Connect with us

Hi, what are you looking for?

LuduNwayOo

News

အနုပညာရှင်များ ရုပ်ရှင်အစည်းအရုံးမှနှုတ်ထွက်

“မိမိသဘောအရ ကုတ်ကပ်ဆက်နေကြသူများ ဒီစာရင်းတွင်(လုံးဝ)မပါရှိပါ။ စာကြွင်း/ တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိနေပါသေးတယ်” ဟု ဆင်မက ရုပ်ရှင်အစည်းအရုံးတွင် ကပ်ထားသည့်စာရွက်များနှင့်အတူမျှ​ဝေထားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက နှုတ်ထွက်သူများစာရင်းကြေညာထားကြောင်း အဆိုပါစာရင်းတွင် ပါသည့် ဟာသသရုပ်ဆောင်ဆင်မက ၎င်း၏ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အသိ​ပေးထားသည်။

“မိမိသဘောအရ ကုတ်ကပ်ဆက်နေကြသူများ ဒီစာရင်းတွင်(လုံးဝ)မပါရှိပါ။ စာကြွင်း/ တရားဝင် နှုတ်ထွက်သူများစွာ ကျန်ရှိနေပါသေးတယ်” ဟု ဆင်မက ရုပ်ရှင်အစည်းအရုံးတွင် ကပ်ထားသည့်စာရွက်များနှင့်အတူမျှ​ဝေထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်အပေါ် ရုပ်ရှင်အစည်းအရုံးက နှုတ်ဆိတ်နေသောကြောင့် ဖေဖော်ဝါရီအတွင်းက အစည်းအရုံးဝင်အချို့နှုတ်ထွက်ခဲ့သလို သရုပ်ဆောင်ခန့်စည်သူကို ယာယီဥက္ကဌ အဖြစ်ခန့်အပ်လိုက်ကြောင်း ကြေညာသည့် အချိန်တွင်လည်း အစည်းအရုံးဝင်အချို့နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

ယင်းစာရင်း၌ မင်းမော်ကွန်း ၊ ခင်လှိုင် ၊ ကိုပေါက်၊ သည်ခေတ်နေ ၊ နေရဲ ၊တိုင်ရွန် ၊သဇင်ထူးမြင့် ၊ ချမ်းမေမြတ်နိုး စသည့်အနုပညာရှင်များအပါအဝင် အလွှာအသီးသီးမှ အနုပညာရှင်များပါဝင်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီလက်အောက်ခံ ခင်ဗျားတို့ရုပ်/စည်းထဲမှာ ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာလည်း ကြိုမြင်နေတာတစ်ခုရှိတယ်။ဘယ်သူဘာဆိုတာ အကုန်လုံးလည်းမြင်ရတော့မှာပါ။ရုပ်ရှင်လိုပဲပြောရရင် မကြာမီမျှော်ပေါ့ဗျာ။ “စစ်တပ်နိုင်ငံရုပ်ရှင်အစည်းအရုံး” ဟု ဒါရိုက်တာ သည်ခေတ်နေကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ်တွက် ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(အောက်တိုဘာ ၂၃ရက်) ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက သွားလာရေးခက်ခဲနေသည့်ကြားမှ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာ နှစ်ရွာသွားရောက်ပြီး အဆို၊အကများဖြင့် တော်လှန်ရေးရံပုံငွေပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သပိတ်ကော်မတီက အသိပေးသည်။

သတင်း

KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများလည်း နေ့စဉ်နီးပါးလုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင်အတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ် ရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၀၉ ဦးသေဆုံးကာ ၈၂ဦး ဒဏ်ရာရခဲ့ကြောင်း တပ်မဟာ(၅)က အသိပေးထားသည်။

သတင်း

ပဇီကြီးကျေးရွာဖြစ်စဉ် နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည့် အနုပညာရှင်များအနက် သရုပ်ဆောင်မေပန်းချီသည် ဇွန်လအတွင်းက အလုပ်နှင့်ထောင်ဒဏ် သုံးနှစ် ကျခံရန်မတရား အမိန့်ချမှတ်ခံရသူဖြစ်သည်။

သတင်း

အိန္ဒိယနိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌ ကတော့ သူအနေနဲ့ အသင်းဥက္ကဋ္ဌ တစ်ဦးအနေနဲ့ သွားရောက်တာမဟုတ်ကြောင်း ၊ ဒါအပြင် အသင်းရဲ့အဖွဲ့ဝင် သတင်းသမားတစ်ဦးအနေနဲ့ခရီးသွားတာ ၊ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံတာတွေအပါ် ကန့်သတ်ထားတာမျိုးလည်းမရှိဘူးလို့ ဝေဖန်မှုတွေအပေါ် တုံ့ပြန်ထားပါတယ်။