Connect with us

Hi, what are you looking for?

News

အမျိုးသားညီညွတ်​ရေးအစိုးရကို ဗြိတိန်တရားဝင်အသိ အမှတ်ပြု

ကြားကာလအမျိုးသားညီညွတ်​ရေးအစိုးရ( NUG)ကို တရားဝင်အသိအမှတ်ပြု​သော ပထမဆုံးနိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်လာသည်။

ကြားကာလအမျိုးသားညီညွတ်​ရေးအစိုးရ( NUG)ကို တရားဝင်အသိအမှတ်ပြု​သော ပထမဆုံးနိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်လာသည်။ 

ဧပြီ ၂၀ ရက် အစောပိုင်းတွင် အာရှဒေသဆိုင်ရာ ယူကေနိုင်ငံ၀န်ကြီး နိုင်ဂျယ်အဒမ်စ် ကအပြည်ပြည်ဆိုင်ရာ ပူး​ပေါင်း​ဆောင်ရွက်​ရေးဝန်ကြီး ​ဒေါက်တာ ဆာဆာနှင့် ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ အရေးကြီးသောလုပ်ဆောင်မှုများနှင့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒီမိုကရေစီအတွက် ရပ်တည်ချက်ကို ကြိုဆိုခဲ့​ကြောင်း 
ဗြိတိန်က ယ​နေ့ ညတွင် သတင်းထုတ်ပြန်သည်။

ထိုအပြင် အမျိုးသားညီညွှတ်ရေးအစိုးရတွင် မတူကွဲပြားသော တိုင်းရင်းသားပေါင်းစုံပါဝင်မှုအတွက်လည်း ၀န်ကြီးအဒမ်စ်က ချီးကျူးခဲ့​ကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကိုသတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့အပြင် လွတ်လပ်စွာပြောဆိုခွင့်ကိုဖိနှိပ်ခြင်း စသည့်လုပ်ရပ်များကို ဒေါက်တာဆာဆာနှင့် ၀န်ကြီးအဒမ်စ်တို့က ဝေဖန်ရှုတ်ချခဲ့ပါသည်။တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့သည့် ယူကေအစိုးရ၏ အရေးယူဆောင်ရွက်ချက်များကို ဝန်ကြီးအဒမ်စ်ကဖော်ပြခဲ့ပြီး နောင်တွင် ရာဇဝတ်မှု ကျူးလွန်မှုအတွက် တာ၀န်ရှိသူများကို အရေးယူနိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုသက်သေအထောက်အထားများ စုဆောင်းထိန်းသိမ်းထားနိုင်ရန် ကုလသမဂ္ဂကို ယူကေအစိုးရ၏ ထောက်ပံ့မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးက ထပ်လောင်းပြောကြားခဲ့​ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

၀န်ကြီးအဒမ်စ်က အကြမ်းဖက်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေသူများ၏ ရဲစွမ်းသတ္တိကို ချီးကျူးခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီလမ်းကြောင်း ပြန်လည်ဖော်ဆောင်ရန်အတွက် စစ်အာဏာရှင်များကို ယူကေအစိုးရအနေဖြင့် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook