Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးတိုင်းစစ်​ကောင်စီတိုင်းရုံးအနီး မြို့တွင်းလမ်းများကို တစ်လမ်းမောင်းအဖြစ် ပိတ်ဆို့ထား

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပဲခူး တိုင်းအား အုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြင်ဆင်လျက်ရှိရာ ပြည်ပရောက်မြန်မာများ ထည့်ဝင်မှုဖြင့် ရက်ပိုင်းအတွင်း ကျပ်သိန်း ၆၀၀၀ ကျော်ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက အသိပေးထားသည်။

ကျော်ဇော/People’s Spring

စစ်​ကောင်စီလက်​အောက်ရှိပဲခူးတိုင်းအစိုးရဖွဲ့ရုံးအနီး မြို့တွင်းလမ်းများကို ယခုရက်ပိုင်းမှစ၍ ပိတ်ဆို့ပြီး တစ်လမ်းမောင်းအဖြစ်သာ ခွင့်ပြုထားကြောင်း ပဲခူးမြို့ခံများက ပြောသည်။

တစ်လမ်းမောင်းပုံစံ အတားအဆီးများချ၍ ပိတ်ဆို့ထားသော လမ်းများအနက် ရန်ကုန်-မန္တလေးလမ်းအား ပဲခူးမြို့နာရီစဥ်အနီးမှ ပဲခူးတိုင်းအစိုးရအဖွဲ့ရုံးအနီး မီးပွိုင့်ထိပ်အထိ ပိတ်ဆို့ထားသည်။

အလားတူ ရန်ကုန်-မန္တလေးမကြီးသို့ ဖောက်ထွက်နိုင်သော ၂၈ လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ တို့ကို တစ်လမ်းမောင်းပုံစံ ပိတ်ဆို့ထားပြီး ပဲခူးမြို့မှ သနပ္ပင်ဘက်အထွက်လမ်းပိုင်းကိုလည်း အလားတူ ပိတ်ဆို့ထားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“လမ်းမတွေမှာ အကုန်အစစ်ဆေးလုပ် အတား အဆီးတွေလုပ်ထားကြတာ။ လမ်းမှာ လူငယ်တွေတွေ့ရင် အကုန်စစ်​တယ်။ လုံခြုံရေးတင်းကြပ်ထားတယ်။ ကင်းပုန်းတွေလည်းရှိတယ်” ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

လမ်းပိုင်းများအား တစ်လမ်းမောင်းပုံစံပြု လုပ် ၍ အတားအဆီးများချကာ ပိတ်ဆို့မှုများကို မေ ၂ ရက်က စတင်လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး ယင်းလမ်းပိုင်းများမှာ စစ်ကောင်စီလက် အောက်ခံ ပဲခူးမြို့မရဲစခန်း၊ တိုင်းအစိုးရရုံး၊ ထွေအုပ်၊ သစ်တော၊ ပြန်/ဆက်၊ တိုင်းတရားရုံးစသည့်ရုံးဌာနများသို့ အလွယ်တကူ သွားလာနိုင်သည့် လမ်းပိုင်းများဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်လက်အောက်တွင် ဖမ်းဆီး၊ သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ရမ်း ကားမှုတို့တွင် နာမည်ဆိုးဖြင့်ကြော်ကြားသော တပ်မ (၇၇)နှင့် မီးပွိုင့်တစ်ခုသာခြားသည့် အ ကွာအဝေးတွင် ပိတ်ဆို့ထားခြင်းလည်း ဖြစ် သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပဲခူး တိုင်းအား အုပ်ချုပ်မှုနယ်မြေတိုးချဲ့ရန် ပြင်ဆင်လျက်ရှိရာ ပြည်ပရောက်မြန်မာများ ထည့်ဝင်မှုဖြင့် ရက်ပိုင်းအတွင်း ကျပ်သိန်း ၆၀၀၀ ကျော်ရရှိထားကြောင်း ပြည်ထဲရေးဝန်ကြီးက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။