Connect with us

Hi, what are you looking for?

News

ဒီး​မော့ဆိုတွင် KPDF နှင့် စစ်​ကောင်စီတို့ တိုက်ပွဲပြင်းထန်​နေ၊ စစ်​ကောင်စီဘက်မှ တင့်ကားနှစ်စီးကျ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ယနေ့ ​မေလ(၂၅ ရက်) နံနက် ၄ နာရီခန့်ကစ၍ အာဏာ သိမ်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား​နေကြောင်း ကရင်နီပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (KPDF)က ထုတ်ပြန်သည်။

စစ်ကောင်စီဘက်မှ လက်နက်ကြီးများ အသုံးပြုကာ ပစ်ခတ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ပြန် လည်ခုခံ​နေကြောင်း ထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်က စက်သေနတ်၊ တင့်ကား၊ လက်နက်ကြီးများဖြင့်အဆက်မပြတ်ပစ်ခတ်နေပြီး ​ကျေးရွာအတွင်းလက်နက်ကြီးကျရောက်မှုရှိနေ​ကြောင်း ​ဖော်ပြထားသည်။

ထို့အပြင် နံနက်၁၀နာရီအထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်​ကောင်စီဘက်မှ အကျအဆုံးများကာ တင့်ကားနှစ်စီးကျပြီး KPDF ဘက်မှ သုံးဦးဒဏ်ရာရရှိ​ကြောင်း၊ ဆက်သွယ်​ရေးလိုင်းများလည်းဖြတ်​တောက်ခံထားရ​ကြောင်း တိုးတက်​သောကရင်နီပြည်သူ့အင်အားစု PKPFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။