Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် ၎င်တို့ဆက်စပ်သည့် ကုမ္ပဏီများကိုထပ်တိုးအ​ရေးယူပိတ်ဆို့​ကြောင်း ယူ​ကေအစိုးရ​ကြေညာ

ယူကေအစိုးရက “မြန်မာနိုင်ငံမှာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကို ဆိုင်းငံ့ထားမှာဖြစ်ပြီး မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေမယ့် ကုန်သွယ်မှုဆက်ဆံရေးကို ရှောင်ရှားနိုင်စေရန်အတွက် ယူကေစီးပွားရေးလုပ်ငန်းတွေကို အကြံပေးမှုများ အားဖြည့်ဆောင်ရွက်ပေးမှာဖြစ်တယ်”ဟု ​ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်းတို့နှင့်ဆက်စပ်လျက်ရှိသော ကုမ္ပဏီများအပေါ် ထပ်တိုးအရေးယူပိတ်ဆို့မှုများကို ယူ​ကေအစိုးရက ကြေညာလိုက်သည်။
အာဏာသိမ်းစစ်အစိုးရ၏ အဓိက၀င်ငွေရလမ်းများဖြစ်ကြသည့် သစ်လုပ်ငန်းနှင့် ပုလဲလုပ်ငန်းတို့မှအကျိုးအမြတ်များကို စစ်အစိုးရ မရရှိစေရန် ပိတ်ဆို့နိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုများကို ချမှတ်သွားမည်ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ယူ​​ကေသံရုံးက ထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံခြားရေး၀န်ကြီး ဒေါမနစ်ရဲဘ်က –
“မြန်မာစစ်အာဏာရှင်နဲ့ ဆက်စပ်လျက်ရှိတဲ့ ကုမ္ပဏီတွေကို ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေနဲ့အတူ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ဆောင်ရွက်သွားမှာဖြစ်ပြီး တရားမ၀င်အစိုးရရဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေကိုလည်း ပစ်မှတ်ထားလုပ်ဆောင်သွားမှာ ဖြစ်တယ်။

စစ်တပ်ဟာ ဒီမိုကရေစီကို ဖြိုဖျက်ခြင်းနဲ့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ဆက်လက်ပြုလုပ်နေတာဖြစ်တယ်။ ဒီမိုကရေစီကို ပြန်လည်မတည်ဆောက်မချင်း အာဏာရှင်စစ်အစိုးရကို ၎င်းတို့ရဲ့လုပ်ရပ်အတွက် တာ၀န်ယူခိုင်းမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်မှုတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်။

မြန်မာနိုင်ငံအတွင်း ယူကေနိုင်ငံရဲ့ ကုန်သွယ်ရေးသုံးသပ်မှုရလဒ်ကို ၀န်ကြီးက ကြေညာခဲ့ပြီးဖြစ်တယ်။ ယင်းရလဒ်ဟာ ယူကေစီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့မှာ အရေးပါတဲ့အခန်းကဏ္ဍမှ ဆက်လက်ပါ၀င်နိုင်ဖို့အတွက် အဓိကအလေးပေးဖော်ပြထားသော်လည်း၊ စစ်အာဏာရှင်ကို အမှုမဲ့အမှတ်မဲ့ အထောက်အပံ့ဖြစ်စေမယ့်ကိစ္စရပ်တွေကို ရှောင်ရှားပြီး လုပ်ငန်းဆောင်တာတွေကို စဥ်းစားချင့်ချိန် ဆောင်ရွက်သွားရမှာဖြစ်တယ်။

Public Service Announcement

Public Service Announcement

ယူကေအစိုးရက “မြန်မာနိုင်ငံမှာ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်ရေးကို ဆိုင်းငံ့ထားမှာဖြစ်ပြီး မြန်မာစစ်တပ်ကို အကျိုးဖြစ်ထွန်းစေမယ့် ကုန်သွယ်မှုဆက်ဆံရေးကို ရှောင်ရှားနိုင်စေရန်အတွက် ယူကေစီးပွားရေးလုပ်ငန်းတွေကို အကြံပေးမှုများ အားဖြည့်ဆောင်ရွက်ပေးမှာဖြစ်တယ်”ဟု ​ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို ဆန့်ကျင်​​တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ (စက်တင်ဘာ ၁)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။