Connect with us

Hi, what are you looking for?

News

အရပ်သားများအ​ပေါ် အာဏာသိမ်း စစ်တပ်က တိုက်ခိုက်မှုများအ​ပေါ် ကုလပြင်းထန်စွာရှုတ်ချ

အရပ်သားပြည်သူတွေ အထူးသဖြင့် အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ကြီး မားကျယ်ပြန့်ပြီး စနစ်တကျတိုက်ခိုက်မှုတွေကို ပြင်းထန်စွာရှုတ်ချတယ်လို့ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Pramila Patten က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခံရကြောင်း အစီရင်ခံစာတွေအပေါ် အလွန်အမင်းစိုးရိမ်မိတယ်လို့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ အထက်ပါကုလအထူးကိုယ်စားလှယ်က ဇွန် ၂၅ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ထိန်းသိမ်းခံထားရတဲ့အခြေအနေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအစီရင်ခံစာတွေ ထွက်ပေါ် လာတာဟာ အလွန်ပဲစိတ်ပျက်စရာကောင်းပါတယ်။ အမျိုးသမီးတွေအပေါ်ကျူးလွန်တဲ့ အကြမ်း ဖက်မှုပုံစံအားလုံးကို အဆုံးသတ်ဖို့ ကျွန်မတောင်းဆိုပါတယ်။ နောက်ပြီး ဒီစွပ်စွဲချက်အစီရင်ခံစာ တွေကို လွတ်လပ်စွာစုံစမ်းစစ်ဆေးနိုင်ရေး ချက်ချင်းခွင့်ပြုပေးဖို့တောင်းဆိုပါတယ်” လို့ အထူးကိုယ်စားလှယ် Ms. Patten က ပြောပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကစလို့ ပြင်းထန်တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိခဲ့ပြီး ညဘက်စီးနင်းတိုက်ခိုက်ခြင်းတွေ၊ မတရားသဖြင့်ဖမ်းဆီးခြင်းတွေ၊ မြို့နယ်တွေနဲ့ ရပ်ကွက်တွေကို တပ်ချထားခြင်းတွေ၊ ထိန်းသိမ်းခံရစဉ် ညှင်းပန်းနှိပ်စက်ခြင်းနဲ့ သေဆုံးရခြင်းတွေ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် အရပ်သားတွေ စုဝေးရာ ဒါမှမဟုတ် တိမ်းရှောင်ရာ နေရာတွေကို တိုက်ခိုက်ခြင်းတွေ၊ ထိန်းသိမ်းထားတဲ့နေရာတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့အစီရင်ခံစာတွေ၊ တစ်ဦးချင်း အလိုက် လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက်ကျူးလွန်တာ၊ ညှင်းပန်းနှိပ်စက်တာ၊ ရုပ်ပိုင်းဆိုင် ရာနဲ့ နှုတ်နဲ့ စော်ကားတာ၊ ခြိမ်းခြောက်တာတွေဟာ နေ့စဉ်ဘ၀ရဲ့ စိုးရိမ်စရာအကြောင်းအရာ ဖြစ်လာတယ်လို့ ကုလအထူးကိုယ်စားလှယ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စွပ်စွဲချက်အစီရင်ခံစာတွေဟာ ကျူးလွန်သူ၊ အမိန့်ပေးသူနဲ့ သက်ညှာခွင့်ပေးသူတွေအတွက် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုဥပဒေကို ချိုးဖောက်ကျူးလွန်ဖို့ သဘောသက်ရောက်နိုင်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်သတိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိတ္ထီလာခရိုင်ထဲကမလှိုင်မြို့နယ်မှာတိုက်ပွဲဖြစ်တာမရှိဘဲ အာဏာသိမ်းစစ်တပ်ကစက်တပ်လေထီးနဲ့ ဗုံးကြဲတာကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းဇူလိုင်လ ၃၁ ရက်ညနေပိုင်းကအသက် ၆၀ အရွ​ယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်လို့ နယ်ခံအချို့ဆီကသိရပါတယ်။

ဆောင်းပါး

Tiktok လူမှုကွန်ရက်မှာ အမျိုးသမီးကြီးတစ်ဦးဟာ ဓါတ်ပုံလေးတွေကိုင်ပြီး ငိုကြွေးနေတဲ့ရုပ်သံတွေ တက်လာခဲ့ပါတယ်။ အဆိုပါအမျိုးသမီးကြီးဟာ ဒလမြို့နယ်ကဖြစ်ပြီး ၎င်းရဲ့သားနဲ့သမက်အပါအဝင် ယောကျာ်းလေး ၄ ဦး ပျောက်ဆုံးသွားတဲ့အတွက် Tiktok ကနေ အကူအညီတောင်းခံနေတာပါ။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။