လောက်ကိုင် စစ်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးချုပ် ၆ ဦးအပါအဝင် တပ်ဖွဲ့ဝင် စုစုပေါင်း ၂၄၀၀ လောက်နဲ့ စစ်သားမိသားစု ၁၆၀၀ ကျော် လက်နက်ချပြီး စစ်ရှုံးခဲ့ပါတယ်။ စစ်တပ်သမိုင်းမှာ တစ်နေရာတည်း ၊ စစ်သားတွေ ထောင်နဲ့ချီပြီး လက်နက်ချတာ မရှိဘူးပါဘူး။ ဒါကြောင့် စစ်ကောင်စီတပ်ရဲ့ လောက်ကိုင် လက်နက်ချပွဲဟာ ဘယ်လို အဓိပ္ပါယ်ဆောင်သလဲ ၊ နွေဦးတော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ ဆိုတာတွေကို CDM ဗိုလ်ကြီးတွေနဲ့ စစ်ရေးလေ့လာသူတွေ က သုံးသပ်ထားပါတယ် ။
▪︎CDM ဗိုလ်ကြီးလင်းထက်အောင်
လောက်ကိုင်ဖြစ်စဥ်ကြီးက စစ်တပ်အတွက် ကြီးကြီးမားမားဆုံးရှုံးမှုပဲ။ ဒီလိုဖြစ်စဥ်က မဖြစ်ဖူးဘူးလို့တောင် ပြောလို့ရတယ်။ နဂိုကတည်းကတော့ စစ်တပ်က စိတ်ဓာတ်ပိုင်းဆိုင်ရာ အထိနာနေတာပါ။ အခုဟာကတော့ ပိုမိုဆိုးရွားတဲ့ အရာတစ်ခုဖြစ်သွားတယ်လို့ မြင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ဗိုလ်မှူးချုပ် ၆ ယောက်ဦးစီိးတဲ့ တပ်။ တပ်တွေကလည်း အများကြီးပဲ။ လူအင်အားတွေကလည်း အများကြီးပဲ။ ခံံစစ်ဆင်ထားတဲ့အခြေအနေမှာ လက်နက်ချလိုက်ရတာဖြစ်တဲ့အတွက် သူတို့ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေဟာ တိုက်လိုခိုက်လိုစိတ်လုံးဝမရှိတော့ဘူး။ စစ်ရေးစွမ်းရည်အရကို လုံးဝကျဆင်းနေပြီ။ နောက်ပြီိး စစ်ရေးဗျူဟာအရ ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်တွေအပေါ်မှာလည်း အောက်ခြေတပ်သားတွေက ယုံကြည်မှု ကင်းမဲ့နေပြီဆိုတဲ့ အရာတွေကို အများကြီး သွားတွေ့ရပါတယ်။ ဒီစစ်တပ်ဟာ တော်တော်အားနည်းနေပြီဆိုတာ ကျွန်တော်တို့ ပြောလို့ ရတယ်။ ဒါက(လောက်ကိုင်ဖြစ်စဥ်) ဒေသတစ်ခု လက်လွှတ်လိုက်ရုံမကဘူး။ စစ်တပ်တစ်ခုရဲ့ ယုံ ကြည်ချက်၊ ခံယူချက်များစွာကို လက်လွှတ်လိုက်ရတဲ့ ပုံစံတစ်ခုလို့ ကျွန်တော်က မြင်တယ်ဗျ။
