Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ”

တပ်ရင်းအလိုက် အလင်းဝင်လာမှုတွေလည်းရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

"ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ"
"ပြည်သူလူထု တစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ်(၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ"

▪︎MNDAA ပြောရေးဆိုခွင့်ရှိသူလီကျာဝင်းနဲ့မေးမြန်းခန်း

ကိုးကန့်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင်တပ်တော် (AA) သုံးဖွဲ့ ပူးပေါင်းဖော်ဆောင်လာတဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အောက်တိုဘာ (၂၇) ရက်က စတင်ခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ (၂) ရက်မှာ တစ်ပတ်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်တွေဟာ ရှမ်းမြောက်ဒေသအသီးသီးမှာ တစ်ပြိုင်နက်ထိုးစစ်ဆင်ပြီး စစ်ကောင်စီတပ်စခန်းတွေ ကို တစ်ခုပြီးတစ်ခုသိမ်းပိုက်ခဲ့ရာ တစ်ပတ်အတွင်းမှာ သိန္နီ၊ ချင်းရွှေဟော်၊ ပန်ဆိုင်း၊ ဖောင်းဆိုင် စတဲ့မြို့တွေကို အလုံးစုံ ထိန်းချုပ်ထားနိုင်သလို စစ်ကောင်စီတပ်စခန်း (၁၀၀) နီးပါးကို တစ်ပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ သံချပ်ကာ/တင့်ကား ယာဉ် ၆ စီးအပါအဝင် စစ်ကောင်စီရဲ့ လက်နက်ကြီး လက်နက်ငယ်၊ ခဲယမ်း၊ ကျည် အများအပြားကို သိမ်းပိုက်ရရှိထားပါတယ်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်များပြားခဲ့သလို ဖမ်းဆီးခံရသူ၊ အလင်းဝင်လာသူတွေလည်း များပြားခဲ့ပါတယ်။ တပ်ရင်းအလိုက် အလင်းဝင်လာမှုတွေလည်းရှိခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေး နဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People’s Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

-ရန်ရန်/People’s Spring

မေး။ စစ်ဆင်ရေး ၇ ရက်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေက မြို့ပေါင်း ၄ မြို့၊ စခန်းပေါင်း ၁၀၀ ကျော်သိမ်းပိုက်နိုင်ခဲ့တာ တွေ့ရတယ်။ စစ်ကောင်စီတပ်စခန်းတွေကျတာ မြန်လွန်းလို့ ပြည်သူတွေ အံသြ၊ ဝမ်းသာဖြစ်နေကြတာတွေ့တယ်။ စစ်တပ်စခန်းတွေ အမြန်ကျရှုံးနေတာ ဘာကြောင့်လို့ထင်လဲ။ စစ်တပ်ရဲ့စစ်ရေးစွမ်းရည်အပေါ်ဘယ်လိုမြင်လဲ။

ဖြေ။ စစ်ကောင်စီတပ်စခန်းတွေ ဒီလောက်အမြန်အဆန်နဲ့ ကျရှုံးနေတာကတော့ အဓိကတော့ စစ်ကောင်စီရဲ့ အောက်ခြေ တပ်ဖွဲ့ဝင်တွေပေါ့နော် သူတို့က ဆန့်ကျင်တဲ့စိတ်တွေ အဲဒီလောက်ထိ မပြင်းထန်တော့ဘူး။ သူတို့လည်း စိတ်ဓာတ်တွေ တော်တော်ကျနေပြီပေါ့နော်။ သူတို့ရဲ့ စစ်အုပ်စု ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေကြောင့်မို့လို့။ အဲဒါကြောင့် မို့လို့ အဲဒီလောက် အမြန်အဆန် သိမ်းပိုက်နိုင်တယ်လို့တော့ မြင်ပါတယ်။

Public Service Announcement

Public Service Announcement

မေး။ ညီနောင်မဟာမိတ်အဖွဲ့တွေကိုယ်တိုင် ဒီလောက် မြန်မြန်စခန်းတွေသိမ်းနိုင်မယ်လို့ ကြိုသိထားလား ။

