Connect with us

Hi, what are you looking for?

သတင်း

ဒီဇင်ဘာ ၁၃ ရက်မှာပြုလုပ်မယ့် လူထုလှုပ်ရှားမှု

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်း ကမ္ဘာကသိ‌စေဖို့နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ဒီဇင်ဘာ ၁၃ရက်မှာ လူထုလှုပ်ရှားမှု ပြုလုပ်မယ့်အကြောင်း All in One Piece Movement ပေ့ခ်ျက အသိပေးထားပါတယ်။

နိုဝင်ဘာ-၂၅၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီရဲ့ရွေးကောက်ပွဲအကြောင်း ကမ္ဘာကသိ‌စေဖို့နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ဒီဇင်ဘာ ၁၃ရက်မှာ လူထုလှုပ်ရှားမှု ပြုလုပ်မယ့်အကြောင်း All in One Piece Movement ပေ့ခ်ျက အသိပေးထားပါတယ်။

ဒီလှုပ်ရှားမှုကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်း ဦးဆောင် ပြုလုပ်မှာဖြစ်ပြီး Social Media နဲ့ မြေပြင်အဖွဲ့ တွေအတူတူပူးပေါင်း ဆန္ဒဖေါ်ထုတ်မယ့်အစီအစဉ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလှုပ်ရှားမှုကို ပြုလုပ်ရတာက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတကြီးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးအတွက် ရည်ရွယ်သလို ဒီဇင်ဘာမှာ ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက အတုအယောင်ဖြစ်တယ်ဆိုတာကမ္ဘာကသိစေဖို့ နဲ့ အားလုံးရဲ့ စည်းလုံးမှုအင်အားကိုပြသနိုင်ဖို့ လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလှုပ်ရှားမှုမှာ ဘယ်လိုပါဝင်ရမယ်ဆိုတာကိုတော့ All In One Piece Movement ရဲ့ပေ့ခ်ျကနေ ဆက်လက်ဖော်ပြပေးမယ်လို့ ဆိုပါတယ်။

ဒီအကြောင်းအရာကို လူသိများတဲ့ တော်လှန်ရေး ဘက်တော်သားတွေက လူမှုကွန်ရက်မှာ နိုဝင်ဘာ ၂၄ရက်က မျှဝေနေကြတာပါ။

All In One Piece Movement ပေ့ခ်ျကပြီးခဲ့တဲ့ ဇွန်လက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ Suu 80th Birthday အမည်နဲ့မွေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတွေ ကိုထိန်လင်းရဲ့ ဦးဆောင်မှုနဲ့ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မြန်မာစစ်တပ်ဟာ အကြောက်တရား၊ ရန်လို အကြမ်းဖက်မှု၊ ဖိနှိပ်မှုတွေ ထူပြောနေတဲ့ အခြေအနေတစ်ခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ(UN)က ဒီဇင်ဘာ ၂၃ရက် မနေ့က သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ မဲဆွယ်စည်းရုံးရာမှာ ‘တော်လှန်ရေး’စကားလုံးထည့်သွင်းသုံးနှုန်းခဲ့တယ်ဆိုပြီး အမတ်လောင်း ဦးလွင်မြင့်ဟာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ဂ)နဲ့ သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်း ပြည်သူလူထုက ထုတ်ဖော်ပြောဆိုပြသနိုင်ဖို့ ကိုယ့်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ REJECT SHAM ELECTION စာသားပါ Profile Picture ပြောင်းလဲရေး ကမ်ပိန်းမှာ ပြည်သူတွေ ပါဝင်ကြဖို့ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖော်ပြနေတဲ့ Anti Sham Election(တရားမဝင်အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး) ဖေ့စ်ဘွတ်ခ်...