Connect with us

Hi, what are you looking for?

News

လွိုင်ကော်က ဘုရားကျောင်းကို စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ထု

လွိုင်ကော်က ကက်သလစ်ဘုရားကျောင်းတစ်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူ လေးဦးသေဆုံးပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။

မေ ၂၃ ရက်နေ့ ညပိုင်းကစပြီး ဒီကနေ့ မနက်ပိုင်း ၃ နာရီအထိ ကယန်းသာယာကျေးရွာထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

အဲ့ဒီလိုပစ်ခတ်တာကြောင့် ကယန်းသာယာတောင်ဘုရားကျောင်းကို လက်နက်ကြီးထိမှန်ခဲ့ပြီး ဘုရားကျောင်းထဲမှာ ပုန်းခိုနေတဲ့ ရွာသားအချို့ ထိခိုက်မှုတွေဖြစ်သွားခဲ့တာပါ။

” လွိုင်ကော်စစ်ကောင်စီတပ် (၂၅၀) တပ်ကနေ လက်နက်ကြီးနဲ့ ပစ်နေတယ်။ ဘုရားကျောင်းထဲမှာ ရွာသားတွေစုနေကြတာသိတော့ ဘုရားကျောင်းကိုလည်း လက်နက်ကြီးနဲ့ပစ်တယ် ရွာသား ၄ ဦးသေဆုံးသွားပါတယ်။ မိန်းကလေး ၃ ဦးနဲ့ ယောကျာ်းလေး ၁ ဦးပါ။ နေအိမ်အချို့လည်း ပျက်စီးသွားပါတယ်။

လွိုင်ကော်မြို့မှာ မနေ့ညပိုင်းက စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တစ်ညလုံး ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

နိုင်ငံတကာ

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက ဘုရားကျောင်း တစ်ခုမှာ လူတွေ အထိတ်တလန့် စုပြုံတိုးဝှေ့ပြီး ပိမိနင်းမိကြလို့ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော် ဒဏ်ရာရခဲ့ပါတယ်။