Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လက်ရှိ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က အသေအဆုံးတော်တော်များတယ်။များတဲ့ အပြင်ကို ဒီအတိုင်းထွက်ပြေးနေတဲ့ တပ်သားတွေလည်း ရှိနေတယ်”

ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​တွေက စုဖွဲ့ပြီး ကရင်နီပူးပေါင်းတပ်အသွင်သဏ္ဍာန်ဖြင့် ခုခံနေသည်။

"လက်ရှိ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က အသေအဆုံးတော်တော်များတယ်။များတဲ့ အပြင်ကို ဒီအတိုင်းထွက်ပြေးနေတဲ့ တပ်သားတွေလည်း ရှိနေတယ်"
"လက်ရှိ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က အသေအဆုံးတော်တော်များတယ်။များတဲ့ အပြင်ကို ဒီအတိုင်းထွက်ပြေးနေတဲ့ တပ်သားတွေလည်း ရှိနေတယ်"

▪︎KNDF မှတာဝန်ရှိသူနဲ့ ​မေးမြန်းခန်း

နှစ်ပတ်ကျော်ကြာမြင့်သည့်ဒီးမော့ဆို -ဖရူဆိုပြည် ထောင်စု လမ်းမကြီး တိုက်ပွဲ အပါအဝင် ကရင်နီ(ကယား)ပြည်နယ် အတွင်း နေရာစုံတိုက်ပွဲ​တွေမှာ စစ်ကောင်စီတပ်က တပ်ရင်း ခြောက် ခုထက်မနည်းအသုံးပြု စစ်​ကြောင်းထိုးမှုကို ကရင်နီတပ်မတော် KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့​တွေက စုဖွဲ့ပြီး ကရင်နီပူးပေါင်းတပ်အသွင်သဏ္ဍာန်ဖြင့် ခုခံနေသည်။အဆိုပါတိုက်ပွဲ​တွေရဲ့ မြေပြင်အ​ခြေအ​နေကို KNDFတာဝန်ရှိသူကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- ဒီးမော့ဆို -ဖရူဆို (ပြည်ထောင်စုလမ်းမကြီး) ပေါ်က တိုက်ပွဲအခြေအနေကို ​ကနဦး ရှင်းပြပေးပါလား။

ဖြေ-လတ်တလော တစ်ရက်၊နှစ်ရက် ဒီရက်ပိုင်း ပြန်ငြိမ်နေတယ်။ဒါပေမယ့် ၂ ရက်နေ့လောက်ကနေစပြီးတော့မှ တိုက်ပွဲ ပြင်းထန်ခဲ့တယ်။အဓိကတော့ဒီးမော့ဆိုဘက်ကနေမှ ဖရူဆို -ဒီးမော့ဆိုလမ်းမ (ပြည် ထောင်စုလမ်း မကြီး)ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ပါ။ ငွေတောင်ရွာသစ်၊ထီးသော်ကူး မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ ကြတယ်။ကရင်နီတပ်မတော် KA ပါတယ်၊ ကျွန်တော် တို့ KNDF ပါတယ်၊နောက်ပြည်သူ့ကာကွယ်ရေး တပ် တွေပါတယ်။ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ကြတာပေါ့။ဒီရက်ပိုင်းတိုက်ပွဲ ပြန်ငြိမ်တာကစစ်ကောင်စီက ဆက်မတိုက်ပဲ ရပ်နေတာ။တပ်ပြန်ဆုတ်တာမျိုးမဟုတ်ဘူး။တိုက်ပွဲ ဖြစ်ခဲ့တဲ့နေရာတွေမှာပဲ သူတို့ရှိနေတယ်။အချိန်မရွေးထဖြစ်နိုင်တယ်။

မေး-ရှေ့တန်းရောက် ကရင်နီတပ်ဖွဲ့ဝင်တချို့ ဆီကပုံ​တွေအရ လက်နက်တွေအများအ ပြားသိမ်း ဆည်းနိုင်တာတွေ့ရတယ်။အဲဒါနဲ့ ပတ်သက်လို့လည်း ပြောပေးပါဦး။

