Connect with us

Hi, what are you looking for?

News

တပ်လေယာဉ်ပျက်ကျမှုမှာ စစ်ကောင်စီတပ် အရာရှိ၊ မိသားစုဝင်တွေနဲ့ သံဃာတော်အချို့ပါ

ပြင်ဦးလွင်အနီးစခန်းအနီး လေယာဉ်ပျက်ကျလို့ ၁၂ ဦးသေဆုံးသွားတယ်လို့ မန္တလာမြေမှ မီးသတင်းများ ဖေ့စ်ဘွတ်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။

လေယာဉ်ပေါ်မှာ ၁၆ ဦးခန့်ပါလာတာဖြစ်ပြီး ၁၂ ဦးသေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့မနက်အစောပိုင်းက ပျက်ကျခဲ့တာဖြစ်ပြီး နယ်မြေခံမီးသတ်ကားတွေနဲ့ လူနာတင်ယဉ်တွေ အခင်းဖြစ်တဲ့နေရာကို သွားရောက်နေတယ်လို့လည်း ရေးသားထားပါတယ်။

ကနဦးထွက်ပေါ်လာတဲ့သတင်းတွေအရ အဲဒီလေယာဉ်ဟာ နေပြည်တော်ကနေ ပြင်ဦးလွင်ကို စာသင်တိုက်ပန္နတ်တော်တင်အခမ်းအနားလုပ်ဖို့ သံဃာတော်တွေနဲ့ အလှူရှင်တွေလိုက်ပါလာပြီး ပြင်ဦးလွင်အနီးစခန်းလေဆိပ်ကို ဆင်းသက်ချိန်မှာ ရာသီဥတုဆိုးရွားမှုကြောင့် ပျက်ကျသွားတာဖြစ်တယ်လို့ လည်းကြားသိရပါတယ်။

စစ်ကောင်စီတပ်အရာရှိနဲ့ အခြားအဆင့်တွေအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးပါဝင်ပြီးတော့ သံဃာ နှစ်ပါးနဲ့ တပ်မိသားစုတွေပါဝင်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီမနက်ဆိုရှယ်မီဒီယာမှာ တက်လာတဲ့ လေယာဉ်ပျက်ပုံတွေက ဒီမနက်ပျက်ကျတဲ့လေယာဉ်အမှန်ဆိုရင် အဲဒီလေယာဉ်အမျိုးစားတူတစ်စင်း ၂၀၁၆ ခုနှစ်က နေပြ်တော် လယ်ဝေးက လယ်ကွင်းထဲကို ပျက်ကျခဲ့ဖူးပြီးတော့ လေယာဉ်ပေါ်ပါလာတဲ့ လေးဦးစလုံး ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပုံထဲက လေယာဉ်ဟာ Beech 1900D သယ်ယူပို့ဆောင်ရေးလေယာဉ်အမျိုးအစားဖြစ်ပြီးတော့ စစ်တပ်က အရာရှိတွေ သုံးလေ့ရှိတဲ့လေယာဉ်ဖြစ်တယ်လို့ လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။