Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီ အထိနာ၊ စစ်ဆေးရေးဂိတ်အချို့ PDF သိမ်းပိုက်မီးရှို့

ကယားပြည်နယ် ဒီးမော့ဆိုမြို့၌ ယနေ့ဖြစ်ပွားသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် အာဏာသိမ်းစစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားပြီး စစ်ဆေးရေးဂိတ်အချို့ကိုလည်း PDFက မီးရှို့ဖျက်ဆီးခဲ့သည်။

ဓါတ်ပုံ - KnIc

ကယားပြည်နယ် ဘောလခဲမြို့နယ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် စစ်ကောင်စီတို့ မေလ ၂၀ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ယနေ့တွင် ဒီးမော့ဆိုမြို့၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့်စစ်ကောင်စီတို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။

ဓါတ်ပုံ – KnIc

စစ်ကောင်စီက ဒီးမော့ဆိုမြို့ရှိ လူငယ်အချို့ကို ယမန်နေ့က ဖမ်းဆီးရန် ကြိုးစားရာမှ တစ်ဆင့် ပြဿနာဖြစ်ပွားရာ စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ယနေ့တွင်လာရောက် နှိမ်နင်း၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဒီးမော့ဆိုမြို့ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိကြောင်းကြားသိရသည်ဟု KNPP တာဝန်ရှိသူတစ်ဦးကပြောသည်။

“ ဖြစ်တာက ဒီးမော့ဆိုမြို့ရဲ့ အနောက်ဘက်ခြမ်းမှာဖြစ်တာ။ သူတို့က နည်းနည်း တိုက်ပွဲတွေ ကြီးမားလာ ကြမ်းလာတဲ့အခါ စစ်အင်အားဖြည့်တာပေါ့။ ဖြည့်တဲ့အခါ လွိုင်ကော်ကနေ လာတဲ့ စစ်ကြောင်းတစ်ကြောင်းကို ညောင်ကိုင်းနားမှာ ကြားဖြတ်တိုက်ခိုက်တာ စစ်ကောင်စီကနေ မထိုးဖောက်နိုင်ဘူးလို့ ပြောတယ်။ ကားတွေကိုမီးရှို့လိုက်တယ်လို့ပြောတယ် စစ်တပ်တွေ ထိခိုက်နစ်နာမှုရှိတယ်ကြားတယ် ဘယ်လောက်ဆိုတာတော့ အတိအကျမသိဘူး” ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ဖရူဆိုဘက်မှ စစ်အင်အားထပ်ပို့သည့် စစ်ကြောင်းကိုလည်း ဒီးမော့ဆိုမြို့နယ်အဝင်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KNPPတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကယားဒေသခံကိုဌေးရယ်က ယနေ့ညနေပိုင်း၌ ဒီးမော့ဆိုမြို့နယ် ပူးပေါင်းစစ်ဆေးရေးဂိတ်(ထူလွီးဘီလာ) ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီး မီးရှို့လိုက်ကြောင်း ပြောကြားသည်။

ဓါတ်ပုံ – KnIc

ထို့ပြင် ဘောလခဲမြို့နယ် နန်းဖဲတပ်စခန်းနှင့် ဒီးမော့ဆိုမြို့နယ် ဒေါတဝီဂိတ်စခန်းတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“ စခန်းသုံးခုမှာ နှစ်ခုက မီးရှို့မရှို့ မသေချာသေးဘူး ။ ဒီတစ်ခု(ပူးပေါင်းစစ်ဆေးရေးဂိတ်) တော့မီးရှို့တာသေချာတယ်။ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်က ထိခိုက်ဒဏ်ရာရတာ တစ်ယောက်တော့ရှိတယ်။ စစ်ကောင်စီဘက်ကတော့ ထိခိုက်မှုတော်တော်များတယ်။ အရေအတွက်တော့ အခုထိမသိရသေးဘူး” ဟု ကိုဌေးရယ်ကပြောသည်။

ဒီးမော့ဆို မြို့မရဲစခန်းတို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရပြီးအသေးစိတ်အခြေအနေများကို မသိရသေးပေ။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ယမန်နေ့ မေလ ၂၀ရက်က KNPP ၏ လူငယ်လေ့ကျင့်ရေးကွင်းသို့ သွားရောက်တိုက်ခိုက်ရာ လမ်းခုလတ်တွင် KNPPက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့တိုက်ပွဲဖြစ်စဉ်တွင်လည်း စစ်ကောင်စီဘက်က ထိခိုက်မှုရှိကြောင်း၊တိုက်ပွဲအပြီးတွင် ဒေသခံတောင်သူများကို ပေါ်တာခေါ်ယူခဲ့ရာ ယင်းသို့ ပေါ်တာခေါ်ခြင်းသည် ပစ္စည်း သို့မဟုတ် လူနာများ သယ်ခိုင်းခြင်းဖြစ်နိုင်ကြောင်း KNPPတာဝန်ရှိသူတစ်ဦးပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မေလ ၂၀ရက်ကစ၍ ကယားပြည်နယ်၌ တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်။ KNPPသည် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။