တော်လှန်ရေးအပေါ်မှာ အများကြီး ရိုက်ခတ်မှုရှိတယ်။ ကျွန်တော် အရင်ကလည်း ပြောဖူးတယ်။ ဒီစစ်တပ်ကို သွားတိုက်ဖို့ပဲ လိုတာ။ စစ်တပ်ဟာ လေ့ကျင့်ရေးစွမ်းရည်မရှိတဲ့အတွက် စစ်ရေးစွမ်းရည် ကျရှုံးတယ်။ ပြည်သူလူထု ထောက်ခံမှု မရှိတဲ့အတွက် စည်းရုံးရေးစွမ်းရည်မရှိဘူး။ သူတို့မှာ စွမ်းရည်က အဖက်ဖက်ကနေ ကျဆင်းနေတယ်။ အဲဒီိတော့ ဒီလိိုမျိုးအချိန်မှာ တော်လှန်ရေးဘက်က နေရာ ပေါင်းစုံကနေ ထိုးစစ်ဆင်မှုတွေကို အင်တိိုက်အားတိုက်ပြုလုပ်သင့်တယ်။

Public Service Announcement
အခုဆိုရင် လက်နက်ချတာတွေက အပုံအပင်နဲ့ နှစ်လအတွင်းမှာ တော်တော်များများစားစား ဖြစ်ခဲ့တာကိုး။ ဒါတွေကို ကြည့်ခြင်းအားဖြင့် စစ်သားတွေဟာ သူတို့ ခေါင်းဆောင်တွေအပေါ် အယုံအကြည်မရှိတော့အတွက် သူတို့ကိုယ်တိုင် သူတို့ဟာ ဘာအတွက်တိုက်နေရတာလဲဆိိုတဲ့ မေးခွန်းတွေ သူတို့ကိုယ်သူတို့ ပြန်ပြီး မေးခွန်းထုတ်နေတဲ့ ကာလတစ်ခုလည်းဖြစ်သွားပြီပေါ့။ ဒီစစ်တပ်ဟာ ဘယ်တော့ပြိုဆင်းမလဲဆိုတာ ကျွန်တော်တို့ ဖိအားပေးနိုင်ရင် ပေးနိုင်တဲ့ ကာလအတွင်းမှာပဲ ပိုပြီးတော့ ပြိုဆင်းဖို့ ဒီထက် ပိုများလာမယ်လို့ ထင်တယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်မှာလည်း အကန့်အသတ်တော့ ရှိတာပေါ့။ အခုဆိုရင်ပဲ ဒီဘက် ရှမ်းမြောက်တခွင်ကျတော့ အင်အားရော၊ လက်နက်ရော ရှိတော့ အနေအထားတစ်ခုကနေ ရင်ဆိိုင်နိုင်ခဲ့တာကိုး။ တခြားနေရာတွေကျတော့ ဥပမာ ERO တွေနဲ့ သိပ်ပြီး ထိိစပ်မှုမရှိတဲ့ နယ်မြေတွေမှာတော့ အကန့်အသတ်နဲ့ အခက်အခဲတော့ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ဟာ တပ်ပေါင်းစုတွေ စုဖွဲ့ပြီး သေသေချာချာတိုက်ခိုက်နိုင်မယ်၊ ဗျူဟာတွေ သေချာခင်းပြီးတော့ ဖိအားပေးနိုင်မယ်ဆိုရင်တော့ ဒီစစ်တပ်ရဲ့ ပြိုဆင်းမှုဟာ၊ ပြိုလဲမှုဟာ မကြာတော့တဲ့အချိန်ကာလတစ်ခုလို့ ပြောချင်ပါတယ်။
ကျွန်တော်တို့ သိသလောက်က လောက်ကိုင်ဖြစ်စဥ်နဲ့ပတ်သက်လို့ အခြားနေရာဒေသတွေကိုပါ ရိုက်ခတ်မှုတွေ အများကြီးရှိတယ်။ ဒီလောက်လူတွေ အများကြီး လက်နက်ချတဲ့ဖြစ်စဥ်က ဘာကြောင့် ဖြစ်သွားတာလဲ။ ဒီလိုဖြစ်တာက သူတို့ အထက်ဌာနတွေက ပံ့ပိုးမှု ဘယ်လောက်အားနည်းသွားလဲ။ သူတို့ ကိုယ်တိုင်ရော ဒီလို အသက်စွန့်တိုက်ခိုက်ရင်ရော ဒါကြီးက အောင်မြင်မှာလား။ ဒီလိုဖြစ်စဥ်က အခြားနေရာတွေမှာပါ ထိခိုက်မှုရှိိနေပြီလို့ ကျွန်တော်တို့ ကြားသိရတယ်။ (ဒုတိယဗိုလ်မှူးကြီိးဦးဆောင်တဲ့စစ်ကြောင်း