Connect with us

Hi, what are you looking for?

သတင်း

MNDAAက စစ်သုံ့ပန်းစစ်သားအချို့ထပ်လွှတ်

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

(MNDAA က စစ်သုံ့ပန်းအချို့ကို ၂၀၂၄ ခုနှစ်ကပြန်လွှတ်​ပေး​ခဲ့စဥ်။ဓါတ်ပုံ-The Kokang)

ဇူလိုင်-၁၄၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

လားရှိုးမြို့က ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီအရာရှိ‌တချို့နဲ့ MNDAA အရာရှိတချို့ တွေ့ဆုံခဲ့ပြီး ပြန်လွှတ်‌ ပေးတာလို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။

” စစ်တပ်ဖက်ကသိန္နီပြန်ပေးရေးပါထည့်ဆွေးနွေးတယ်။ကုန်သွယ်ရေးလမ်းပြန်ဖွင့်ဖို့ပါပေါ့။ဒါကို ကိုးကန့်ကသဘောမတူဘူး။ သုံ့ပန်းတွေပြန်လွှတ်လွှတ်ပေးပြီး ချွေးသိပ်နေတာ”လို့သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

MNDAAဟာ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၂၇ရက်မှာ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဗိုလ်ချုပ်အချို့အပါအဝင် စစ်ကောင်စီသုံ့ပန်းထောင်ချီပြီးဖမ်းဆီးခဲ့ပါတယ်။၂၀၂၄ ဇန်နဝါရီလ ၅ရက်က ‌လောက်ကိုင်မြို့ရှိ ​စစ်တပ်ရဲ့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ ကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ်ခြောက်ဦး၊ အရာရှိ ၂၂၈ဦး၊အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီးတပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။

လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းတဲ့တိုက်ပွဲမှာလည်း တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပါတယ်။ဒါ​ပေမယ့် စစ်ကောင်စီထံ ပြန်လွှဲပေးခဲ့ပါတယ်။

တရုတ်အစိုးရကြားဝင်မှု နဲ့လားရှိုးမြို့ကို စစ်တပ် ပြန်လွှဲ​ပေးပြီး ​နောက်ပိုင်းမှာလည်းကိုးကန့်တပ်က စစ်သုံ့ပန်းစစ်သား​တွေကိုမကြာခဏ လွှဲ​ပေးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ရက် နဲ့ ဖေဖော်ဝါရီလ ၂၈ရက်​နေ့​တွေမှာလည်း စစ်သုံ့ပန်း ၇၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပါတယ်။

ယခုတစ်ကြိမ်မှာစစ်သုံပန်း ၁၀၀ခန့် ပြန်လွှတ်ပေးတယ်လို့သာ သိရပြီး အသေးစိတ်မသိရှိရသေးပါဘူး။

ယခုရက်ပိုင်းမှာ MNDAA ထိန်းချုပ်ဒေသတွေနဲ့ပတ်သက်တဲ့ သတင်းမျိုးစုံထွက်နေပါတယ်။သိန္နီမြို့ကို စစ်တပ်ကပြန်တောင်းနေသလိုဇူလိုင်လဆန်းပိုင်းမှာ MNDAA အရာရှိတွေက သိန္နီမြို့မြို့ခံတွေကို လာရောက်တွေ့ဆုံပြီး မြို့ကိုအုပ်ချုပ်ရေးယန္တရားကို သူတို့လုပ်ဆောင်တော့မှာမဟုတ်ဘဲ ဒေသခံတွေကိုယ်တိုင်စီမံကွပ်ကဲဖို့ ပြောသွားတယ်လို့ မြို့ခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဒါ့အပြင် MNDAA ထိပ်ပိုင်းခေါင်းဆောင်အချို့ကို တရုတ်နိုင်ငံဖက်ကို ခေါ်ထားပြီးသိန္နီမြို့ကို စစ်တပ်ထံ ပြန်လွှဲပေးဖို့ ဖိအားပေးနေတယ်လို့ သတင်းရင်းမြစ်အချို့ကပြောပါတယ်။ အဲ့ဒီအချိန်မှာပဲ့ စစ်သုံ့ပန်းချို့ကို MNDAAက ပြန်လွှဲပေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့် တပ်(MNDAA)က အင်အားသုံးပြီး လာရောက်ဖယ်ရှားဖျက်ဆီးခဲ့လို့ နှစ်ဖက် အချင်းများခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။