Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နတ်သံကွင်းရဲစခန်း ၏အပါအဝင် တပ်မဟာ(၃)နယ်မြေရှိ နေရာငါးခုကို တစ်ပြိုင်တည်း တိုက်ခိုက်၊ စစ်ကောင်စီတပ် ၄၀သေဟု ထုတ်ပြန်

တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်သားစုစုပေါင်း ၄၀ဦး သေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် လေးဦး အသက်ပေးလှူခဲ့ရကာ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)
(သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KNU)

▪️စစ်ကောင်စီထောက်ပို့လမ်းရှိ တံတားသုံးစင်းဖျက်ဆီး၊ လက်နက်အချို့နှင့် ကျည်များ၊ စစ်အသုံးအဆောင်များရဟု အသိပေး

▪️စစ်တပ်က ​ဒေသခံပြည်သူများကိုပါပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ဖိအား​ပေး​ပြောင်း​ရွေ့ခိုင်းခြင်း​​ကြောင့် ပြည်သူ ၄၅၀၀ ​ကျော်ထွက်​ပြေးတိမ်း​ရှောင်

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၃)နယ်မြေညောင်လေးပင်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲရာနေရာ ငါးကို တစ်ပြိုင်တည်း တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဇွန်လ ၆ရက်နံနက်က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(K.N.L.A) တပ်မဟာ(၃) လက်အောက်ခံပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီ၏ ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်းမြို့ရဲစခန်း၊ နတ်သံကွင်းတံတားထိပ်ရှိရဲနှင့်ပူးပေါင်းတပ်စခန်း၊ ကွင်းချောင်းဝအရှေ့ခြမ်းရှိတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်စခန်းနှင့် (၅) ဘုံသတောစခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

တိုက်ပွဲမှာ ၃နာရီခန့်ကြာမြင့်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ တပ်သားစုစုပေါင်း ၄၀ဦး သေဆုံးပြီး ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် လေးဦး အသက်ပေးလှူခဲ့ရကာ ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ချိုးဖျက်ခံရသည့် တံတား သုံးစင်းမှာ နတ်သံကွင်းတံတား၊ အုန်းနဲပင်နှင့် နယွဲပင်ကြားရှိ တံတား၊ သာစည်နှင့်တာဆုံကြားရှိ တံတားတို့ ဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထံမှ G3-၁လက်၊ MA1-၁လက်၊ MA3-၁လက်၊ MA4-၁လက်နှင့် ကျည်ဘောက်များ၊ ကျည်များ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့သည်ဟုအသိပေးသည်။

“မနက် ၄နာရီမှာ စတိုက်တယ် အဓိကရည်ရွယ်ချက်က နတ်သံကွင်းစစ်တောင်းမြစ်ကူးတံတာကို ဖျက်ဆီးဖို့ ဖြစ်ပါတယ်။ စစ်ဆင်ရေးအကောင်အထည်ဖော်ရာမှာတော့ နတ်သံကွင်းရဲစခန်း တံတားအရှေ့ကင်း အနောက်ကင်း ရေတွင်းကုန်းရွားနားနဲ့ ဘုံသတော ရွာနားစတဲ့ ပစ်မှတ် ၅ခုကို တစ်ပြိုင်းတည်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ဘက်က စုစုပေါင်း ၃၀ကျပါတယ်။ မိမိဘတ်က လေးဦးတော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်စွန့်သွားခဲ့ရပါတယ် “ဟု PDFအမှတ် (၂ )စစ်ဒေသ ဒုစစ်ဒေသခွဲမှူးက ပြောသည်။

မူလရည်းမှတ်ချက်တံတားကိုမူ အောင်မြင်အောင်ဖျက်ဆီးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

နတ်သံကွင်းတိုက်ပွဲ၌ ရန်သူ့ဘက်က တင့်ကားများအသုံးပြုပြီး စစ်ဆင်ရေးပြုလုပ်မည်ဟု သတင်းရထား၍ တံတားကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟုဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့မှ သတင်းရင်းမြစ်က ပြောသည်။

စခန်းများ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ၃ကြိမ်၊တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်ဖြင့်(၆) ကြိမ် လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။ထိုအပြင် စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ စစ်ကောင်စီတပ်များက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများသို့ လက်ရှိအချိန်ထိ လက်နက်ကြီးများ အဆတ်မပြတ်ပစ်ခတ်နေသည်ဟု ထုတ်ပြန်သည်။

