Connect with us

Hi, what are you looking for?

News

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ထုတ်ပြန်ချက်

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေရပ်ဖို့ ဖမ်းထားသူတွေလွှတ်ပေးဖို့အပါအဝင် မြန်မာ့အရေး အာဆီယံ ဆွေးနွေးပွဲအပြီး အင်ဒိုနီးရှား အစိုးရ ထုတ်ပြန်ချက်

မြန်မာ ပြည်သူလူထုရဲ့ ကောင်းကျိုးကသာ အမြဲတမ်း ဦးစားပေးကိစ္စ ဖြစ်သင့်တယ်။ မြန်မာစစ်တပ် ခေါင်းဆောင် အနေနဲ့ ဒီအချက်တွေကို လိုက်နာ ဆောင်ရွက်ဖို့ အရမ်း အရေးကြီးပါတယ်။

၁။ စစ်တပ်ရဲ့ အကြမ်းဖက် လုပ်ဆောင်မှုတွေ ရပ်တန့်ရမယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံက အဖွဲ့အစည်း ပေါင်းစုံ အနေနဲ့လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တောင်းဆိုရမယ်။

၂။ အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ဆွေးနွေး ညှိနှိုင်းမှု လုပ်ငန်းစဉ်ဟာ ချက်ချင်း အစပြုရမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ချင်း လွှတ်ပေးသင့်တယ်။
မြန်မာ့ နိုင်ငံရေး အဖွဲ့အစည်း အားလုံးနဲ့ ဆွေးနွေး ညှိနှိုင်းရေး တွန်းအားပေးမယ့် အာဆီယံ အထူး ကိုယ်စားလှယ် အဖွဲ့တစ်ခု ဖွဲ့စည်းသင့်တယ်။

၃။ အာဆီယံ အထွေထွေ အတွင်းရေးမှူးနဲ့ AHA စင်တာတို့က ကြီးမှူးပြီး လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ပေးပို့ဖို့ လမ်းကြောင်းအားလုံး ဖွင့်လှစ်ရမယ်။ အင်ဒိုနီးရှား အနေနဲ့ ဒီနိုင်ငံရေး အကျပ်အတည်းကို ချက်ချင်း အဖြေရှာ ရှင်းလင်းနိုင်ရေး ကြီးမှူး လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း သဘောတူညီမှုတွေ ရရှိခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ဘုံသဘောတူညီမှု ၅ ချက်ကို အာဆီယံ အထွေထွေ အတွင်းရေးမှူးက အမြန်ဆုံး ထုတ်ပြန်ပေးပါလိမ့်မယ်။

  • အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို

ဆက်စပ်သတင်းများ

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ဆာဘီးယား သမ္မတ အလက်ဇန္ဒား ဗူဆစ်က ရာထူးက နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။