Connect with us

Hi, what are you looking for?

News

မိုးဗြဲရဲစခန်း မီး​လောင်ပြာကျ၊ စစ်​ကောင်စီ၏ ရဲ​လေးဦး အရှင်ဖမ်းမိ

ရှမ်း-ကယားနယ်စပ်က မိုးဗြဲရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) က ယနေ့နေ့လည်ပိုင်းမှာသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးလိုက်ပါတယ်။

ရဲစခန်းကို သိမ်းပိုက်ရာမှာ စစ်​ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက​ပြောပါတယ်။

ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ရဲစခန်းကို ဒီနေ့မနက် ၉နာရီလောက်က စပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့တာမှာ နေ့လည် ၁၂နာရီလောက်မှာ ရဲစခန်းကို မီးရှို့လိုက်တယ်လို့ မိုးဗြဲဒေသခံ တစ်ဦးက ပြောပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း ကုန်းသာရွာအဝင်နားမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့
၁၂ နာရီခွဲလောက်မှာ ကြားဖြတ်တိုက်ခိုက်လိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုးဗြဲမြို့အနီးက ပီကင်းကောခူကျေးရွာနားမှာလည်း စစ်ကောင်စီ တပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ထပ်မံ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ မိုးဗြဲမြို့ခံက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စ်ကောင်စီရဲ့ မိုးဗြဲအခြေစိုက် ၄၂၂ တပ်ရင်းကလည်း ဒီကနေ့ နေ့လည်ပိုင်းအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ အမျိုးသမီးတစ်ယောက် ဒဏ်ရာရပြီး ဒေသခံ နေအိမ်အချို့ ပျက်စီးမှု ဖြစ်ခဲ့ရတယ်လို့လည်း မိုးဗြဲမြို့ခံက ပြောပြပါတယ်။

မေလ ၂၀ရက်က စပြီး ကယားပြည်နယ် ဘောလခဲနဲ့ ဒီးမော့ဆို မြို့နယ်တွေမှာ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက အာဏာသိမ်းစစ်ကောင်စီ တပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့