Connect with us

Hi, what are you looking for?

News

တမူးပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့နှင့် တိုက်ပွဲတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး​ကျော်​သေဆုံး

စစ်​ကောင်စီတပ်ကိုကူညီ​နေသော (Manipur meitei)ကသည်း ​​လေးဦး သေဆုံး

တမူးပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့နှင့် စစ်​ကောင်စီတပ်ကြားတမူးမြို့နယ်တွင် ယမန်​နေ့ညကဖြစ်ပွား​သော တိုက်ပွဲနှင့် ယ​နေ့နံနက်အ​​စောပိုင်းက စစ်​ကောင်စီရဲကင်းကိုဝင်​ရောက်တိုက်ခိုက်မှုတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး​​ကျော်သေဆုံးခဲ့​ကြောင်းတမူးပြည်သူ့ ကာကွယ်​ရေးတက်ဖွဲ့ က ထုတ်ပြန်သည်။

ထို့အပြင် စစ်​ကောင်စီတပ်ကိုကူညီ​နေသော (Manipur meitei)ကသည်း ​​လေးဦး သေဆုံးခဲ့​ကြောင်းလည်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

တမူးမြို့နယ် ပန်းသာကျေးရွာတွင် ​မေလ ၁၁ ရက် ည ၁၀ နာရီမှ ၁၂ နာရီအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်​ကောင်စီ တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် တမူး ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင် (TPDF)တစ်ဦးလည်း ကျဆုံးခဲ့​ကြောင်းထုတ်ပြန်ထားသည်။

ထိုအပြင်ယ​နေ့နံနက် ၄ နာရီမှ ၄ နာရီတွင် တမူးမြို့နယ် ကွန်းတောင်းရဲကင်းတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်ဖွဲ့ဝင်များ နှင့် တမူးပြည်သူ့ကာကွယ်ရေးအဖွဲ့ (TPDF) တို့ကြား နာရီဝက်ခန့် တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်​​ကောင်စီတပ်ကို ကူညီ​နေသော (Manipur meitei)ကသည်း ​လေး ဦး လည်းသေဆုံးခဲ့ကြောင်း လည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။