Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်တော်တို့အဆင်သင့်ဖြစ်နေပြီ မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့”

— ဒေါင်းနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ကိုနဂါး​လေးနဲ့​မေးမြန်းခန်း

၁၀၂၇ ဒုတိယလှိုင်း နဲ့ ရှမ်းမန်း စစ်ဆင်​​ရေးအတွင်းမှာ ရှမ်းပြည်နယ် ​မြောက်ပိုင်း နဲ့ မန္တ​လေးတိုင်းက တိုက်ပွဲ​တွေမှာ​တော်လှန်​ရေးတပ်​တွေနဲ့အတူသွား​ရောက် စစ်ပညာသင်ယူတိုက်ခိုက်ခဲ့တဲ့အထဲ စစ်ကိုင်တိုင်း ၊ဝက်လက်မြို့နယ် က ​​ဒေါင်းနီတပ်ဖွဲ့လည်းပါဝင်ပါတယ် ။ ၁၀၂၇ ပထမပိုင်း နဲ့ဒုတိယပိုင်းမှာ နိုင်ငံတစ်ဝန်းက ​တော်လှန်​ရေးရဲ​ဘော်​တွေနဲ့ အတူ အညာက PDF ​တွေများစွာလည်းပါဝင်တာဖြစ်ပါတယ်။ ရှမ်းပြည်နယ်​မြောက်ပိုင်းကို လက်နက်ခဲယမ်းရဖို့ ၊ စစ်ပညာသင်ယူဖို့ သွား​ရောက်ပြီး ​တော်လှန်​ရေးအဖွဲ့​တွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ ​ဒေါင်းနီတပ်ဖွဲ့က ဒုတိယတပ်ရင်းမှူး ကိုနဂါး​လေးကို လူထု​နွေဦးက ဆက်သွယ်​မေးမြန်းထားတာကို ​ဖော်ပြ​ပေးလိုက်ပါတယ်။

ရှိန်း/ People’s Spring

​မေး-ရှမ်း​မြောက်ကိုသွားတာက လက်နက်လိုချင်ယုံတစ်ခုတည်းလား တခြားဘာရည်ရွယ်ချက်​တွေပါလဲ ။

​ဖြေ-အမှန်တိုင်းပြောရရင်ကျနော်တို့အညာမှာ လက်နက်ပစ္စည်းမပြည့်စုံဘူး။အဲ့တော့ပထမဦးစားပေးသည် လက်နက်ရမှဖြစ်မယ်၊လက်နက်ရမှလည်းကျနော်တို့သည်ဒါသူတင်ကိုယ်တင်ယှဥ်ဖိုက်လို့ရမယ်။လက်နက်မရှိရင်ဘာမှလုပ်မရဘူး။အဲ့တော့နံပါတ် ၁ ဦးစားပေးသည် လက်နက်ရဖို့ပဲ။နံပါတ်၂သည်စစ်ကိုစစ်နဲ့တူအောင်တိုက်တက်ဖို့နဲ့စစ်ပုံကျဖို့ပေါ့နော်။ဒီဟာတွေကြောင့်မို့လည်းကျနော်တို့ရှမ်းမြောက်ကိုတက်သွားတာပေါ့နော်။နောက်တခုကအညာမှာ စည်းစနစ်ကျနဲ့စည်းကမ်းသေသပ်တဲ့တပ်ဖွဲ့တခုအဖြစ်တည်ဆောက်ဖို့ရည်ရွယ်ချက်တွေလည်းအများကြီးပါပါတယ်။

Public Service Announcement

Public Service Announcement

​မေး-၁၀၂၇ နဲ့ရှမ်းမန်းစစ်ဆင်​ရေးကအပြန် စစ်ပညာ ၊စစ်​ရေးအ​တွေ့အကြုံက မသွားခင်ကနဲ့ နှိုင်းယှဥ်ရင် ဘယ်​လောက်တက်​မြောက်သွားပြီထင်လဲ ။ ရှမ်း​မြောက်လို စခန်း​တွေ ၊မြို့သိမ်းတိုက်ပွဲ​တွေ တိုက်ဖို့ ကိုယ့်ကိုကိုယ်အဆင်သင့်ဖြစ်ပြီထင်လား ။

​ဖြေ- အညာမှာရှိတဲ့အချိန်နဲ့၁၀၂၇မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲပြီးတဲ့အချိန်ကတော့တပြောင်းတလဲဆီဖြစ်သွားတာပေါ့။ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာတယ်။ကျွန်တော်တို့အဆင်သင့်ဖြစ်နေပြီ။

မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ ။ အညာမှာလည်း ဒီလိုမျိုးပြင်းထန်တဲ့တိုက်ပွဲတွေ၊စခန်းသိမ်းတိုက်ပွဲတွေ၊မြို့သိမ်းတိုက်ပွဲတွေ သိမ်းဖို့ဆိုရင်ကိုယ့်ကိုယ်ကိုအဆင် သင့်ဖြစ်နေပြီဆိုတဲ့အနေအထားမှာရှိပါတယ်ဗျ။

​မေး-ပြည်သူ​တွေကို​နေ့စဥ် သတ်ဖြတ် အကြမ်းဖက်​နေတဲ့ စစ်သား​တွေ ကို ​ပြန်တိုက်နိုင်ချိန် ၊​ချေးမှူန်းနိုင်ချိန် စိတ်ထဲ​ကျေနပ်တာ ဒါမှမဟုတ်သနားတာ စတဲ့စိတ်ခံစားချက်မျိုး တခုခုခံစားရလား။

ဖြေ- တကယ့်စစ်ပွဲတွေတိုက်တဲ့အခါကျ စစ်သားတွေဘယ်လောက်သေလဲဆိုတာထက်ကျနော်တို့ဒီပွဲတပွဲမှာအောင်မြင်မှုရဖို့ပဲအများကြီးအာရုံစိုက်ရတယ်။နောက်တခုကအချင်းချင်းသတ်ဖြတ်နေရတာမျိုးတွေကျနော်တို့ကလုပ်ချင်လို့လုပ်နေရတာမှမဟုတ်တာ။ကျနော်တို့ကစနစ်တခုကိုတော်လှန်တာ၊ကျနော်တို့မျိုးဆက်သစ်တွေအတွက်ကို ကောင်းမွန်အောင်ဒီစနစ်ကြီးတခုပြောင်းမှရမယ်ဆိုတဲ့အသိနဲ့ဒီဟာကိုပဲရှေ့တွန်းနိုင်အောင်လုပ်နေတယ်ဗျ။စစ်ကောင်စီစစ်သားတွေကိုသတ်ရလို့မို့ဂုဏ်ယူတာမျိုးတော့မရှိပါဘူး။

​​မေး-တိုက်ပွဲထဲ စစ်သား​တွေရဲ့တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓါတ်ကိုဘယ်လို​တွေ့ရလဲ ။

​ဖြေ- တိုက်ပွဲထဲမှာတော့ အဓိကကစကစတွေကလက်နက်အင်အားရော ၊ လူအင်အားရောကတောင့်တင်းတဲ့စစ်တပ်တခုကိုရင်ဆိုင်ရတာပေါ့။ဒါပေမယ့်ကျနော်တို့မှာ အားသာချက်တစ်ခုရှိတယ်၊ကျ​နော်တို့မှာခံယူချက်၊ယုံကြည်ချက်ရှိတယ်။သူတို့မှာကဘာယုံကြည်ချက်၊ဘာခံယူချက်မှမရှိဘူး။သူတို့ကိုယ်သူတို့တောင်မှ ဘာအတွက်ကာကွယ်နေရလဲဆိုတာတောင်သိချင်မှသိမှာပေါ့။အဲဒီအတွက်ကို သူတို့မှာစိတ်ဓာတ်ပိုင်းဆိုင်ရာအရမ်းကြီးကို ဟိုးအောက်ကိုရောက်နေတဲ့အနေအထားဖြစ်တယ်။အဲ့လိုပုံရိပ်တွေတော့တွေ့ရတယ်။

​မေး- TNLA နဲ့ မဟာမိတ်​တွေဆီက အတုယူဖို့​ကောင်းတဲ့အချက်​တွေဆိုဘာ​တွေဖြစ်မလဲ ။

ဖြေ- အဓိကက TNLA မှမဟုတ်ဘူး။ဘယ်EAOပဲဖြစ်ဖြစ် စနစ်တကျနဲ့စစ်တိုက်တဲ့ဟာပေါ့။စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့၊စစ်ပုံကျဖို့ပေါ့၊စနစ်တကျဖွဲ့စည်းတဲ့ အဖွဲ့စည်းတခုဖြစ်ဖို့ကျနော်တို့အတုယူစရာကောင်းတဲ့အချက်တွေပါပဲ။

​မေး-လနဲ့ ချီပြီး တိုက်ပွဲဝင်​ရ​ပေမယ့် ပင်ပန်းတယ်လို့ အိမ်မပြန်ချင်ပဲ တိုက်နိုင်တာဘာ​ကြောင့်လဲ ။

​ဖြေ-တိုက်ပွဲတွေကလနဲ့ချီတိုက်ရတော့ စိတ်ပင်ပန်းမှုတွေ၊စိတ်ရောကိုယ်ရောပင်ပန်းတာတွေကအများကြီးပဲပေါ့။ဒါပေမယ့် စကစကိုဘာလို့တော်လှန်နေလဲ စနစ်ကြီးတခုလုံးကိုပြောင်းလဲရမယ့်ရည်ရွယ်ချက်နဲ့ယှဥ်ရင်ပင်ပန်းမှုတွေအလိုလိုပျောက်သွားတယ်။

