Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့အရှေ့ခြမ်းတိုက်ပွဲ KNDF ရဲဘော်တစ်ဦးကျဆုံး

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆိုလမ်းပိုင်း လုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDF က အသိပေးထားသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၆)က ယနေ့ထုတ်ပြန်သည်။

ဩဂုတ် ၂ ရက်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားစဥ်ကျဆုံးခဲ့ခြင်းဟု ဆိုသည်။

“ဒီးမော့ဆို အရှေ့ဘက်ခြမ်းတိုက်ပွဲမှာ ကျတာပါ။အခုထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပဲ။ ဖြစ်နေတုန်းပဲ”ဟု KNDF တာဝန်ရှိသူက ပြောသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်။ ဓာတ်ပုံ – KNDF)

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးတိုက်ခိုက်သွားခဲ့သော ရဲဘော် ညားရယ်အား အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုကြောင်းလည်း KNDF တပ်ရင်း (၆)က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့အရှေ့ခြမ်းတွင် စစ်ကောင်စီက စစ် ကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်ပြီးနောက် ယခုလ ၂ ရက်ကစ၍ တိုက်ပွဲနေ့စဥ်နီးပါး ဖြစ်ပွားနေဆဲ ဖြစ်သည်။

လက်ရှိ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်ကြောင်းသုံးခု၌ အင်အား ၃၀၀ ထက်မနည်းရှိကြောင်းလည်း ကရင်နီတပ်ပေါင်းစုမှ တာဝန်ရှိသူက အသိပေးသည်။

(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - KNDF)
(ကျဆုံးခဲ့ရသည့် ရဲဘော်အား သဂြိုလ်ရန်ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – KNDF)

လက်ရှိ ဒီးမော့ဆိုအရှေ့ခြမ်းတိုက်ပွဲအရ စစ်ကောင်စီသည် ဒီးမော့ဆို-ဖရူဆိုလမ်းမကြီးကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဟု ၎င်းက သုံးသပ်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသနှင့်နီးစပ်သည့် ဒေါညင်းခူ – ထီးပေါ့ဆိုလမ်းပိုင်း လုံးဝအသုံးမပြုရန်နှင့် ယာယီပိတ်ထားမည်ဟု KNDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။