Connect with us

Hi, what are you looking for?

News

ရွေးကောက်ခံအမတ်တွေ ပြည်သူ့တာဝန် ထမ်းဆောင်လို့မရအောင် စစ်ကောင်စီလုပ်နေတယ်လို့ ဒီချုပ်ပါတီထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီက ဒီချုပ်ပါတီရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို CRPH၊ NUG၊ PDF တွေမှာပါဝင်ပတ်သက်တာမရှိဘူးလို့ ဖိအားပေးခြိမ်းခြောက်ပြီး ခံဝန်တွေထိုးခိုင်းနေတာဟာ တရားမဝင်ဘူးလို့ ဒီချုပ်ပါတီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၂၀ နိုင်ဝင်ဘာ ၈ ရက်မှာ ကျင်းပပြီးစီးခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ခံထားရတဲ့ ဒီချုပ်ပါတီ ကိုယ်စားလှယ်တွေကို ပြည်သူလူထုကတရားဝန်ပေးအပ်ထားတဲ့ တာဝန်တွေ မထမ်းဆောင်နိုင်အောင် ဆောင်ရွက်လာတာကို တွေ့ရတယ်လို့လည်း ထုတ်ပြန်ကြေညာချက်က ဆိုပါတယ်။

ဒီချုပ်ပါတီ အမတ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်ဆီကနေ လွှတ်တော်ကိုယ်စားလှယ်အသိအမှတ်ပြုလွှာရရှိထားပြီးဖြစ်ကာ ဖေဖော်ဝါရီ ၅ ရက်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်အစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

အဲဒီလွှတ်တော်အစည်းအဝေးကနေပြီးတော့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကိုဖွဲ့စည်းတာဝန်ပေးအပ်ပြီး လွှတ်တော်ဆိုင်ရာလုပ်ငန်းတွေကို ပြည်တွင်းပြည်ပ ထောက်ခံမှုတွေနဲ့အတူ ဆောင်ရွက်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် စစ်ကောက်စီက ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို တရားဝင်ရပ်တည်ခွင့်မရှိသေးတဲ့ ပုဂိုလ်တွေလို့ သတ်မှတ်ထားပြီး CRPG NUG PDF တို့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဖိအားပေးခြိမ်းခြောက်လက်မှတ်ရေးထိုးခိုင်းတာတွေကို လိုက်နာဆောင်ရွက်ဖို့ လုံးဝမလိုဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။