Public Service Announcement

Public Service Announcement

ဖြေ-လက်နက်တွေရတာတော့မှန်တယ်။အရေအတွက် ကို ဘယ်လောက်၊ ဘယ်လောက်ရတယ်ဆိုတာမျိုးပြောလို့ မရသေးဘူးပေါ့။

မေး- လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီရဲ့ ထိုး စစ်နဲ့ပတ်သက်လို့ ဘယ်လိုသုံးသပ်သလဲ ။

ဖြေ- စစ်ကောင်စီက လမ်းမကြီးတွေပေါ် စစ်ကြောင်းထိုးနေတာပဲ။ဒီးမော့ဆို ကို အင်အားဖြည့်နေတယ်။အဲဒီဘက်ကနေမှ လမ်းမကြီးတွေကို စစ်ကြောင်း တက်ထိုးနေတဲ့ပုံစံမျိုး။ လမ်းမကြီးတွေကိုစစ်ထိုးပြီ ဆိုကတည်းက ဒီလမ်းပိုင်းတွေကို သူတို့ ထိန်းချုပ် ဖို့ကြိုးစားတာပေါ့။သူတို့ရဲ့ ထောက်ပို့လမ်းကြောင်း ဖြစ်တဲ့ လက်နက်၊ခဲယမ်း၊ရိက္ခာတွေကို မြေပြင်ကနေ သွားချင်တဲ့အတွက် ထိန်းချုပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ဒါကတော့ သုံးသပ်ချက်ပေါ့ ။ဘာကြောင့် စစ်ထိုးလည်း ဆိုတာ စစ်ကောင်စီက အသိဆုံးဖြစ်မှာပါ။

မေး-အခု မြေပြင်မှာ သေနေတဲ့ စစ်ကောင်စီတပ်သား တွေရဲ့ ဘတ်တံဆိပ်တွေမှာ တပ်မ ၅၅ တွေများနေတာ ကရော စစ်ရေးအရ ဘယ်လိုမြင်လဲ။

ဖြေ-ပထမဆုံး ကရင်နီတိုက်ပွဲတွေမှာ တပ်မ ၆၆ရင်းတွေအများစုပါတာပေါ့။အခုက တော့ တပ်မ ၅၅ ရင်း တွေ ထပ်ဝင်လာတယ်။အခု ဒီးမော့ဆို-ဖရူဆို တိုက်ပွဲတွေမှာ တပ်မ ၅၅ ပါတယ်။အဲဒီအပြင် ကို စစ်ကောင်စီ ရဲ့ စစ်ကြောင်းတွေမှာ တပ်မ တွေနဲ့ ညှပ်ပြီးတော့မှ စကခ ၂ လက်အောက်ခံနဲ့ ရပခ လက်အောက်ခံရင်းတွေလည်း ပါတယ်။ပြောလို့ရတာ တပ်မ ၅၅ ကစစ်ထိုးလာရင် တပ်မ ၅၅ က အကျများမှာပဲ။

မေး- ရှမ်းတောင်နဲ့ ဖားဆောင်းဘက်က တိုက်ပွဲအ ခြေအနေကိုလည်း ပြောပေးပါဦး။

ဖြေ-မိုးဗြဲ ၊ ဖယ်ခုံ ဘက်က ငြိမ်နေတယ်ဆိုပေမယ့်ကြိုးကြားကြိုးကြား တိုက်ပွဲတွေရှိတယ်။ဖားဆောင်းနဲ့ မယ်စဲ့ကြားထဲ မှာ ရှိတဲ့ ကျောက်စု ရွာတို့ သံလွင်မြစ်ဘေးတွေမှာ တိုက်ပွဲ ကတော့ မကြာခဏ ဖြစ်နေတုန်းပဲ။ဒါပေမယ့် အဲဒီဘက်က တိုက်ပွဲ အခြေအနေအသေးစိတ်ကကျွန်တော်တို့ဆီမရောက်သေးဘူး။

မေး- လက်ရှိ ကရင်နီ ဒေသရဲ့ စစ်ရေးရလာဒ်ကို အ​ခြေ​​နေတစ်ခုလုံးကို ခြုံပြီး ပြည်သူလူထုကို သတင်းစကား ပြောပေးပါဗျ။

ဖြေ-ဖားဆောင်းနဲ့ မယ်စဲ့ ကြားတိုက်ပွဲရှိတယ်။နယ်စပ် (ထိုင်း-မြန်မာ) မှာ တိုက်ပွဲရှိတယ်။အခု ဒီးမော့ဆို နဲ့ ဖရူဆို ကြားမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်သွားတယ်။လက်ရှိ မြေပြင် တိုက်ပွဲတွေမှာ စစ်ကောင်စီ ဘက်က အသေအဆုံးတော်တော်များတယ်။များတဲ့ အပြင် ကို ဒီအတိုင်းထွက်ပြေးသွားတဲ့ တပ်သားတွေလည်း ရှိနေတယ်။စစ်ကောင်စီတပ်တွေ တော်တော်လေးကို အထိနာနေတဲ့ ပုံစံမျိုးရှိနေတယ်။လောလော ဆယ်ရလာဒ်ကတော့ အဲဒီလိုမျိုးပြောလို့ရတယ်။

မေး- ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီ နဲ့က ဆက် စပ်နေတာဆိုတော့ မကြာသေးခင်က စစ်ကောင် စီဆီက ​ပေါက်ကြားလာတဲ့စာအရ ဝန်ထမ်းတွေကိုပါ ပြည်သူ့စစ်ဖြစ်လာတော့မယ်ဆိုတော့ ​ဒီအပေါ် ဘယ်လိုမြင်လဲဗျ။

ဖြေ-စစ်ကောင်စီက အစိုးရဝန်ထမ်း တွေကို ပြည် သူ့စစ် အသွင် ခေါ်ယူနေတယ်ဆိုတဲ့ သတင်းအချက် အလက်အရတော့ ဘာကြောင့် လုပ်နေလဲ ဆိုတာစစ်ကောင်စီကပဲ ပိုသိမယ်။ဒါပေမယ့် ဝန် ထမ်းတွေအနေနဲ့ကတော့ ​သေသေချာချာသုံးသပ်သင့်ပါပြီ။လူထုအားနဲ့ တော်လှန်ရေးကို လုပ်နေတာမှာ အခု ဆိုအရှိန်လည်းကောင်းနေပြီ နောက် မြေပြင်မှာ ဆိုလည်း ကျွန်တော်တို့ အရေးနိမ့်ခဲ့တာမရှိဘူး။အခုလို အနေ အထားမှာမှ စစ်ကောင်စီရဲ့ နောက်ကို လိုက်ပြီး စစ် မြေပြင် လာရင် ကိုယ့်အန္တရာယ်ကိုမကြည့်တာပဲ။ ပြည်သူ့ဘက်ကို ရဲရဲ ရပ်တည်ဖို့ တိုက်တွန်းချင်ပါတယ်။

မေး-ဖြည့်စွက်ပြောကြားလိုတာရှိ ပြောပေးပါဦး။

ဖြေ- တပ်ရင်း တိုင်းက နေ့တိုင်အလုပ်လုပ်နေကြတယ်။ကြီးကြီးမားမားတွေရှိသလို သေးသေးလေးတွေလည်းရှိတယ်။ပြောချင်တာ ကျွန်တော်တို့ ရပ်တန့်နေလို့ မရဘူး။ဒါကြောင့်လည်း ပြည်တွင်း၊ပြည်ပက ပြည်သူတွေအနေနဲ့ ဆက်လက်ထောက်ပံ့ပေးကြပါ။

အခုလို​ဖြေ​ပေးတာကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

အတွေးအမြင်

ဒီစစ်ဆင်​ရေးဟာ စစ်အုပ်စုက မြဝတီ ၊သဃ်န်းညီ​နောင် ကဆုံးရှုံးထားတဲ့ စစ်စခန်း​တွေကိုပြန်သိမ်းပိုက်နိုင်ဖို့ ရည်ရွယ်ထား​ပေမယ့် ထင်တိုင်းတိုးမ​ပေါက်ပဲ စစ်ဦးကျိုးပြီး စစ်ရှုံးပြီသွားဆိုရင်​တော့ စစ်​ကောင်စီ ပေးဆပ်ရမယ့် ဆုံးရှုံးမှုက အလွန်ကြီးမားပါလိမ့်မယ် ။ ။