သတင်း
ရန်ကုန်မြို့လယ်ဟိုတယ်မှာ အမျိုးသမီးတစ်ဦးကို ခန္ဓာကိုယ်အား အပိုင်းပိုင်းဖြတ်တောက်ရက်ရက်စက်စက်သတ်ခဲ့တဲ့တရားခံကိုဖမ်းမိပြီလို့ စစ်ကောင်စီကကြေညာခဲ့ပေမယ့် ကျူးလွန်သူနဲ့ကူညီသူတွေဟာ ဆယ်ကျော်သက်အရွယ်လူငယ်တွေဖြစ်နေတာကြောင့် ကျူးလွန်သူမှန်ရဲ့လားဆိုတဲ့အပေါ် ပြည်သူအချို့က မေးခွန်းထုတ်နေကြပါတယ်။