Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အတွက် ရွေးချယ်ထားတဲ့ နိုင်ငံတွေကို ကြေညာ

ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်တွေနဲ့ ပတ်သက်လို့ ဗာတီကန် နန်းတော်က အတည်ပြု ကြေညာခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ဟာ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင်ပုဂ္ဂိုလ် ရာထူးကို ဆက်ခံယူပြီးတဲ့နောက် ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် တူရကီနဲ့ လက်ဘနွန်တို့ကို ရွေးချယ်ထားကြောင်း သိရပါတယ်။

ဒါဟာ ပုပ်ရဟန်းမင်းကြီး အနေနဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို ဦးစားပေး မြှင့်တင်လိုတဲ့ သဘောထားကို ပြသခြင်းလို့လည်း ယူဆနိုင်ပါတယ်။ အဲဒီ နှစ်နိုင်ငံကို သွားရောက်တဲ့ အတောအတွင်း ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဒေသခံ ခရစ်ယာန်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံသား တစ်ဦးအနေနဲ့ ပထမဆုံး ပုပ်ရဟန်းမင်း ဖြစ်လာတဲ့ ပုပ်လီယိုဟာ တူရကီမှာ နိုဝင်ဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ရှိနေမှာဖြစ်ပြီး အဲဒီနောက် နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၂ ရက်ထိ လက်ဘနွန်ကို ရောက်ရှိနေမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပုပ်ရဟန်းမင်းရဲ့ တူရကီ ခရီးစဉ်ဟာ ခရစ်ယာန် ဘာသာရေးမှာ အရေးပါတဲ့ နီစီယာ ကောင်စီ နှစ် ၁၇၀၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေမှာ ဖြစ်ပါတယ်။ လက်ဘနွန်ကို ရွေးချယ်ခဲ့တာကတော့ ထိခိုက်နာကျင်မှုတွေ အရမ်းများနေခဲ့တဲ့ အရှေ့အလယ်ပိုင်း ဒေသအတွက် ငြိမ်းချမ်းရေး အားပေးမှု သတင်းစကားတစ်ခု ဆောင်ယူချင်လို့ ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တွေက ပြောပါတယ်။

ပုပ်လီယိုဟာ အရင် ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ် ကွယ်လွန်သွားတဲ့နောက် မေလ ၈ ရက်နေ့ကစလို့ အရိုက်အရာ ဆက်ခံခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ အရွယ် ပုပ်လီယိုဟာ ပုပ်ဖရန်ဆစ် လက်ထက်က စီစဉ်ထားခဲ့ပေမယ့် ကျန်းမာရေး ဆိုးရွားလာလို့ မသွားဖြစ်ခဲ့တဲ့ နှစ်နိုင်ငံကိုပဲ သူ့ရဲ့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဆက်လက် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ဗာတီကန် နန်းတော်က ရှင်းပြထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခဆိုးတွေ ကြုံနေရတဲ့ မြန်မာပြည်သူတွေကို မေ့မထားကြဖို့ ပုပ်ရဟန်းမင်းကြီး လီယိုက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် ဦးဆောင်ခဲ့တဲ့ ဝတ်ပြုဆုတောင်းမှု အစီအစဉ်မှာ ပုပ်လီယိုက မြန်မာ၊ ဂါဇာကမ်းမြှောင်ဒေသနဲ့ ယူကရိန်းက စစ်ဘေးသင့် ပြည်သူတွေကို မေ့လျော့မထားဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

သတင်း

ဗာတီကန် နန်းတော်က ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်ကြီးဟာ ဧပြီ ၂၁ ရက်နေ့က ပျန်လွန်​တော်မူခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ပြင်းထန်တဲ့ အဆုတ် နမိုးနီးယားဝေဒနာကြောင့်ရောမမြို့ရဲ့ဂီမယ်လီဆေးရုံမှာ ၃၈ ရက်ကြာ တက်ရောက်ခဲ့ရပြီးတဲ့နောက် ပြန်လည် သက်သာလာပြီး မတ်လ ၂၃ ရက်နေ့ကမှ ဆေးရုံဆင်းလာခဲ့တာ ဖြစ်ပါတယ်။

သတင်း

ဧပြီ-၁၇၊၂၀၂၅။People’s Spring ငလျင်ဘေးသင့် မြန်မာနိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီးကလည်း ပါဝင်ကူညီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာ ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီး ရက်ရောတဲ့ အကူအညီမျိုး ပေးချင်တာ ဖြစ်တယ်လို့ Dicastery for Promoting...