မေ ၂၃ ရက်နေ့ ညပိုင်းကစပြီး ဒီကနေ့ မနက်ပိုင်း ၃ နာရီအထိ ကယန်းသာယာကျေးရွာထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
အဲ့ဒီလိုပစ်ခတ်တာကြောင့် ကယန်းသာယာတောင်ဘုရားကျောင်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး ဘုရားကျောင်းထဲမှာ ပုန်းခိုနေတဲ့ ရွာသားအချို့ ထိခိုက်မှုတွေဖြစ်သွားခဲ့တာပါ။

” လွိုင်ကော်စစ်ကောင်စီတပ် (၂၅၀) တပ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဘုရားကျောင်းထဲမှာ ရွာသားတွေစုနေကြတာသိတော့ ဘုရားကျောင်းကိုလည်း လက်နက်ကြီးနဲ့ပစ်တယ် ရွာသား ၄ ဦးသေဆုံးသွားပါတယ်။ မိန်းကလေး ၃ ဦးနဲ့ ယောကျာ်းလေး ၁ ဦးပါ။ နေအိမ်အချို့လည်း ပျက်စီးသွားပါတယ်။

လွိုင်ကော်မြို့မှာ မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တစ်ညလုံး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
