Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်အရှေ့ဘက်ခြမ်း စစ်တပ်လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံး၊ ၈ဦး ဒဏ်ရာရ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

(လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − CJ)

စက်တင်ဘာ -၆၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

မနေ့က(စက်တင်ဘာ ၅)နေ့လယ် ၁၂ နာရီခွဲ၀န်းကျင်မှာ လွိုင်ကော်-ရှားတောလမ်းပိုင်းအနီးမှာရှိတဲ့နောင်ပုလုကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ‌ပြောပါတယ်။

“ပေါင် ၂၀၀ ဗုံး ၂လုံး ကြဲတယ်။ပြီးတော့ လေယာဉ်ပေါ်ကနေပါ ပစ်တာခတ်တာတွေပါလုပ်ခဲ့တယ်။ကလေး ၂ဦး အပါအ၀င် ၄ဦးသေဆုံးတယ်။၁၁ ဦး ဒဏ်ရာရတယ်။အဲဒီထဲက ၈ဦးက ဒဏ်ရာပြင်းထန် တယ်”လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

လွိုင်ကော်အရှေ့ခြမ်းကို စစ်တပ်က ‌‌၂ရက်ဆက်လေကြောင်းတိုက်ခိုက်မှုလုပ်နေတယ်လို့လည်း သူက အသိပေးပါတယ်။

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေမကျရေး စစ်‌တပ်က လေကြောင်းကနေ အပြင်းအထန်ခုခံတာမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေထဲအထိ ‌ပစ်မှတ်ထားတိုက်ခိုက်မှုတစ်ခုလို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်း ကရင်နီ‌ပြည်နယ်ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်နေတာကြောင့် အရပ်သားပြည်သူတွေ အနေနဲ့ သတိပြုနေထိုင်ကြဖို့ သူက တိုက်တွန်းပါတယ်။

အခုစက်တင်ဘာ ၁ ရက်ကလည်း ကရင်နီပြည်နယ်၊ မော်ချီးဒေသကို စစ်တပ်က လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအ၀င် ၁၅ ဦးထက်မနည်းထိခိုက်သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

မြေပြင်တိုက်ပွဲနဲ့ သင်္ဘောအုပ်စုအထိနာတဲ့အပြင် တံတားကိုစိုးမိုးထိန်းချုပ်နိုင်မှုမရှိတဲ့အခြေအနေမှာ ဗုံးကြဲခြင်းဖြစ်

သတင်း

စစ်ကိုင်းတိုင်း၊ ကလေး-တမူး လမ်းပိုင်းမှာ စစ်တပ်ကို စနိုက်ပါစစ်ဆင်ရေးနဲ့ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို အပြည်ပြည်ဆိုင်ရာဖက်ဆစ်ဆန့်ကျင်ရေး နိုင်ငံတကာတပ်ဦး(AIF Myanmar)က ဒီကနေ့ ထုတ်ပြန်ပါတယ်။