်ကောင် စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက် နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ်​ ရေ စုစုပေါင်း(၆၀) ထက်မနည်းဗုံးကြဲခြင်း ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည်။

(၉)ရက်တာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များထံမှ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ နှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး ရန်သူသုံ့ပန်း (၂)ဦး အားအရှင်ဖမ်းဆီးနိုင်ခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုသိမ်းည်းရရှိ​သောလက်နက်ခဲယမ်းမျိုးစုံနှင့် စစ်တက်က​​လေ​ကြောင်းမှတိုက်ခိုက်​နေမှု။ဓါတ်ပုံ-KNDF)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီတပ်​ပေါင်းစုသိမ်းည်းရရှိ​သောလက်နက်ခဲယမ်းမျိုးစုံနှင့် စစ်တက်က​​လေ​ကြောင်းမှတိုက်ခိုက်​နေမှု။ဓါတ်ပုံ-KNDF)

ဒေါလျားခူ၊ တနီးလာလဲ ကျေးရွာများ၏ တောင်ပေါ်တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်(၁)ဦး ၊ KNDF/B07 မှ ရဲဘော်(၂)ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦး နှင့် ကရင်နီတပ်မတော်(KA) မှ ရဲဘော်(၁)ဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။

ကျဆုံးသွားသော ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိKNDF မှ မှတ်တမ်း တင်သည်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေးရွာများဖက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များနှင့် ၂၀၂၃ခုနှစ်၊ မတ်လမှစတင်၍ ထိတွေ့တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယနေ့ မတ်လ(၂၄)ရက်နေ့အထိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီပူးပေါင်းတပ်များကြား ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေသောကြောင့် အဆိုပါနေရာများအနီးသို့ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်းများကို တတ်နိုင်သမျှမပြုလုပ်ပါရန် KNDF ကအထူးတိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။