ထိုသို့ ပြည်သူလူထုအား ပစ်မှတ်ထား တိုက်ခိုက်မှုကြောင့် KNU လယ်ဒိုမြို့နယ်ရှိ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စသည့်ကျေးရွာများနှင့် KNU မူးမြို့နယ်ရှိ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စသည့်ကျေးရွာများမှ လူဦးရေ ၄,၅၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်ဟု အသိပေးသည်။

တိုက်ခိုက်ဖျက်ဆီးခံရသည့် နတ်သံကွင်းတံတားနှင့် နတ်သံကွင်း မြို့ရဲစခန်းအတွင်း ပြန်လည် ဝင်ရောက်တပ်စွဲနေသော စစ်ကောင်စီတပ်များက တံတားနှင့် ရဲစခန်းအနီးရှိ ရက်ကွက်များမှ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသည့် ပြည်သူများကို ရပ်ကွက်များအတွင်းမှ အတင်းအဓမ္မရွှေ့ပြောင်း စေခဲ့ကြောင်း ဖော်ပြထားသည်။

“ဒီကောင်တွေ(စစ်ကောင်စီတပ်)တင့်တွေပါလာမယ်လို့ သတင်းရတယ်။ သတင်းရတော့ ခွဲလိုက်တာလို့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။

KNU သတင်းရင်းမြစ်တစ်ဦးကလည်း ထိုသို့တိုက်ခိုက်မှုသည် ရန်သူ၏အုပ်ချုပ်ရေးယန္တရား ပျက်စီးအောင်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောသည်။

“အခုက နေရာတိုင်းမှာပဲ ။ ရဲစခန်းတို့ ဘာတို့အထူးသဖြင့် ရန်သူရဲ့ အုပ်ချုပ်ရေးယန္တရားပေါ့နော်။ တပ်မဟာ(၃)မှာလည်း ဖြစ်တယ်။ တပ်မဟာ(၆)မှာလည်းဖြစ်တယ်”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ကိုလည်း ဇွန်လ ၂ရက်တွင် KNU ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများ၊ စစ်ကောင်စီတပ်ရင်းနောက်တန်းဌာနချုပ် တို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

“သူတို့စစ်ရေးအရ အထောက်အကူပြုမယ့်တံတားကို ဖျက်ဆီးလိုက်တာ။ ရန်သူလည်း လုပ်တာပဲ။ ဥပမာ တပ်မဟာ(၆)မှာ သူတို့တံတားတွေဘာတွေဖျက်တာပဲ။ရန်သူက အခုသူက ခံစစ်သဘောဖြစ်နေတဲ့အခါ သူတို့လည်းလုပ်တာပဲ”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ဆောင်ရွက်မှုကို ပြည်သူများကလည်း နားလည်မည်ဖြစ်ကြောင်း၊ စစ်ကောင်စီပြုတ်ကျရေးမှာ အဓိကဖြစ်ပြီး ပြန်လည်ထူထောင်ရေးကာလတွင် တည်ဆောက်ရေးလုပ်ငန်းများ အကောင်းဆုံးလုပ်ဆောင်သွားရမည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် တင်းဂါတ်ပျူစောထီးကျေးရွာမှ ပျူ ဒုလက်ထောက်သန့်ဇင် အပါအဝင် စစ်သားနှင့်ပျူစောထီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖက ဆိုသည်။

သတင်း

တိုက်ခိုက်မှုကြောင့် ဒုရဲအုပ်တစ်ဦး၊ ရဲဒုတပ်ကြပ် နှစ်ဦးနှင့် ရဲတပ်သား သုံးဦး စုစုပေါင်း ခြောက်ဦး သေဆုံးကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

သတင်း

ရက္ခိုင်ဒေသ၌ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)များဖြစ်ကြသော စကခ (၅) တောင်ကုတ်၊ စကခ (၉)ကျောက်တော်နှင့် စကခ (၁၅)ဘူးသီးတောင်တို့ရှိရာ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ်ရှိ စကခ ဌာနချုပ်များကို သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့်အနီးအနား ကျေးရွာများသို့ ရမ်းသန်းပစ်ခတ်ခဲ့ပြီး MI-2 ရဟတ်ယာဉ် တစ်စီးဖြင့်လည်း လေကြောင်းမှ နှစ်ကြိမ်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်သည်။