​မေး-ကျဆုံးသွားတဲ့ ရဲ​ဘော်​တွေရဲ့ မိဘ ​ဆွေမျိုး ​တွေကို သူတို့သားနဲ့ပတ်သက်ပြီးဘာ​ပြောချင်လဲ။

​ဖြေ-မိဘတွေကိုပြောချင်တာ ဂုဏ်ယူပေးပါပေါ့နော်။ကျနော်တို့သည်လည်းဘယ်အချိန်သူတို့နောက်လိုက်သွားရမလဲမသိဘူး။ကျွန်တော်တို့မှာယုံကြည်ချက်ရှိတယ်၊ဒီယုံကြည်ချက်အတိုင်းလုပ်နေကြတာ။ကျနော်တို့လည်းတနေ့သွားရမှာပဲ၊ဒါပေမယ့်လည်းတန်ဖိုးရှိစွာတိုင်းပြည်နဲ့ပြည်သူလူထုအတွက်ကို ကျနော်တို့အသက်ကိုပေးဆပ်ပြီးတိုက်ပွဲဝင်တယ်ဆိုတာ တကယ့်အာဇာနည်ရဲဘော်တွေဖြစ်တဲ့အတွက်မိဘတွေအနေနဲ့က တကယ့်အာဇာနည်မိဘတွေအဖြစ်ဆက်ပြီးကျနော်တို့အပါအဝင်တတိုင်းပြည်လုံးကပြည်သူလူထုကလည်း အလေးထားပြီးလေးစားနေမယ်ဆိုတာကျနော်တို့ယုံကြည်ပါတယ်။

မေး -EAO ​တွေနဲ့ တွဲပြီး စစ်ပညာသင်ဖို့ သွားတိုက်မယ့်ရဲ​ဘော်​တွေကို​စော ဘာအကြံပြုချင်လဲ။

​ဖြေ-အဓိကက ကျနော်တို့ဘက်က​​နေပြီးတော့ EAOဘက်ကပေးတဲ့သင်တန်းကိုကောင်းကောင်း မွန်မွန်၊ခိုကပ်တာမျိုးမလုပ်ဘဲသေချာသင်သင့်ပါတယ်။နောက်တခုကတော့ သူတို့ဆီကစစ်ပုံကျမှုတွေ၊စစ်ကိုစစ်နဲ့တူအောင်တိုက်တက်မှုတွေကိုသေသေချာတက်မြောက်ဖို့လိုအပ်တယ်။ပင်ပန်းမှုတွေအများကြီးရှိပါတယ်။တခြားရေမြေ၊တခြားအဖွဲ့အစည်းရဲ့ COCအောက်မှာလုပ်ရတဲ့အခါအခက်အခဲတွေအကြပ်အတည်းတွေအများကြီးရှိတယ်။မိဘတွေကိုလွမ်းတယ်၊အိမ်ကိုလွမ်းတဲ့ဟာတွေပေါ့ကျနော်တို့ခံစားချက်တွေအများကြီးရှိတယ်။ဒါပေမယ့် အဲဒီဟာတွေသည် တဒင်္ဂပါပဲလို့ဒီဟာတွေကိုအကောင်းမွန်ဆုံးကျော်လွှားကြပါ။ပြီးတော့ အသက်ရှင်ရက် ကျနော်တို့မြေပြန့်ကိုပြန်လာပြီးတော်လှန်ရေးပြီးဆုံးတဲ့အထိတိုက်ပွဲဝင်ကြပါလို့ အကြံပြုချင်ပါတယ်။ ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အိပ်မက်ပင် မမက်ဘူးသည့်တိုက်ပွဲအတွင်း ကိုနဂါးလေးရောက်နေပါတယ်။ ကိုယ့်ဘေးနားကရဲဘော်တွေကျသွားတာကိုလည်းမြင်ရပါတယ် ။ စစ်သားအလောင်းတွေက​တော့ပုံထပ်နေပါ​တယ် ။ ဒီအဖြစ်အပျက်​တွေကိုအိပ်မက်တခုလို​တောင်သူထင်နေမိပါတယ် ။

သတင်း

ဗန်းမော်နည်းပညာတက္ကသိုလ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။

သတင်း

ဒီဇင်ဘာ ၈ရက်တွင် KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ကချင်စစ်ရေး သတင်းရင်းမြစ် နှစ်ဦးကလည်း ခရီးစဉ်အမှန်ဖြစ်​ကြောင်းပြောသည်။

သတင်း

စစ်ကောင်စီ၏ အရပ်ဘက်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး သေဆုံး၊ ၈၀ ဒဏ်ရာရ