Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“နတ်သံကွင်းတိုက်ပွဲဟာစစ်ကောင်စီရဲ့ ‌အဓိကထောက်ပို့လမ်းကြောင်းဖြစ်သလိုစစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို ထိန်းချုပ်ဖို့အတွက်၊ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုဖြတ်တောက်ဖို့”

နတ်သံကွင်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့အမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦး ကို People’s Spring က ဆက်သွယ်မေးမြန်းထားတာကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

▪︎အမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦးနဲ့​မေးမြန်းခန်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊တပ်မဟာ(၃)နယ်မြေညောင်လေးပင်ခရိုင် ၊ နတ်သံကွင်းမြို့နဲ့ အနီးဝန်းကျင်ရှိစစ်ကောင်စီတပ်စွဲရာနေရာ ငါး​နေရာကို KNLA နဲ့PDF ပူး​ပေါင်းတပ်ဖွဲ့က ဇွန် ၆ ရက်နံနက်မှာတစ်ပြိုင်တည်းတိုက်ခိုက်ခဲ့ပါတယ်။ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိရဲနဲ့ပူးပေါင်းတပ်စခန်း၊ ကွင်းချောင်းဝအရှေခြမ်းရှိတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းနဲ့ ဘုံသတောစခန်းတို့ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ပြီး​တော့ KNLA/PDF ပူး​ပေါင်းတပ်က၄ ဦးကျဆုံးပြီး၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကထုတ်ပြန်ထားပါတယ်။ နတ်သံကွင်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့အမှတ် (၂ )စစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး ရဲ​ဘော်တင်ဦး ကို People’s Spring က ဆက်သွယ်မေးမြန်းထားတာကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

တင်မြင့်/People’s Spring

မေး – နတ်သံကွင်းတိုက်ပွဲက အောင်မြင်တဲ့စစ်ဆင်ရေးလို့ သိရပါတယ်။ နတ်သံကွင်းကို ဘာကြောင့်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလဲ သိပါရစေ။

ဖြေ – နတ်သံကွင်းတိုက်ပွဲဟာစစ်ကောင်စီရဲ့ ‌အဓိကထောက်ပို့လမ်းကြောင်းဖြစ်သလိုစစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို ထိန်းချုပ်ဖို့အတွက်၊ သူတို့ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းကိုဖြတ်တောက်ဖို့။ အကြမ်းဖက်စစ်ကောင်စီရဲ့ နယ်မြေထိန်းချုပ်ရေးလမ်းကြောင်းနဲ့ အဓိက ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ဖို့ ဒီစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

မေး – စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေဘယ်လောက်လုပ်ခဲ့ပါသလဲ။

Public Service Announcement

Public Service Announcement

ဖြေ – လေကြောင်းကနေ သုံးကြိမ်တိုက်ခိုက်ခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုက စစ်ဆင်ရေးပုံစံမဟုတ်ဘူးဗျ။ အရပ်သားတွေကို အဓိကထားပစ်တာ။ အရပ်သားပစ်မှတ်တွေကိုပဲ အဓိကထားတာ။ကျွန်တော်တို့ကိုယ်တိုင်စစ်မြေပြင်မှာရှိနေခဲ့တာပါ။

မေး – နတ်သံကွင်းတံတားကို ဖျက်ဆီးခဲ့တဲ့အပေါ် ဒေသခံပြည်သူတွေကို ဘာပြောချင်လဲ။

ဖြေ- အဓိကကတော့ ပြည်သူတွေက သွားနေတဲ့ ပုံမှန်လမ်းကြောင်းတွေ ရှိပါတယ်။ဒီတံတားဆိုတာက စစ်တပ်ရဲ့ အဓိက ထောက်ပို့လမ်းကြောင်းပါ။ ပြည်သူတွေအတွက်တော့ အခက်အခဲအများကြီးမရှိဘူး။ စစ်တပ်အတွက်တော့ တော်တော် နစ်နာသွားပါတယ်ဗျ။ကျွန်တော်တို့ကဘယ်လိုစစ်ဆင်ရေးပဲဖြစ်ဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မူတစ်ခုချထားပါတယ်။ အရပ်သား ထိခိုက်မှုအနည်းဆုံးဖြစ်အောင်လုပ်ပါဆိုတဲ့မူရှိပါတယ်။အဲဒီမူအတိုင်း အရပ်သား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပါတယ်။ဒီလမ်းကြောင်းဖြတ်တောက်တာကလည်း အရပ်သားထိခိုက်မှုထက်စာရင် စစ်ကောင်စီအတွက် ထိခိုက်မှုက ပိုပါတယ်။ ဒါကြောင့် လိုအပ်ချက်အရ ဖျက်ဆ‌ီးခဲ့တာပါ။

မေး – တိုက်ပွဲမှာ ထိခိုက်မှုအခြေအ‌နေကို သိပါ‌ရစေ။

ဖြေ – ကျွန်‌တော်တို့ရဲ့ တော်လှန်ရေးရဲဘော် လေးယောက် အသက်စွန့်သွားရပါတယ်။ စစ်ကောင်စီဘက်ကတော့ ၃၀ ဝန်းကျင်သေပါတယ်။ ဒီထက်များနိုင်ပါတယ်။ အတိအကျကတော့ စစ်မြေပြင်ဆိုတာ သိတဲ့အတိုင်းပဲအတိအကျစာရင်းကောက်ဖို့ ခက်ခဲပါတယ်။ သို့ပေမယ့် မျက်မြင်အနေနဲ့ ကျွန်တော်တို့ရဲ့ source တွေအရ သူတို့ဘက်မှာ ၃၀ ရဲ့အထက်မှာ သေဆုံးပါတယ်။

မေး – တိုက်ပွဲနေ့ကမြေပြင်အခြေအနေကိုပြန်ပြောပြပေးပါလား။

ဖြေ – မနက် ၄ နာရီမှာ ကျွန်‌တော်တို့ရဲ့စစ်ဆင်ရေးကိုစတင်ခဲ့ပြီး ၇နာရီ ခွဲလောက်မှာတော့ စစ်ဆင်ရေးကိုအကုန်လုံးအောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။သို့ပေမယ့်တစ်နေကုန်ကတော့ နယ်မြေရှင်းလင်းရေးကိစ္စတွေ၊ ဟန့်တားတဲ့ကိစ္စတွေ ရှိခဲ့ပါတယ်။

မေး – တိုက်ပွဲမှာ ဘယ်သူတွေ ပါခဲ့လဲ။

ဖြေ – အဓိကဆောင်ရွက်သွားတာတော့ KNLA ရယ် PDF တပ်ဖွဲ့ရယ်ပါ။ ကျွန်တော်တို့ ပူးပေါင်းစစ်ကြောင်းပါ။

မေး – ဘာဖြည့်စွက်ပြောလိုပါသလဲ။

ဖြေ – ကျွန်တော်တို့အနေနဲ့က တော်လှန်ရေးကိုအဆုံးအထိ သွားမှာဖြစ်ပါတယ်။ ၂၀၂၃ က အလှည့်အပြောင်းဆိုတဲ့အတိုင်း ဒီအလှည့်အပြောင်းကတကယ်ဖြစ်ပေါ်လာမှာပါ။ အဲဒီအတွက်ကျွန်တော်တို့အားလုံးကြိုးစားနေကြပါတယ်။ ကျနော်တို့အားလုံးအိမ်ပြန်ကြပါမယ်။ ကျနော်တို့အိမ်ပြန်ခရီးက ကြမ်းတမ်းမယ်။ ခက်ခဲမယ်။ သို့ပေမယ့် ဒီမိုးကုန်ရင်တော့ကျနော်တို့အိမ်ပြန်ကြပါမယ်ဗျ။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။