Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွား

ကယားပြည်နယ်ရှိ မြို့နယ်အချို့တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွား ပြီး ယနေ့ဖြစ်ပွားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့၏ တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ် ဒေသခံအချို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဒီး​မော့ဆို​ဒေသခံများ စစ်​ဘေး​ရှောင်​နေစဥ် (ဓာတ်ပုံ - KNIC)

စစ်တပ်အာဏာသိမ်းပြီးနောက် ကယားပြည်နယ်ရှိ မြို့နယ်အချို့တွင် ကယားပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ပြည်သူ့ ကာကွယ်ရေးတပ်တို့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား တိုက်ပွဲ စတင်ဖြစ်ပွားခြင်း လည်းဖြစ်သည်။

ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဒီးမော့ဆိုမြို့နယ် မာနာပလော့ရပ်ကွက်အနီး နယ်မြေကျူးကျော်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း KNPPသတင်းနှင့်ပြန်ကြားရေးဌာန KNIC က သတင်းထုတ်ပြန်သည်။

အဆိုပါ ပစ်ခတ်မှုများကြောင့်ဒီးမော့ဆို ဒေသခံများ ဘေးကင်းရာ တိမ်းရှောင်နေကြရကြောင်း၊ စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KNIC က ဖော်ပြသည်။ ထို့ပြင် ယနေ့ နေ့လည်ပိုင်း၌ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးလမ်းခွတွင် ဆိုင်ကယ်မောင်းနှင်လာသူ ခရီးသွားအရပ်သား နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်၍ တစ်ဦးသေဆုံးသွားကြောင်း KNIC က သတင်းဖော်ပြသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယမန်နေ့ မေလ ၂၀ရက်တွင် လည်း ဘောလခဲမြို့နယ်ရှိ KNPP၏ လူငယ်လေ့ကျင့်ရေး ကွင်းသို့ လာရောက်တိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

“စစ်သင်တန်းပေးတဲ့နေရာဝန်းကျင် အဲဒီနေရာ ချီတက်လာတာ။ ချီတက်လာတာ ထိပ်တိုက်တွေ့ပြီးတော့ တိုက်ပွဲဖြစ်တာပေါ့” ဟု ကယားဒေသခံ ကိုဌေးရယ်က ပြောသည်။

အဆိုပါ လူငယ်လေ့ကျင့်ရေးကွင်းသည် ကယားပြည်နယ် ဘောလခဲမြို့နယ် စလဲလုံရွာ နှင့် ဖာဆောင်းမြို့နယ် နန့်ကစ်ရွာအကြား၌ တည်ရှိပြီး လတ်တလောတွင် လူငယ်များကို စစ်ရေးလေ့ကျင့်ပေးနေသည့် နေရာဖြစ်ကြောင်း ကိုဌေးရယ်က ပြောသည်။

KNPP စစ်ဘက်တာဝန်ရှိသူတစ်ဦးက တိုက်ပွဲဖြစ်ပွားမှုကို အတည်ပြုပြီး အသေးစိတ်အခြေအနေ မသိရသေးဟု ပြောသည်။

“ သူတို့က ကျွန်တော်တို့ကို လာတိုက်တာကတော့ ဒါပထမဆုံးပေါ့” ဟု ၎င်း ကဆိုသည်။ တိုက်ပွဲဖြစ်စဉ်တွင် ထိခိုက်မှုရှိမရှိကို အသေးစိတ်မသိရသေးကြောင်း KNPP စစ်ဘက်တာဝန်ရှိသူက ပြောသည်။

ယခု တိုက်ခိုက်မှုသည် ဧပြီ ၃၀ရက်က လူငယ် ၇၄ဦး ကို စစ်ကောင်စီက ဖမ်းမိသွားသည့်ဖြစ်စဉ်နှင့် ဆက်စပ်နိုင်ကြောင်းကိုဌေးရယ်က ပြောသည်။

KNPPသည် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ထားသည့် အဖွဲ့ဖြစ်သည်။ ယခု တိုက်ပွဲဖြစ်ပွားမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားမှုလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။