Connect with us

Hi, what are you looking for?

သတင်း

လောက်ကိုင်မှပြန်လာသော စစ်ရှောင်ပြည်သူအချို့ မိတ္ထီလာတွင် ဖမ်းဆီးငွေတောင်းခံနေရ

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

မိတ္ထီလာမြို့တွင် ဆိုင်ကယ်များအား စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj
မိတ္ထီလာမြို့တွင် ဆိုင်ကယ်များအား စစ်ဆေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှ ပြန်လာသော စစ်ဘေးရှောင်ပြည်သူအချို့အား မန္တလေးတိုင်း မိတ္ထီလာမြို့တွင် စစ်အုပ်စုက ယာဥ်စစ်ဆေးမှုအကြောင်းပြပြီး ဖမ်းဆီးငွေတောင်းခံနေကြောင်း ဒေသခံများက ပြောသည်။

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။

“လောက်ကိုင်ကနေ အသက်တောင်မနည်းလုပြီး ပြန်ခဲ့ရတာကို ဝမ်းတွင်းမြို့နားလေး ရဲတွေက ဆိုင်ကယ်လိုင်စင်ပါလားတွေရော၊ ဦးထုပ်ပါလားတွေရော၊ ကိုယ်တွေလမ်းမှာ ပိုက်ဆံရောဖုန်းရောအသိမ်းခံရပါတယ်ဆို အဲ့ဆိုင်ကယ်တောင် အစုတ်။ ကားခမရှိလို့ ဆိုင်ကယ်အစုတ်နဲ့ ပြန်လာရတာ။ ဘယ်လိုပြောပြောမရလို့ တစ်သောင်းဆောင်ခဲ့ရတယ်။”ဟု လောက်ကိုင်မှပြန်လာသည့် ဝမ်းတွင်းနယ်ခံတစ်ဦးက ပြောသည်။

လောက်ကိုင်မြို့မှပြန်လာသည့် စစ်ရှောင်ပြည်သူများသည် ကိုးကန့်ဒေသတွင်းနှင့် လားရှိုးမြို့များအပါအဝင် လမ်းတလျှောက်၌ စစ်ကောင်စီဂိတ်များက ဖုန်းများ သိမ်းယူခြင်း၊ ပိုက်ဆံတောင်းခြင်းများ ကြုံတွေ့ခဲ့ရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့တွင် စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်း၊ စစ်သားနှင့်ရဲများကမော်တော်ဆိုင်ကယ် များအား ဖမ်းဆီးကာငွေညှစ်နေ၍ အခက်အခဲတွေ့နေကြောင်း မြို့ခံများက ပြောသည်။

မိတ္ထီလာမြို့တွင် နိုဝင်ဘာလကုန်ပိုင်းက လောက်ကိုင်မှ မော်တော်ယာဥ်ဖြင့် ပြန်လာသည့် စစ်ရှောင်ပြည်သူ ၅၀ ခန့်ရောက်ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။