Connect with us

Hi, what are you looking for?

LuduNwayOo

News

ကြက်​တောင်အားကစားမယ်သက်ထားသူဇာ တိုကျိုအိုလံပစ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိ

သက်ထားသူဇာသည် အိုလံပစ်ကြက်တောင်ပြိုင်ပွဲ၏ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး နိုင်ငံအလိုက် ကိုယ်စားပြု အမျိုးသား ကစားသမား ၈၇ ဦး နဲ့ အမျိုးသမီးကစားသမား ၈၆ ဦး ကိုရွေးချယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

မြန်မာ့လက်ရွေးစင်ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ၂၀၂၀ တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိကြောင်း ကမ္ဘာ့ကြက်တောင်အားကစားအဖွဲ့ချုပ် (BWF) က ထုတ်ပြန် ကြေညာသည်။

သက်ထားသူဇာသည် အိုလံပစ်ကြက်တောင်ပြိုင်ပွဲ၏ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး နိုင်ငံအလိုက် ကိုယ်စားပြု အမျိုးသား ကစားသမား ၈၇ ဦး နဲ့ အမျိုးသမီးကစားသမား ၈၆ ဦး ကိုရွေးချယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

”သက်ထား နှစ်တွေချီပြီး မျှော်လင့်နေတဲ့ အိမ်မက်တကယ်ဖြစ်လာပါပြီ။ Tokyo 2020 Olympic ကို တကယ်ဝင်ခွင့်ရခဲ့ပါပြီ။ အားလုံးခက်ခဲနေကြတဲ့အချိန် စိတ်တွေညစ်ညူးနေရတဲ့အချိန်လေးမှာ ခဏလေးပဲဖြစ်ဖြစ် ပြုံးနိုင်‌အောင်လို့ပါ။ သက်ထားက မြန်မာပြည်သူပြည်သားအားလုံးအတွက် အကောင်းဆုံးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမှာပါ။ သက်ထားရဲ့ အောင်မြင်မှုတွေဟာ မြန်မာပြည်သူပြည်သားအားလုံးရဲ့ အောင်မြင်မှုတွေပါပဲ” ဟု သက်ထားသူဇာက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၂၀ အိုလံပစ် အားကစားပြိုင်ပွဲကို လာမည့် ဇူလိုင် ၂၃ ရက်မှ သြဂုတ် ၈ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပမည် ဖြစ်ပြီး ကြက်တောင်အားကစားပြိုင်ပွဲသည် ဇူလိုင် ၂၄ ရက်တွင် စတင်ယှဥ်ပြိုင်ရမည် ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နည်းပြဖြစ်သူ ဆူရာယာ အက်ဖ်ဇာလီ (အမည်လွှဲ)က ဟာကီမီရဲ့ မိသားစုဟာ တာလီဘန်တွေ ခြိမ်းခြောက်ထားလို့ အခုလို စိတ်နှလုံး မချမ်းမြေ့စရာ ကိစ္စကို လူသိရှင်ကြား ထုတ်မပြောဘဲ နှုတ်ဆိတ်နေရကြောင်းလည်း ဆိုပါတယ်။

News

ဂျပန်နိုင်ငံမှာ တိုကျိုမြို့မှာ ကျင်းပနေတဲ့ အိုလံပစ်ပြိုင်ပွဲဟာ ဒီနေ့ ညနေပိုင်းမှာ ပြီးစီးသွာပြီဖြစ်ပြီး အမေရိကန် နိုင်ငံက ဆုတံဆိပ်အများဆုံးရရှိသွားပါတယ်။

ဗီဒီယို

ဂျပန် နိုင်ငံတိုကျို မြို့တွင် ယ​နေ့ကျင်းပ​သော တိုကျိုအိုလံပစ် ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်​ကောင်စီ ကိုယ်စားပြု သွား​ရောက်ယှဥ်ပြိုင်​သော အားကစားသမားနှစ်ဦး တက်​ရောက်ခြင်းမရှိ​​ပေ။