Connect with us

Hi, what are you looking for?

News

မြောင်သို့ အင်အားလာဖြည့်သော စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ နှစ်ဦးသေပြီး လေးဦးဒဏ်ရာပြင်းထန်

တိုက်ခိုက်မှုများအနက် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ​မြောင်သို့အလာတွင် မရိုးကုန်း​ကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသည့်အပြင် ဒဏ်ရာရသူနှစ်ဦးမှာ သေဆုံးနိုင်ကြောင်း ဖော်ပြသည်။

မြောင်မြို့နယ်သို့ လက်နက်ခဲယမ်းနှင့် အင်အားလာဖြည့်သော စစ်ကောင်စီတပ်စစ်ကြောင်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)က ယနေ့(မေ ၃)ထုတ်ပြန်သည်။

တိုက်ခိုက်မှုများအနက် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ​မြောင်သို့အလာတွင် မရိုးကုန်း​ကျေးရွာအဝင်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရသည့်အပြင် ဒဏ်ရာရသူနှစ်ဦးမှာ သေဆုံးနိုင်ကြောင်း ဖော်ပြသည်။

အလားတူ အဆိုပါစစ်ကြောင်းအား မြို့မှအပြန်လမ်းတွင် ကျောက်ဖူးကုန်းနှင့် အညွန့်ကျေးရွာကြားတွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးရှိသော်လည်း အရေးအတွက်အား အတည်မပြုနိုင်းသေးဟု MRAက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် တော်လှန်ရေးအင်အားစုများအနေဖြင့် အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook