Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ဒေါ်အောင်ဆန်းစုကြည်က လူတကာ အော်ကြောလန်စစ်တပ်ကို လမ်းမှန်ပေါ် ပြန်ရောက်အောင် ကြိုးစားခဲ့တဲ့သူပါ”

ပြည်သူ့ဂုဏ်ရည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏနဲ့မေးမြန်းခန်း

ဧပြီ ၂၄၊ ၂၀၂၅။ သော်မွန်/People’s Spring

အမေရိကန်အခြေစိုက် ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၅ခုနှစ် ၁၆ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုအဖြစ် လက်ရှိ နိုင်ငံရေးအကျဥ်းသား၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်ပေးအပ်မယ်လို့ ဧပြီ ၂၂ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို လာမယ့် မေလ ၂၄ရက်မှာ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပသွားဖို့ စီစဥ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုဖြစ်ပေါ်လာပုံ၊ ပြည်သူ့ဂုဏ်ရည်ဆုတွေ ဘယ်လိုရွေးချယ်ကြလဲ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ရွေးချယ်ပေးအပ်ရသလဲ စတဲ့အကြောင်းအရာတွေကို People’s Spring က ပြည်သူ့ဂုဏ်ရည်အသင်း ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝဏ္ဏကို ဆက်သွယ်မေးမြန်းထားပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ နွေဦးတော်လှန်ရေးပြည်သူတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေ၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နွေဦးတော်လှန်ရေးအတွင်း လူငယ်တွေရဲ့ တီထွင်ဖန်တီးမှုတွေကို ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုမှုတွေအဖြစ် ရွေးချယ်ပေးအပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ဦးမင်းကိုနိုင် ရရှိခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်း ကမ္ဘာကသိ‌စေဖို့နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ဒီဇင်ဘာ ၁၃ရက်မှာ လူထုလှုပ်ရှားမှု ပြုလုပ်မယ့်အကြောင်း All in One Piece Movement ပေ့ခ်ျက အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီလက်အောက်ကနေ CDM ကျန်းမာရေးဝန်ထမ်းတွေကို ခြိမ်းခြောက်တာ၊ အလုပ်မခန့်ဖို့ စာထုတ်တာတွေလုပ်ခဲ့တဲ့ ဒေါက်တာနန္ဒဝင်းကို ပြည်သူ့ဂုဏ်ရည်ဆု ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ကဗျာ

ယနေ့(ဇွန်လ ၁၉ရက်)ကျရောက်သောနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အသက်(၈၀)ပြည့် မွေးနေ့အတွက် အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားတစ်ဦးက ကဗျာတစ်ပုဒ်ရေးစပ်၍ မွေးနေ့ဆုမွန်တောင်းထားသည်။