လက်နက်ချတာ၊ လောက်ကိုင်ဖြစ်စဥ်၊ အများအပြားဘက်ကူးပြောင်းတာ…) စစ်တပ်ရဲ့ စိတ်ဓာတ်နဲ့ခံယူချက်ဟာ တော်တော်လေးကို သံသယပေါင်းများစွာနဲ့ ပြိုလဲမှုများစွာဖြစ်သွားပြီလို့ ကျွန်တော်ကတော့ ထင်တယ်။ နောက်ပြီးတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် အောက်ခြေစစ်သားတွေရဲ့ ယုံကြည်မှု တော်တော်လေးအားနည်းလာတာတွေ့ရတယ်။ စစ်ခေါင်းဆောင်တွေရဲ့ အရည်မရ အဖက်မရ အလုပ်တွေ၊ ခေါင်းဆောင်မှုတွေ အောက်မှာ သူတို့ကို မေးခွန်းထုတ်မှုတွေ များစွာဖြစ်လာပြီဆိုတာကတော့ ကျိန်းသေသွားပြီ။
▪︎စစ်ရေးနိုင်ငံရေး လေ့လာစောင့်ကြည့်သူ
လောက်ကိုင်ဖြစ်စဥ်ကတော့ စစ်တပ်က မှားတာ။ အစောကတည်းက ချင်းရွှေဟော်တို့၊ ကွမ်လုံတို့ကို (ညီနောင်သုံးဖွဲ့က) သိမ်းပြီး လောက်ကိုင်ကို ပတ်ဝိုင်းထားပြီးသား။ လောက်ကိုင်က ပိတ်မိသွားပြီ။ အဲဒါကို စစ်တပ်က မဟာဗျူဟာာမှားတာ၊ အဲဒီကတပ်တွေ ဆုတ်ပေးရမှာကို မဆုတ်ပေးဘဲ အတင်းခံစစ်ခံတယ်ဆိုပြီး တပ်တွေ စွတ်ပို့တာ။ တကယ်တမ်းဝိုင်းပိတ်မိတဲ့အခါကျတော့ တပ်တွေက စိတ်ဓာတ်ကျကုန်ရော။ အိမ်ထောင်သည်တပ်ရင်းကလည်း ၅ ရင်း၊ ၆ ရင်းရှိတာ။ မိသားစု၊ မိန်းမ၊ ကလေးတွေတော့ အသေမခံချင်ဘူးကိုး။ စိတ်ဓာတ်တွေကျပြီး ဘာမှ စစ်တိုက်လိို့မရဘူး။ စစ်ဗျူဟာအမှား ဖြစ်သွားတဲ့အခါကျတော့ လက်နက်ချလိုက်ရတာ။
အဓိက,ကတော့ စစ်တပ်က စစ်အင်အားအပြောင်းအလဲဖြစ်တဲ့အချိိန်မှာ သူတို့တပ်တွေကို ခွာစစ်ဆင်ရမှာ မဆင်ဘူး။
ဘာဖြစ်နိုင်လဲဆိုတော့ လားရှိုးလည်း ဆက်သိမ်းနိုင်တာပေါ့။ သံလွင်အရှေ့ခြမ်းမှာရှိတဲ့ ဝဒေသတွေလည်း အကုန်စွန့်လွတ်ရနိုင်တာပေါ့။
စစ်တပ်အခြေအနေကတော့ ပြိိုနေတာပေါ့။ (လောက်ကိုင်)လက်နက်ချတာပဲ ကြည့်လိုက်။ အရာရှိတွေအပါ ၂၅၀၀ လောက်ရှိတယ်။ ဗိိုလ်မှူးချုပ် ၆ ယောက်ပါတယ်။ တစ်ယောက်က အုပ်ချုပ်ရေးပိုင်း ထားလိုက်။ ကျန်တဲ့ ၅ ယောက်က စကခမှူးတွေ၊ ဗိုလ်မှူးချုပ် တပ်မမှူးအဆင့်၊ ဒကစမှူး၊ စကခမှူးတွေမှာ ကွပ်ကဲစရာ လူ ၅၀၀ တောင်မပြည့်ဘူး။ ဒါတောင် လောက်ကိုင်နားမှာ လက်ရုံးတပ်တို့၊ ဝန်ထမ်းတပ်တို့ ပါသေးတယ်။ အဲဒါက ၈၈ မတိိုင်ခင်က တပ်ရင်းတရင်းစာတောင် မရှိဘူး။ ၈၈ မတိုင်ခင်က ဗိိုလ်မှူး သို့မဟုတ် ဒုဗိုလ်မှူးကြီိး ဦးစီးတဲ့ တပ်ရင်း တစ်ရင်းတောင် ၄၅၀၊ ၅၀၀ ရှိတယ်။ အခုက ဗိိုလ်မှူးချုပ်အဆင့်က ဦးစီိးတာက ၅၀၀ မရှိဘူး။ လက်ရုံးတပ်တွေ နုတ်လိုက်ရင် ၄၀၀ လောက်ပဲရှိမှာ။ အဲဒီတော့ တပ်က ပြိုနေတယ်ဆိုတာ အဲဒါပြောတာပေါ့။ နောက်ပြီိး မြောက်ပိုင်းသုံးဖွဲ့ကျ စနစ်တကျ အင်အားစု၊ စနစ်တကျ လက်နက်ခဲယမ်းမီးကျောက်စုပြီးတော့ ဝင််ဆောင့်ထည့်လိုက်တဲ့အခါကျတော့ သူတို့ မခံနိုင်ဘူးပေါ့။ PDF တော့ နည်းနည်းခံနိုင်သေးတယ်။ PDF က ဖွဲ့စည်းတာ သိပ်မကြာသေးဘူး။ အခုမှ ဖွဲ့၊ အခုမှ လေ့ကျင့်၊ အခုမှ တိုက်။ နောက်ပြီး PDF က လက်နက်ခဲယမ်းမီးကျောက်တပ်ဆင်မှုက အားနည်းသေးတာကိုး။ ဟိုအဖွဲ့တွေက ဆယ်နှစ်ကျော် စုဖွဲ့တပ်ဆင်ထားတာဆိုတော့ တောင့်တာပေါ့။ တောင့်တဲ့အခါ ဝင်တိုက်လိုက်တဲ့အခါ သူ့သရုပ်မှန်ပေါ်သွားတာပေါ့။ အခုက ဦးကျိုးသွားတဲ့ ၃၀၀၀ လောက်ကို လားရှိုးပြန်သုံးသုံး၊ တခြားနေရာ ပြန်သုံးသုံး မရတော့ဘူး။ စစ်တပ်မှာ ဦးကျိုးသွားရင် အဲ့ကောင် သုံးမရတော့ဘူး။
အလှည့်အပြောင်းဖြစ်ဖို့ဆိုရင်တော့ လားရှိုးနဲ့ ရှမ်းရှေ့ ထပ်ကျဖိို့လိုတယ်။ အဲဒါဆိုရင်တော့ တော်တော်ထိရောက်သွားလိမ့်မယ်။ လောက်ကိုင်နဲ့တော့ မရသေးဘူး။ သူက နယ်စပ်မှာပဲရှိတာကိုး။ တကယ်လို့ လားရှိုးလိို ရှမ်းမြောက်ရဲ့အချက်အချာကျတဲ့နေရာ၊ စစ်တိုင်းဌာနချုပ်ရှိတဲ့နေရာ ကျသွားမယ်၊ သံလွင်အရှေ့ခြမ်းကလည်း ဝဒေသတွေ အားလုံး ကျသွားမယ်ဆိုရင်တော့ အလှည့်အပြောင်းဖြစ်သွားပြီပေါ့။ အဲဒါကတော့ ၂၀၂၄ ထဲမှာ ဖြစ်နိုင်ခြေ အများဆုံးရှိတာပေါ့။
▪︎CDM ဗိုလ်ကြီးညီသုတ
တကယ်သာ စွမ်းရည်ပြည့်တဲ့စစ်တပ်တစ်ခုဆိုရင် နောက်ထပ်အင်အား ထောင်ဂဏန်းကို ပြောင်းရွှေ့ဖို့ဆိုတာ သူတို့အတွက် ဘာမှ မခက်ခဲဘူး။ ဘာရှင်းရှင်းလင်းလင်းဖြစ်နေလဲဆိုရင် စစ်တပ်ဟာ စစ်ကူမပေးနိုင်တော့ဘူး။ စစ်ကူပေးဖို့အတွက်လည်း သူတို့မှာ အင်အားမရှိတော့ဘူး။ ဒါ့ကြောင့် သူတို့ဟာ လောက်ကိုင်ဒေသကို အရှုံးပေးလိုက်တာ။ တကယ်တော့ လောက်ကိိုင်ဒေသတင် အရှုံးပေးလိုက်တာလားဆိုတော့ ဒါက မြင်သာတဲ့အရာပဲရှိတယ်။ တကယ်တော့ ရှမ်းပြည်နယ် အထူးသဖြင့် ရှမ်းမြောက်ဒေသတစ်ခုလုံးကို