ဖြေ။ မြန်မယ်လို့ထင်ထားခဲ့ပေမယ့် အခုလို ဒီလောက်မြန်မယ်လို့ မထင်ထားခဲ့ပါဘူးဗျ။

မေး။ ၁၀၂၇ စစ်ဆင်ရေး အပေါ် နိုင်ငံတစ်ဝန်းက ပြည်သူတွေ၊ တော်လှန်ရေးအဖွဲ့တွေက အားပေး၊ ထောက်ခံ၊ ဝန်းရံကြတာတွေ့ရပါတယ်။ အခုလို အားပေး၊ ထောက်ခံကြတာတွေက စစ်ဆင်ရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိစေပါလဲ။

ဖြေ။ ဦးစွာ ဒီပြည်သူလူထုရဲ့ ထောက်ခံမှုအပေါ်ကို အထူးကျေးဇူးတင်ပါတယ်။ ရှင်းရှင်းပြောရရင် ကျနော်တို့ တော်လှန်ရေး အဖွဲ့အစည်းတွေက ပြည်သူလူထုရဲ့ ထောက်ခံမှုရှိမှပဲ အသက်ရှင်နိုင်မယ်။ ပြီးတော့ တိုက်ရည်ခိုက်ရည်လည်း ပိုမို တိုးတက်လာနိုင်တာပေါ့။

မေး။ စစ်ဆင်ရေး ၁၀၂၇ ကို စစ်ကောင်စီကကိုးကန့်မိသားစုမျိုးနွယ်ချင်း ပြသာနာဆိုပြီးလဝါဒဖြန့်လာပါတယ်။ ဒီအပေါ် ဘယ် လိုတုံ့ပြန်ပြောကြားလိုပါသလဲ ။

ဖြေ။ မိသားစုအချင်းချင်းကြားဖြစ်နေတဲ့ ပြဿနာလို့ ဆိုတာကိုတော့ လုံး၀မဟုတ်ပါဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ဒီတစ်ခေါက် ၁၀၂၇ စစ်ဆင်ရေးကြီးရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်တွေကိုလည်း ကျနော်တို့ထုတ်ပြန်ပြောဆိုလိုက်ပါပြီ။ ဒါက ကျနော်တို့ တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆင်ရေးကြီးဖြစ်ပါတယ်။

မေး။ ၁၀၂၇ စစ်ဆင်ရေးမှာ MNDAA ဆိုရင် နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားပေါင်းစုံနဲ့ ထပ်ဖွဲ့စည်းထားတဲ့ တပ်မ ၆၁၁ ပါတာ တွေ့ရသလို TNLA ဆိုရင်လည်း PDF တွေနဲ့ ပူးပေါင်းစစ်ဆင်နွှဲနေတာတွေ့ရတယ်။ အခုတိုက်ပွဲတွေတိုက်နေရင်း PDF တွေရဲ့ တိုက်ရည်ခိုက်ရည်ရယ်၊ စိတ်ဓါတ်ပိုင်းအပေါ် ဘယ်လိုမြင်လဲ ။

ဖြေ။ ကျနော်တို့နဲ့အတူတူ တိုက်ပွဲဝင်လာတဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ အထူးကျေးဇူးတင်တယ်။ ပြီးတော့ ကျနော်တို့ စစ်ဆင်ရေးကို ထောက်ခံကြောင်း ကြိုဆိုကြောင်း ဆိုတဲ့ ထုတ်ပြန်ကြေညာချက်ကိုထုတ်တဲ့ အဖွဲ့အစည်းတွေကိုလည်း အားလုံး ကျေးဇူးတင်ပါတယ်။ ဒီစစ်ဆင်ရေးကြီးမှာ ပူးပေါင်းပါဝင်ဆင်နွှဲလာတဲ့ အခြားအဖွဲ့အစည်းတွေရဲ့ တိုက်ရည်ခိုက်ရည်ကိုတော့ တော်တော်လေး လေးစားမိပါတယ်။ တော်တော်လေးလည်းအားကိုးရပါတယ်။

မေး။ MNDAA က စစ်ဆင်ရေးစတဲ့ အောက်တိုဘာ ၂၇ ရက်နေ့မှာပဲ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက် ၅ ချက်နဲ့ စစ်ဆင်ရေးအကြောင်း ပြည်သူတစ်ရပ်လုံးကို အိတ်ဖွင့်ပေးစာပေးပြီး အသိပေးထားပါတယ်။ ညီနောင်မဟာမိအဖွဲ့တွေအနေနဲ့လည်း ကြေညာချက် ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေက ညီနောင်မဟာမိတ်အဖွဲ့တွေအနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပြီးရင် စစ်ကောင်စီကိုတိုက်နေတာတွေကို ရပ်လိုက်မှာကို စိုးရိမ်နေကြပါတယ်။ ဒီစစ်အုပ်စုရှိနေသ၍ နိုင်ငံမှာ ဘက်ပေါင်းစုံ ပြသာနာရှိနေမှာမို့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ ညီနောင်အဖွဲ့တွေကို တိုက်ပေးစေချင်ကြတာပါ။ဒီအတွက် ပြည်သူတွေကို ဘယ်လိုသတင်းစကားပါးချင်ပါလဲ။

ဖြေ။ ဒါကိုတော့ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ချထားလို့ရပါတယ်ဗျ။ ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့လည်း ၁၀၂၇ စစ်ဆင်ရေး ထုတ်ပြန်ကြေညာချက်မှာပါတဲ့ ရည်မှန်းချက်ကို ဖော်ဆောင်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို အမြစ်ပြုတ်ချေမှုန်းပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးကို အတူတကွ ထူထောင်သွားမှာပါ။

မေး။ ညီနောင်သုံးဖွဲ့အနေနဲ့ အခု စစ်ဆင်ရေးကနေတဆင့်နွေဦးတော်လှန်ရေး အောင်ပွဲရတဲ့အထိ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိလား။ ဒါနဲ့ပတ်သက်ပြီး သတင်းစကားပေးလိုတာ ရှိပါသလား။

ဖြေ။ ခုနကပြောခဲ့တဲ့အတိုင်း ပြည်သူလူထုတစ်ရပ်လုံးစိတ်ချထားပါ။ ကျနော်တို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ နွေဦးတော်လှန်ရေး အောင်ပွဲရရှိသည်အထိ အတူတကွ ပူးပေါင်းပါဝင်သွားမှာပါ။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

ကိုးကန့်ဒေသပြန်လည်ထူထောင်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို People's Spring ကဆက်သွယ်မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

မေးမြန်းခန်း

လောက်ကိုင်မြို့မှာစစ်​ကောင်စီနဲ့ MNDAA တို့ကြား ဒီ​ဇင်ဘာလကုန်အထိအပစ်ရပ်တယ်လို့ ကနဦးစုံစမ်းသိထားရပါတယ်။

မေးမြန်းခန်း

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ ညီ​နောင်မဟာမိတ် ၃ ဖွဲ့နဲ့စစ်​ကောင်စီတို့ တရုတ်နိုင်ငံ၊ကူမင်းမြို့မှာ ဒီက​နေ့ (ဒီဇင်ဘာ ၁၁) တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့တယ်လို့ စစ်​ကောင်စီဘက်ကထုတ်ပြန်လာပါတယ်။ ​

သတင်း

ကွမ်းလုံမြို့ကို MNDAAက နိုဝင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၁၂ရက်အကြာတွင် မြို့နှင့်ဒေသတွင်း စစ်ကောင်စီတပ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီက ဒီဇင်ဘာ ၇ရက်တွင် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာခြင်းဖြစ်သည်။