Connect with us

Hi, what are you looking for?

News

အနုပညာရှင်များ ရုပ်ရှင်အစည်းအရုံးမှနှုတ်ထွက်

“မိမိသဘောအရ ကုတ်ကပ်ဆက်နေကြသူများ ဒီစာရင်းတွင်(လုံးဝ)မပါရှိပါ။ စာကြွင်း/ တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိနေပါသေးတယ်” ဟု ဆင်မက ရုပ်ရှင်အစည်းအရုံးတွင် ကပ်ထားသည့်စာရွက်များနှင့်အတူမျှ​ဝေထားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှုတ်ထွက်သူများစာရင်းကြေညာထားကြောင်း အဆိုပါစာရင်းတွင် ပါသည့် ဟာသသရုပ်ဆောင်ဆင်မက ၎င်း၏ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အသိ​ပေးထားသည်။

“မိမိသဘောအရ ကုတ်ကပ်ဆက်နေကြသူများ ဒီစာရင်းတွင်(လုံးဝ)မပါရှိပါ။ စာကြွင်း/ တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိနေပါသေးတယ်” ဟု ဆင်မက ရုပ်ရှင်အစည်းအရုံးတွင် ကပ်ထားသည့်စာရွက်များနှင့်အတူမျှ​ဝေထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်အပေါ် ရုပ်ရှင်အစည်းအရုံးက နှုတ်ဆိတ်နေသောကြောင့် ဖေဖော်ဝါရီအတွင်းက အစည်းအရုံးဝင်အချို့နှုတ်ထွက်ခဲ့သလို သရုပ်ဆောင်ခန့်စည်သူကို ယာယီဥက္ကဌ အဖြစ်ခန့်အပ်လိုက်ကြောင်း ကြေညာသည့် အချိန်တွင်လည်း အစည်းအရုံးဝင်အချို့နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ယင်းစာရင်း၌ မင်းမော်ကွန်း ၊ ခင်လှိုင် ၊ ကိုပေါက်၊ သည်ခေတ်နေ ၊ နေရဲ ၊တိုင်ရွန် ၊သဇင်ထူးမြင့် ၊ ချမ်းမေမြတ်နိုး စသည့်အနုပညာရှင်များအပါအဝင် အလွှာအသီးသီးမှ အနုပညာရှင်များပါဝင်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီလက်အောက်ခံ ခင်ဗျားတို့ရုပ်/စည်းထဲမှာ ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာလည်း ကြိုမြင်နေတာတစ်ခုရှိတယ်။ဘယ်သူဘာဆိုတာ အကုန်လုံးလည်းမြင်ရတော့မှာပါ။ရုပ်ရှင်လိုပဲပြောရရင် မကြာမီမျှော်ပေါ့ဗျာ။ “စစ်တပ်နိုင်ငံရုပ်ရှင်အစည်းအရုံး” ဟု ဒါရိုက်တာ သည်ခေတ်နေကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွက် ရေးသားထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။