Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းမှု​ကြောင့်မီးပြတ်​တောက်မှုပိုမိုကြာရှည်မည်၊ ရင်းနှီးမြှပ်နှံသူများကိုဆုံးရှုံးနိုင်​ချေအမြင့်ဆုံးအ​ခြေအ​နေဟုကမ္ဘာဘဏ်အစီရင်ခံစာသုံးသပ်

စစ်တပ်အာဏာသိမ်းမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာလည်း ၃၀ ရာခိုင်နှုန်းထိုးကျသွားသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။ ယခင်က မဂ္ဂါဝပ် ၃၇၁၁ ထုတ်လုပ်နိုင်ရာမှ စစ်တပ်အာဏာသိမ်းပြီ ၂၀၂၂ မတ် ၇ရက်တွင် မဂ္ဂါဝပ် ၂၆၆၅သာထုတ်လုပ်နိုင်တော့သည်ဟုပါရှိသည်။

(ယခုရက်ပိုင်းအတွင်း ရန်ကုန်တွင် တစ်ရက် ၆ နာရီခန့်သာမီးလာသည်။ ။ဓါတ်ပုံ-CJ)

စစ်တပ်အာဏာသိမ်းထား​သောကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုကြာရှည်နိုင်ပြီး ရင်းနှီးမြှပ်နှံသူများအတွက် ဆုံးရှုံးနိုင်ချေအမြင့်ဆုံးဖြစ်နေ​ကြောင်း ကမ္ဘာဘဏ်က မြန်မာ့စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦးစောင့်ကြည့်ရေးအစီရင်ခံစာကဆိုလိုက်သည်။

အဆိုပါအစီရင်ခံစာသည် မြန်မာ့နိုင်ငံ၏ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အဦး၏ အလားအလာကို လေ့လာစောင့်ကြည့် ၂၀၂၂ ဧပြီလအတွက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့စွမ်းအင်ကဏ္ဍသည့် စစ်တပ်အာဏာသိမ်းမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုကြီးမားခဲ့ပြီး စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ဆယ်စုနှစ်တစ်ခုကြာပြုပြင်ပြောင်းလဲခဲ့သည့် အခြေအနေကောင်းများ ပျက်စီးခဲ့သည်ဟုကမ္ဘာဘဏ်ကသုံးသပ်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း ၄၄၀၀ကျော်ကို စစ်ကောင်စီကအလုပ်ထုတ်ပစ်ခဲ့သည်။ လူထုကအာဏာလုစစ်​ကောင်စီကို အမိန့်ဖိဆန်ပြီး မီတာခမဆောင်သည့်ဆန္ဒပြခြင်းနှင့်ဒေါ်လာဈေးမြင့်တက်လာခြင်းက စွမ်းအင်ကဏ္ဍကို သက်ရောက်မှုကြီးခဲ့သည်။ ထိုဖြစ်ရပ်နှစ်ခုသည် လူစွမ်းအားအရင်းအမြစ်နှင့် ငွေကြေးလျှော့နည်းလာပြီးစစ်ကောင်စီ၏လျှပ်စစ်ကဏ္ဍကို ထိခိုက်စေသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်လျှပ်စစ်မီးပြတ်တောက်ခြင်း အတူလောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်း​ကြောင့် ကုန်ဈေးနှုန်းကိုလည်း မြင့်တက်စေသည်ဟုလည်း​ဖော်ပြထားသည်။

စစ်ကောင်စီ၏ လျှပ်စစ်ဓာတ်အားပေးနိုင်​သောနှုန်းသည် ၂၀၂၁ ဒီဇင်ဘာလတွင် အဆိုးဆုံးအခြေအနေကို စတင်​ရောက်သည်။ ၂၀၂၂ ဇန်နဝါရီလတွင် တရက်လျှင် လေးနာရီနှင့် ဖေဖော်ဝါရီနှင့်မတ်လတွင် တရက်ကို ၅နာရီအထိသာ လျှပ်စစ်မီးပေးနိုင်တော့​ကြောင်း ကမ္ဘာဘဏ်ကဆိုသည်။ မီးအများဆုံးပေးနိုင်သည့် ရက်သည် ၁၃ နာရီအထိသာ ရှိ​တော့သည်ဟုအစီရင်ခံစာတွင်ပါရှိသည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုမှာလည်း ၃၀ ရာခိုင်နှုန်းထိုးကျသွားသည်ဟု ကမ္ဘာဘဏ်ကဆိုသည်။ ယခင်က မဂ္ဂါဝပ် ၃၇၁၁ ထုတ်လုပ်နိုင်ရာမှ စစ်တပ်အာဏာသိမ်းပြီ ၂၀၂၂ မတ် ၇ရက်တွင် မဂ္ဂါဝပ် ၂၆၆၅သာထုတ်လုပ်နိုင်တော့သည်ဟုပါရှိသည်။

နိုင်ငံအတွင်းထပ်မံရင်းနှီးမြှပ်နှံမည့်လျှပ်စစ်အားထုတ်ရေးစီမံကိန်းများအတွက်လည်း ကြီးမားသည့် စိန်ခေါ်မူများဖြစ်စေသည်ဟုလည်း ကမ္ဘာဘဏ်ကသုံးသပ်ထားသည်။ ရင်းနှီးမြှပ်နှံရန်လည်း စွန့်စားမှုကြီးပြီး ရှိရင်းဆွဲ ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများကို အတင်းအကြပ်ခွင့်ပြုပေးနေခြင်းသည်လည်း ရင်းနှီးမြှပ်နှံသူများကို ကျားရဲတွင်း ပို့သကဲ့သို့ဖြစ်နေသည်ဟုလည်းသုံးသပ်သည်။

လျှပ်စစ်မီးပြတ်တောက်နေခြင်းသည်မြန်မာ့စီးပွားရေးကို ထိခိုက်စေပြီး စီးပွားရေးပြန်လည် နလံထူရန် အခက်အခဲများရှိနေသည်ဟု လည်း​ဖော်ပြထားသည်။

ယခုအခါစီးပွား​ရေးမြို့​တော် ရန်ကုန်မြို့တွင်ပင် ၄ နာရီလာ ၆ နာရီပျက်​သောပုံစံဖြင့် အလှည့်ကျမီး​ပေး​နေသည်ဟုဆို​သော်လည်း မီးလာရမည့်အချိန်တွင်လည်းပျက်တက်သည်။

ထို​ကြောင့်တစ်ရက်လျှင်မီးလာချိန် ၄ နာရီမှ ၆ နာရီအတွင်းသာရှိပြီး အချို့ရက်များတွင်ထိုထက်နည်းသည်။အရပ်သားအစိုးရလက်ထက်တွင်မြို့ကြီးများတွင် မီးမပြတ်သ​လောက်နီးပါးလျှပ်စစ်မီး​ပေး​ဝေနိုင်ခဲ့ရာမှ အာဏာသိမ်းပြီး​နောက်လပိုင်းအတွင်း မီးပြတ်​တောက်မှုများ ကြာ​လေဆိုးလေဖြစ်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။