Connect with us

Hi, what are you looking for?

News

မန္တလေး က တည်းခိုခန်း ကို စစ်ကောင်စီတပ် စီးနင်းပြီးနောက် လူငယ်အချို့သေဆုံး

ဒီလို စစ်ဆေးရာမှာ အခန်းထဲက ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လူငယ် အချို့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်ရဲ့သတင်းဖြန့်ချက်မှာ တွေ့ရပါတယ်။

People's Spring
People's Spring

မန္တလေး၊ချမ်းမြသာစည်မြို့နယ် က တည်းခိုခန်း ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းကာ လူငယ်အချို့ကိုပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးမှုတွေရှိတယ်လို့သိရပါတယ်။

ချမ်းမြသာစည်မြို့နယ်အတွင်းက Green House Inn ကို ဒဏ်ရာရထားတဲ့လူငယ်တွေ လာရောက်တည်းခိုနေတယ်လို့ဆိုတဲ့သတင်းပေးချက်အရ သွားရောက်ရှာဖွေခဲ့တယ်လို့ စစ်ကောင်စီဘက်ကသတင်းဖြန့်ထားပါတယ်။

ဒီလို စစ်ဆေးရာမှာ အခန်းထဲက ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး လူငယ် အချို့ သေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်ရဲ့သတင်းဖြန့်ချက်မှာ တွေ့ရပါတယ်။

ကနဦးသတင်းတွေအရ လူငယ် ၃ ဦး သေဆုံးကာ ၁ ဦးဖမ်းခံလိုက်ရတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်လို့သေဆုံးသွားတဲ့လူငယ်တွေရဲ့ရုပ်အလောင်းကိုလူမှုကူညီရေးအသင်းကလာရောက်သယ်ဆောင်သွားတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။