Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့အရှေ့ခြမ်းတိုက်ပွဲ KNDF ရဲဘော်တစ်ဦးကျဆုံး

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆိုလမ်းပိုင်း လုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDF က အသိပေးထားသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၆)က ယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၂ ရက်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားစဥ်ကျဆုံးခဲ့ခြင်းဟု ဆိုသည်။

“ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲမှာ ကျတာပါ။အခုထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ဖြစ်နေတုန်းပဲ”ဟု KNDF တာဝန်ရှိသူက ပြောသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်။ ဓာတ်ပုံ – KNDF)

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးတိုက်ခိုက်သွားခဲ့သော ရဲဘော် ညားရယ်အား အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်းလည်း KNDF တပ်ရင်း (၆)က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့အရှေ့ခြမ်းတွင် စစ်ကောင်စီက စစ် ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်ပြီးနောက် ယခုလ ၂ ရက်ကစ၍ တိုက်ပွဲနေ့စဥ်နီးပါး ဖြစ်ပွားနေဆဲ ဖြစ်သည်။

လက်ရှိ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းသုံးခု၌ အင်အား ၃၀၀ ထက်မနည်းရှိကြောင်းလည်း ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက အသိပေးသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – KNDF)

လက်ရှိ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအရ စစ်ကောင်စီသည် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဟု ၎င်းက သုံးသပ်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆိုလမ်းပိုင်း လုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။