Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ဖွဲ့ချင်း လေယာဉ်ဗုံးမှားကြဲ၍ ၃၀ ဦး​သေ ၊ KIA ကသတ်၍ ၃၀ ဦး​သေ

“မနေ့ကလည်း သူတို့ လေယာဉ်ပျံနဲ့ ဗုံးကြဲတာ သူတို့ဆီပဲ ကျသွားတယ်လို့ ကြားပါတယ်။ တော်တော်များများဒဏ်ရာရတယ်လို့ ကြားပါတယ်”

ကချင်ပြည်နယ် မိုးမောက်မြို့‌နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်က အချင်းချင်း လေကြောင်းမှ မှားယွင်းဗုံးကြဲခဲ့ခြင်း၊ ရွှေကူမြို့နယ်တွ ရေကြောင်းမှ စစ်ကူလာသည့်တပ်ကို ကချင်လွတ်မြာက်​ရေးတပ်မ​တော် (KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း တို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့သည်။

မေလ ၆ရက် ညပိုင်းက ရွှေကူ ဘက်မှဧရာဝတီမြစ်အတိုင်း တက်လာသည့် ‌စစ်ကောင်စီ တပ်ဖွဲ့ဝင်များလိုက်ပါလာသော ရေယာဉ်ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စက်​လှေတစ်စီးထိခိုက်ပျက်စီးသွားပြီး ရေယာဉ်တစ်စီးနောက်ပြန်လှည့်သွားကြောင်း KIA က အတည်ပြုသည်။

“အဲဒီမှာ တင်လာတဲ့ သူတွေကိုတော့ အခြားသော စက်လှေတွေနဲ့ လာပြီးမှ ကယ်ဆယ်ကြတယ်ဆိုတဲ့ သတင်းကြားပါတယ် ။ ဘယ်လောက်ထိခိုက်တယ်ဆိုတာ တွေ မကြားရသေးပါဘူး။ ထိခိုက်မှု များတယ်ဆိုတာ အဲဒီလောက်ပဲ ကြားပါတယ်”ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ​ဒေသခံအချို့က အဆိုပါစစ်​ကောက်စီစက်​​လှေကို KIA ကတိုက်ခိုက်
နစ်မြှစ်ရာစစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး​သေဆုံးခဲ့​ကြောင်း ​ပြောသည်။

ထို့အပြင်KIA က သိမ်းပိုက်ထားသည့် အလော့ဘွမ်တပ်စခန်းတည်ရှိရာ မိုးမောက်မြို့နယ်တွင်လည်း စစ်ကောင်စီက ယနေ့ဆက်လက်၍ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်ဆင်​နေစဥ် တိုက်​လေယာဥ်က စစ်​ကောင်စီတပ်ဖွဲ့ဝင်များ၏ ကြည်း​ကြောင်းကိုမှားယွင်းတိုက်ခိုက်မိခဲ့​ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“မနေ့ကလည်း သူတို့ လေယာဉ်ပျံနဲ့ ဗုံးကြဲတာ သူတို့ဆီပဲ ကျသွားတယ်လို့ ကြားပါတယ်။ တော်တော်များများဒဏ်ရာရတယ်လို့ ကြားပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသခံ တစ်ဦးကလည်း” မြို့သစ်နဲ့ ကုန်းလောမှာတော့ တိုက်ပွဲက တောက်လျှောက်ပါပဲ။ မနေ့ကတော့ စစ်ကောင်စီဘက်က တပ်ရင်းတစ်ရင်းလောက် ပြုတ်သွားတယ်ထင်တယ်။ လူနာတောင် ၈၀ကျော်လို့ ပြောတယ် သေတာက ဘယ်လောက်လဲတော့ မသိဘူး”ဟု ပြောသည်။ ​ဒေသခံအချို့က အဆိုပါမှားယွင်းတိုက်ခိုက်မှုတွင် ကြည်း​ကြောင်းမှစစ်​ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး​သေဆုံးခဲ့​ကြောင်း​ပြောသည်။

မိုးမောက်မြို့နယ် မြို့သစ်ရွာနှင့် ကုန်းလောရွာတစ်ဝိုက်တွင် ဧပြီ တတိယအပတ်မှစ၍ တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီး ပစ်ခတ်မှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သည်။

ဧပြီလတွင်လည်း စစ်ကောင်စီက အချင်းချင်း မှားယွင်းဗုံးကြဲခဲ့၍ စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ဖူး​သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။