Connect with us

Hi, what are you looking for?

News

စစ်တပ်​ခေါင်း​ဆောင်နှင့် စစ်​ကောင်စီ​အဖွဲ့ကို မြန်မာနိုင်ငံ၏​ ခေါင်း​ဆောင်များဟု တရုတ်သုံးနှုန်းမှု အရပ်ဖက်အဖွဲ့ ၄၀၀​ ကျော် ကန့်ကွက်

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ၎င်း၏ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီ(SAC)ကို မြန်မာနိုင်ငံ၏ ခေါင်းဆောင်များအဖြစ် တရုတ်နိုင်ငံက သုံးနှုန်းခြင်းကို အရပ်ဖက်အဖွဲ့ပေါင်း ၄၂၆ ဖွဲ့နှင့် မြန်မာပြည်သူများက အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ယနေ့(ဇွန် ၁၀ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

တရုတ်နိုင်ငံ ချုံကင်း၌ ကျင်းပခဲ့သော တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအ စည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားရာတွင် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံခေါင်းဆောင်အဖြစ် ဖော်ပြခဲ့ခြင်းဖြစ်သည်။

တရုတ်သည် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကျော်လွှာနိုင်ရေးအတွက် စီးပွား ရေးအကူအညီပေးရန်ကတိပြုခြင်းဖြင့် မြန်မာပြည်တွင်းရေးကို အလွန်အကျွံ ကြားဝင်စွက်ဖက် ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးကို ကြီးမားစွာ ခြိမ်းခြောက်ခြင်းလည်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“လက်ရှိအကျပ်အတည်းကို ဖြေရှင်းဖို့တစ်ခုတည်းသောနည်းလမ်းက မြန်မာပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့နဲ့ ရွေးကောက်ခံအစိုးရကို ပြန်လည်နေရာပေးဖို့ပါ။ မင်းအောင်လှိုင်က အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်စဲဖို့၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ တိုင်းပြည် အနာဂတ်အတွက် ရေရှည်တည်တံ့တဲ့အဖြေဆီ ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တရုတ် အနေနဲ့ လုပ်ဆောင်သင့်ပါတယ်” ဟု ဆက်လက်ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီထံ အိတ်ဖွင့် ပေးစာ ပေးပို့ခဲ့ပြီး ယင်းစာ၌ မင်းအောင်လှိုင်သည် တိုင်းပြည်၏ တရားဝင်ခေါင်းဆောင်မဟုတ်ဘဲ တိုင်း ပြည်ကို ထိန်းချုပ်ရန် အကြမ်းဖက်မှုများကျူးလွန်ကာ ၎င်း၏ ကျရှုံးသော ကြိုးပမ်းမှုများကြောင့် မြန်မာနိုင်ငံသားထောင်နှင့်ချီသေဆုံးခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ တစ်သိန်းကျော် ရှိနေပြီဖြစ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။