Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် ဘောလီဘော အားကစားမယ် တစ်ဦးကို တာလီဘန်တွေ ခေါင်းဖြတ်

နည်းပြဖြစ်သူ ဆူရာယာ အက်ဖ်ဇာလီ (အမည်လွှဲ)က ဟာကီမီရဲ့ မိသားစုဟာ တာလီဘန်တွေ ခြိမ်းခြောက်ထားလို့ အခုလို စိတ်နှလုံး မချမ်းမြေ့စရာ ကိစ္စကို လူသိရှင်ကြား ထုတ်မပြောဘဲ နှုတ်ဆိတ်နေရကြောင်းလည်း ဆိုပါတယ်။

အာဖဂန် နစ္စတန် လက်ရွေးစင် ဘော်လီဘောမယ် မိန်းကလေး တစ်ဦးကို တာလီဘန်တွေက ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။

မာဂျာဘင် ဟာကီမီဟာ အာဖဂန် အငယ်တန်း ဘော်လီဘော အားကစားမယ် တစ်ဦးဖြစ်ပြီး လက်ရွေးစင် အဆင့်မှာလည်း ရွေးချယ် ခံခဲ့ရဖူးပါတယ်။ တာလီဘန် စစ်သွေးကြွတွေက အာဖဂန် တစ်နိုင်ငံလုံးကို ထိန်းချုပ် သိမ်းပိုက်လိုက်တဲ့နောက် အခုလ အစောပိုင်းမှာ ဟာကီမီကို သတ်ဖြတ်ခဲ့တာလို့ သူ့ရဲ့ နည်းပြက Persian Independent သတင်းဌာနကို အတည်ပြု ပြောကြားသွားပါတယ်။

နည်းပြဖြစ်သူ ဆူရာယာ အက်ဖ်ဇာလီ (အမည်လွှဲ)က ဟာကီမီရဲ့ မိသားစုဟာ တာလီဘန်တွေ ခြိမ်းခြောက်ထားလို့ အခုလို စိတ်နှလုံး မချမ်းမြေ့စရာ ကိစ္စကို လူသိရှင်ကြား ထုတ်မပြောဘဲ နှုတ်ဆိတ်နေရကြောင်းလည်း ဆိုပါတယ်။

ဟာကီမီဟာ ကဘူးလ် မြူနီစီပယ် ဘော်လီဘော ကလပ်မှာ ပါဝင် ကစားနေခဲ့ပြီး အသင်းရဲ့ နာမည်ကျော် ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ပါတယ်။ နောက်တော့ အာဖဂန်မှာ သမ္မတ အက်ရှ်ရက်ဖ် ဂါနီရဲ့ အစိုးရအဖွဲ့ ပြုတ်ကျပြီး တာလီဘန်တွေ ကြီးစိုးလာတဲ့နောက် ပြည်တွင်းက လူသိများတဲ့ အားကစားမယ်တွေ အထိတ်တလန့်နဲ့ ထွက်ပြေး တိမ်းရှောင်ဖို့ ကြိုးစားလာရပါတယ်။

Public Service Announcement

Public Service Announcement

ဘာသာရေး အစွန်းရောက် စစ်သွေးကြွ အဖွဲ့တစ်ခုဖြစ်တဲ့ တာလီဘန်ဟာ အမျိုးသမီးတွေ အားကစား လိုက်စားခြင်းကို ကြီးမားတဲ့ ပြစ်မှု တစ်ခုအနေနဲ့ ရှုမြင်ပါတယ်။ အာဖဂန် အားကစားမယ်တွေကို ပြည်ပနိုင်ငံ တချို့က လက်ခံ ခိုလှုံခွင့် ပေးနေပေမယ့် ဟာကီမီကတော့ ကံမကောင်းခဲ့ဘဲ ကဘူးလ်မှာ ပိတ်မိနေခဲ့ပါတယ်။

တာလီဘန်တွေက ကဘူးလ်ကို ထိန်းချုပ်လိုက်ချိန်ကစပြီး အမျိုးသမီး အားကစားမယ်တွေကို အညှိုးတကြီး လိုက်လံ ရှာဖွေနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဘော်လီဘော မယ်တွေရော၊ တခြား အားကစား မယ်တွေပါ လက်ရှိ အခြေအနေမှာ စိုးရိမ် ချောက်ချားစိတ်တွေနဲ့ ရှင်သန်နေရကြောင်း အက်ဖ်ဇာလီက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)နဲ့ ကာတာ အစိုးရတို့ဟာ အာဖဂန်က အမျိုးသမီး ဘောလုံး အားကစားမယ် ၁၀၀ လောက်နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အောင်အောင်မြင်မြင် ခေါ်ထုတ်ပြီး ကာတာမှာ ခိုလှုံခွင့် ပြုခဲ့ပါတယ်။

အာဖဂန်ကို တာလီဘန်တွေ သိမ်းပိုက်လိုက်ချိန် ကတည်းက အားကစား၊ နိုင်ငံရေးနဲ့ လူမှုရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းသွားသလို မိန်းကလေး အများစုလည်း အလယ်တန်းအဆင့် ပညာသင်ကြားခွင့် တားမြစ်ခံခဲ့ရကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။