Connect with us

Hi, what are you looking for?

News

ဟာခါးနှင့် ဖလမ်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ခန့်သေဆုံးဟု CDF ထုတ်ပြန်

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း၌ ဇွန်လ ၂၉ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၂နာရီခန့် ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း CDF(ဖလမ်း)က သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့၌ ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့်သေဆုံးကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) က သတင်းထုတ်ပြန်သည်။

ဟားခါးမြို့နယ် ဘွန်ဇွမ်း နယ်မြေရဲစခန်းကို CDF(ဟားခါး)တပ်ဖွဲ့ဝင်များက ဇွန်လ ၂၉ရက် မနက်က သွား ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ၅နာရီခန့်ကြာမြင့်သည့် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကိုင်များ ဖြစ်သော ရဲတပ်သားနှင့် စစ်သား ၂၀ ခန့် သေဆုံးခဲ့ပြီး CDF ဘက်မှ ဒဏ်ရာရသူ တစ်ဦးသာရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

“ပစ်ရတဲ့အကြောင်းအရင်းက တရားမဝင်သစ်ထုတ် လုပ်မှုတွေ လုပ်တာရယ် ပြီးတော့ စစ်အာဏာရှင် စနစ်ကို အားပေးပြီး ထောက်ခံပြီး ပြည်သူကို ခြိမ်းခြောက်တဲ့ဟာကို ကျွန်တော်တို့ တုံ့ပြန်တဲ့အနေနဲ့သွားပစ်တာပါ” ဟု CDF ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး ညနေပိုင်းတွင် စစ်ကောင်စီဘက်က ရဟတ်ယာဉ်တစ်စီးဖြင့်လာရောက်၍ အလောင်းများနှင့် ဒဏ်ရာရသူများကို သယ်သွားကြောင်း၊ အဆိုပါဒေသ၌ စစ်အင်အားလည်း ဖြည့်တင်းထားကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်း၌ ဇွန်လ ၂၉ရက်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၂နာရီခန့် ပစ်ခတ်မှုဖြစ်ပွားရာ စစ်ကောင်စီလက်နက်ကိုင် ၂၀ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားကြောင်း CDF(ဖလမ်း)က သတင်းထုတ်ပြန်သည်။

CDF(ဖလမ်း)တပ်ဖွဲ့ဝင် ၄ဦးကျဆုံးခဲ့ပြီး ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ CDF(ဖလမ်း) တပ်ဖွဲ့များရှိရာသို့ စစ်ကောင်စီက ထိုးစစ်ဆင်ရန် အင်အားအများအပြားဖြင့် ကျုးကျော်ဝင်ရောက်လာ၍ ခုခံကာကွယ် ပစ်ခတ်ခဲ့ကြောင်း၊ လတ်တလောတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားသော်လည်း တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်ကြောင်း CDF(ဖလမ်း)က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ အရက်ဘား မီးလောင်မှုကြောင့် သေဆုံးသူဟာ ၃၀ ထိ မြင့်တက်လာကြောင်း သိရပါတယ်။