Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဗိုလ်ချုပ်လမ်းက ကား ၁၅ စီးလောက်ကို ဖျက်ဆီး

မေ ၂ ရက် ည ၈ နာရီ သံပုံးတီးချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက် ၄၅၊ ၄၆၊ ၄၇ လမ်းတွေကို စစ်တပ်နဲ့ ရဲတွေဝင်လာပြီး ရပ်ထားတဲ့ကားတွေကို ထုခွဲရိုက်နှက်သွားတာကြောင့် ကားအစီးရေ ၁၅ စီးထက်မနည်း ဖျက်ဆီးခံခဲ့ရတယ်လို့ အဲဒီမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖျက်ဆီးသွားသော ကားတစ်စီး (ဓာတ်ပုံ - CJ)

”သံပုံးတီးလို့ကွ၊ သံပုံးတီးလို့ကွ” လို့အော်ပြီး လုပ်သွားတာပါလို့ ဆိုပါတယ်။
သံပုံးတီးလို့ ကြိမ်းမောင်း၊ အိမ်တွေကို ခဲတွေနဲ့ပစ်ခတ်ဖျက်ဆီးရုံတင်မက လမ်းဘေးရပ်ထားတဲ့ ကားတွေကို ထုခွဲရိုက်နှက်သွားသလို မှုတ်ဆေးနဲ့လည်း စာတွေရေးသွားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖျက်ဆီးသွားသော ကားတစ်စီး (ဓာတ်ပုံ – CJ)

ကားအစီးရေ ၁၅ စီးလောက် ဖျက်ဆီးခံလိုက်ရတာဖြစ်ပြီး နေအိမ်မှန်တွေကတော့ မေးမနေဘဲ လမ်းကြုံရင်သာ ဝင်ကြည့်လိုက်ပါတော့လို့ အဲ့ဒီဝန်းကျင်မှာနေတဲ့ အမျိုးသားတစ်ဦးက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ လူမှုကွန်ရက်မှာ တင်ထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖျက်ဆီးသွားသော ကားတစ်စီး (ဓာတ်ပုံ – CJ)

“စစ်အုပ်စုက လူထုဆီက အကြောက်တရားနဲ့ နာခံမှုကို ရမယ်ထင်ပြီး အနိုင်ကျင့် ယုတ်မာပြနေတာပါ။ ဒါပေမဲ့ သူတို့ပြန်ရတာက လူထုရဲ့ အမုန်းတရားနဲ့ ရွံရှာစက်ဆုတ် အော့နှလုံးနာမှုပါပဲ”လို့ အဲ့ဒီအမျိုးသားက မှတ်ချက်ပြုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖျက်ဆီးသွားသော ကားတစ်စီး (ဓာတ်ပုံ – CJ)

အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံပုံးတီးလှုပ်ရှားမှုကို အာဏာသိမ်းပြီးနောက်နေ့ ဖေဖော်ဝါရီ ၂ ရက်ကတည်းက ရပ်ကွက်တွေတိုင်းမှာ မပျက်မကွက် လုပ်ခဲ့ကြပေမဲ့ ဒီနောက်ပိုင်းမှာ သံပုံးတီးတဲ့အိမ်တွေကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတွေက လေးခွနဲ့ပစ်တာ၊ သေနတ်ပစ်ဖောက်တာ၊ ဆဲဆိုကြိမ်းမောင်းတာ၊ အနီးအနားဝန်းကျင်က ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတာတွေ တောက်လျှောက်လုပ်နေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

မန္တလေးတိုင်း မြို့သုံးမြို့က ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ၃ခုကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။