Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စပိန်​ခြေစွမ်းပြပြီး ပြင်သစ်ကို ၂ ဂိုးပြတ်သွင်းဗိုလ်လုပွဲတက်

ကမ္ဘာ့ထိပ်သီး ​ဘောလုံးအသင်း ၂ သင်းထိပ်တိုက်​တွေ့ဆုံမှုမှာ စပိန်အသင်းကတိုက်စစ်​ကောင်းလှတဲ့ပြင်သစ်အသင်းအ​ပေါ်အံအားသင့်ဖွယ် ပွဲကိုစိုးမိုးထိန်းချုပ်ကစားပြီး ၂ ဂိုး -ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်​ရောက်သွားပါတယ် ။

ဓာတ်ပုံ - FIFA

ဇူလိုင်-၁၅၊၂၀၂၆။People’s Spring

ကမ္ဘာ့ထိပ်သီး ​ဘောလုံးအသင်း ၂ သင်းထိပ်တိုက်​တွေ့ဆုံမှုမှာ စပိန်အသင်းကတိုက်စစ်​ကောင်းလှတဲ့ပြင်သစ်အသင်းအ​ပေါ်အံအားသင့်ဖွယ် ပွဲကိုစိုးမိုးထိန်းချုပ်ကစားပြီး ၂ ဂိုး -ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်​ရောက်သွားပါတယ် ။

ဗိုလ်စွဲဖို့​ရေပန်းအစားဆုံးပြင်သစ်ဟာ စပိန်ကိုအသင်းလိုက်ကစားပုံမှာတစ်ပွဲလုံးဘယ်လိုမှမယှဥ်နိုင်ခဲ့ပဲ ထိုက်ထိုက်တန်တန်ရှုံးနိမ့်ခဲ့တာပါ။ ပွဲချိန် ၂၁ မိနစ်မှာ စပိန်​တောင်ပံတိုက်စစ်သမားယာမယ်ကို ပြင်သစ်​နောက်ခံလူ

ဒစ်ဂ်နီက ​ဂိုးစည်းအတွင်း​ဘောလုံးမပါပဲကန်မိတာ​ကြောင့် ပင်နယ်တီပြစ်ဒဏ်​ဘော​ပေးရပြီး စပိန်တိုက်စစ်မှူး အိုရာဇာဘယ်က အမှားအယွင်းမရှိကန်သွင်းပြီး စပိန်အတွက်ဦး​ဆောင်ဂိုးသွင်းယူပါတယ် ။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Reuters

ပြင်သစ်က​ချေပဂိုးရဖို့ ကစားကွက်အရှိန်မြှင့်ဖို့ကြိုးစား​ပေမယ့်စပိန်အသင်း​ခေါင်း​ဆောင်ရိုဒရီ အထူး​ခြေစွမ်းပြပြီး ပြင်သစ်ကစား

ကွက်ကိုဦး​ဆောင်​ချေဖျက်ခဲ့ပါတယ်။ကွင်းလယ်ကစားကွက်မှာစပိန်အသာစီးရသလို ကစားသမားတဦးချင်းက နားလည်မှုရှိရှိ အချိတိအဆက်မိမိကစားနိုင်တာ​ကြောင့်ပြင်သစ်တိုက်စစ်က အမ်ဘာ​ပေ ၊ဒမ်ဘီလီ၊အိုလစ်ဆီ၊ဘာကိုလာတို့ ထိထိ​ရောက်​ရောက်တိုက်စစ်မဆင်နိုင်ပါဘူး။

၅၈ မိနစ်မှာ ဒန်နီအိုမိုရဲ့ လှပတဲ့ဖန်တီး​ပေးမှုက​နေ စပိန်​နောက်တန်းညာအစွန်ကစားသမားပီဒရို ​ပေါ်ရိုက ဂိုးသမားနဲ့တစ်ဦးချင်းအ​တွေ့မှအပိုင်ကန်သွင်းပြီး ဒုတိယဂိုးသွင်းယူခဲ့တာပါ။ကျန်ပွဲချိန်​တွေမှာ စပိန်က အနိုင်ရလဒ်ထိန်းပြီးကစားသွားခဲ့တာပါ။ပြင်သစ်အတွက် ဒမ်ဘီလီကန်တဲ့ ၂ ကြိမ်ပဲ ဂိုး​ပေါက်တည့်ခဲ့ပါတယ်။

အ​ကောင်းဆုံးကစားသမားဆုကိုပီဒရို​ပေါ်ရိုကဆွတ်ခူးခဲ့ပါတယ် ။ ပြင်သစ်တို့အတွက် ၂၀၂၄ ဥ​ရောပဖလားမှာ စပိန်ကိုရှုံးခဲ့တဲ့ရှုံး​ကြွေးမဆပ်နိုင်ပဲ ရှုံး​ကြွေးထပ်တင်ခဲ့ပါတယ်။

စပိန်က အာဂျင်တီးနား-အဂ်လန်အကြိုဗိုလ်လုပွဲကနိုင်တဲ့အသင်းနဲ့ ဇူလိုင် ၁၉ (မြန်မာစံ​တော်ချိန် ဇူလိုင်၂၀ မနက် ၁ နာရီခွဲ)မှာ ဗိုလ်လုပွဲကစားရမှာဖြစ်ပါတယ်။ စပိန်အတွက် ၂၀၁၀ ကမ္ဘာ့ဖလား အပြီး ဗိုလ်လုပွဲကို ဒုတိယအကြိမ်တက်​ရောက်နိုင်ခဲ့တာပါ ။ ၂၀၁၀ ကမ္ဘာ့ဖလားမှာ စပိန်ဗိုလ်စွဲခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

မြောက်အာဖရိကမှာရှိတဲ့ စပိန်ပိုင်နက် နယ်မြေလေး တစ်ခုဆီ မော်ရိုကို နိုင်ငံကနေ ရွှေ့ပြောင်း အခြေချသူတွေ အလုံးအရင်း ရုတ်တရက် ဝင်ရောက်လာတာကြောင့် စပိန်အစိုးရက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အပူတပြင်း စေလွှတ်နေရပါတယ်။

သတင်း

ကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အကျည်းတန်တဲ့ အခြေအနေတွေကြောင့် အာဂျင်တီးနား အသင်းအပေါ် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)က စည်းကမ်းပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်ပါတယ်။