သူတို့က အရှုံးပေးရဖို့ နီးစပ်နေပြီ။ သူတို့ဟာ လောက်ကိုင်ကို အရင်ပေးလိုက်တယ်။ လောက်ကိိုင်ကို အရင်ပေးပြီးတော့မှ ရှမ်းမြောက်မှာရှိနေတဲ့ အခြားဒေသတွေကို ဆက်ထိန်းနိိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေးတာဖြစ်တယ်။ သို့သော် ရှမ်းမြောက်ဒေသ၊ အခြားသော ဒေသတွေမှာ အရှုံးပေးရမယ့် အခြေအနေမျိုးက ရာခိိုင်နှုန်းတော်တော်နီးလာတဲ့ အနေအထားမျိုး တွေ့ရတယ်။
ဒီဖြစ်စဥ်အပေါ်မှာ တပ်တွင်း အရာရှိ အငယ်တွေက တော်တော်လေးတော့ သူတို့ တုန်လှုပ်တယ်။ သူတို့ စိတ်ဓာတ်ကျတယ်ဗျ။ နဂိုကတည်းက ဘက်ပြောင်းတဲ့သူတွေ ရှိတယ်။ ဘက်ပြောင်းတဲ့သူတွေကလည်း ယုံကြည်ချက် ခံံယူချက်ကြောင့် ဘက်ပြောင်းသွားတယ်။ တခါ စခန်းလိုက်အညံ့ခံတာတွေရှိတယ်။ အဲဒီအခြေအနေအထိကို သူတို့ စစ်တပ်ဟာ အင်အားရှိသေးတယ်ဆိုတာ၊ အဲဒီလောက် မယိုယွင်းသေးဘူးဆိုတာ သူတို့ကိုယ်သူတို့ လက်မခံနိုင်သေးဘူး။ တကယ်တော့ သူတို့ဟာ တနိုင်ငံလုံးရဲ့ သတင်းအချက်အလက်တွေကိို မရသေးတဲ့အတွက်ကြောင့် မသိသေးတာ။ ဒါပေမဲ့ ဒီလောက်ကိုင်ဖြစ်စဥ်မှာတော့ စစ်တပ်က အရာရှိတွေ၊ စစ်သည်တွေ ကိုယ်တိုင်က သူတို့စစ်တပ်ဟာ အင်အားမရှိတော့ဘူး။ တိုက်ရည်ခိုက်ရည်မရှိတော့ဘူး။ စစ်ကူအတွက်လည်းဘယ်လိိုမှ မရတော့ဘူးဆိုတာ သူတို့ကိုယ်တိိုင် လက်ခံလာတယ်။
မကြာခင်မှာ စခန်းငယ်တွေဟာလည်း ဒီပုံစံအတိိုင်း လက်နက်ချမယ်။ ပြီးရင် ဒကစတွေ ၊ ဒကစအောက်မှာ တပ်ရင်းတွေ အများကြီးရှိတာ။ ဒီပုံစံတွေ ဆက်ပြီး လက်နက်ချရဖို့ရှိတယ်။
စစ်ရေးပိုင်းအရ တော်လှန်ရေးအပေါ် အင်မတန်ကို အားတက်စရာပေါ့နော်။ PDF တွေအတွက် ပိုပြီးအားတက်ရတယ်။ တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းနဲ့သွားနေတာရှိတယ်။
ယုံကြည်လို့ရတာကတော့ စစ်တပ်က လက်လွှတ်လိုက်ရတဲ့ ဒေသတွေကလည်း တော်လှန်ရေးကို အင်ပြည့်အားပြည့်ကူမယ်ဆိုရင်တော့ စစ်ကောင်စီက သူ့အင်အားတွေ အကုန်လုံးကို တစ်နေရာတည်းမှာစုပြီးတော့ ခုခံရင်တောင်မှ တော်လှန်ရေးအင်အားစုတွေကို ခုခံနိုင်မယ့်အနေအထားမျိုး မရှိတော့တာ ကျွန်တော်တို့ တွေ့ရတယ်။


















































