Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့ကို စစ်ကောင်စီပူးပေါင်းတပ် အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်နေ

ကာကွယ်ရေးတပ်တွေသိမ်းထားတဲ့ စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့ကိုနဲ့ ရှမ်းနီတပ် SNAက အင်အား ၁,၀၀၀ လောက်သုံးပြီး တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမော်မြို့သိမ်းပြီးနောက်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ- အမှတ်(၁) စစ်ဒေသ

အောက်တိုဘာ ၈၊ ၂၀၂၅။မိုမို/People’s Spring

ကာကွယ်ရေးတပ်တွေသိမ်းထားတဲ့ စစ်ကိုင်းတိုင်းက ဗန်းမောက်မြို့ကိုနဲ့ ရှမ်းနီတပ် SNAက အင်အား ၁,၀၀၀ လောက်သုံးပြီး တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေတာကြောင့် နေ့စဥ်တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။

“ဒီနေ့(အောက်တိုဘာ ၈ ရက်)မှ ဗန်းမောက် မြို့နဲ့ (၃)မိုင်နားအထိ ရောက်လာတယ်။ရောက်လာတော့ သူတို့က ဒေသခံ တိုင်းရင်းသားဖြစ်တဲ့ ကတူးတိုင်းရင်းသား ၁၀၀ ကျော်လောက်ကိုမျက်နှာကိုအဝတ်စည်းပြီး SNAက ခေါ်သွားတယ်”လို့ ဗန်းမောက်မြို့ခံသတင်းရင်းမြစ်က လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ကတူးတိုင်းရင်းသားတွေဟာ ဗန်းမောက်မြို့ အနောက်ဘက်ခြမ်းက အလယ်ရွာနဲ့ စက်တောရွာ ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။

“ဟုမ္မလင်းအခြေစိုက် စကစတပ် ပါသလို SNA ရဲ့ တပ်မဟာ ၉၇၂ ကနေ ထုတ်နှုတ်စစ်သား ၅၀၀ လောက်ထိပါတယ်။ဗန်းမောက်မြို့က မဆုတ်ခင် မူလ SNAတပ်သားတွေနဲ့ ဆို အင်အားက တော်တော်များတယ်။အခု ထိုးလာတာလည်း လူအင်အားသုံးတာပေါ့။ထောင်ဂဏန်းမလျော့လောက်ဘူး”လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲအခြေအနေတွေကြောင့် မြို့အနီးတဝိုက် ကျေးရွာ ၁၅ရွာဝန်းကျင်နဲ့ မြို့ပေါ် လေးရပ်ကွက်က ပြည်သူတွေဟာ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး တချို့ကျေးရွာတွေက အသက်လုပြေးရှောင်လာရ တာကြောင့် စားသောက်စရာ ၊ အဝတ်အထည် ၊ စောင်ခြင်ထောင်များ လို အပ်နေတယ်လို့ ဗန်းမောက် ပအဖက ဒီကနေ့(အောက်တိုဘာ ၈ရက်) ညပိုင်း အသိပေးပါတယ်။

ဗန်းမောက်မြို့အနီးမှာ စစ်ရှောင်နေရတဲ့ပြည်သူ နှစ်ထောင်ဝန်းကျင်ရှိပြီး အရေးပေါ်အကူအညီတွေလိုအပ်တယ်လို့လည်း စစ်ရှောင်အရေးကူညီနေတဲ့ သူတစ်ဦးက ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ SNA တပ်တွေ တန်ပြန်ထိုးစစ်ဆင်လာတာပတ်သက်လို့ ဗန်းမောက်မြို့ အခြေစိုက်ကာကွယ်ရေးတပ်တွေကို လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို ၂၀၂၅ စက်တင်ဘာ ၂၀ ရက်က အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ သိမ်းပိုက်ခဲ့ပါတယ်။ဗန်းမောက်မြို့မှာ ရဉ်ထွန်း (ဗျူဟာမှူး)ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ဝန်းကျင် အခြေချနေထိုင်တဲ့ မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်းတွေကို စက်တင်ဘာ ၁၅ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

မြို့အနီးက ဒန်ဘိုဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို့ ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲ စခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နတလ)ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ လက်နက်တွေနဲ့ ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် SNA ဗိုလ်တဦးအပါ အလောင်း ခုနစ်လောင်းကိုလည်း ရရှိပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်ခြောက်ဦး ကျဆုံးပြီး အချို့ ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ SNA က ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနဲ့ သာယာကုန်းရွာတွေမှာ ကာကင်းထိုင်ထားပြီး အများစုက ဗန်းမောက်မြို့နယ် မြောက်ဘက်ခြမ်းက မံကုန်းရွာနဲ့ အနောက်တောရွာတွေကို ဆုတ်ခွာပူးပေါင်းသွားတယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တပ်ရင်း၊တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူးနဲ့ ပင်လည်ဘူးမြို့အနီးမှာ ရှိပါတယ်။ကားလမ်းအတိုင်းဆိုပါက အင်းတော် မိုင်(၃၀)၊ မော်လူး မိုင်(၅၀)နဲ့ ပင်လည်ဘူးမြို့ကို (၆၁)မိုင် ဝန်းကျင်သာကွာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ သင်္ကြန်ကာလ ရေကစားကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေထားရှိဖို့နဲ့ ခိုက်ရန်မဖြစ်စေချင်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ဗန်မောက်မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်တွေ လုပ်ခွင့်ရဖို့ ဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေကဖေ​ဖော်ဝါရီ ၉ ရက်​နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာထားရတယ်လို့ မြေပြင်မှာရှိ​နေတဲ့ ရဲဘော်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကို ပြန်ရဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ လုပ်နေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။